5 ယေရှုဟ သူလို့အား “သတိထားပါ၊ စသူမှ နင်လို့ဟို မလှည့်စားပါစေနဲ့။
“ဟေအရာများ ပစာအခါတွင် ဖြစ်ပျက်လိမ့်မလဲ၊ ပင်းတော့ သူလို့အားလုံး ပြေ့စုံတော့မယ့် ပစာနိမိတ်များ ဘာလဲ၊ အကျွန်ုပ်လို့အား ပြောပါ၊”
ရမ်းဆာ့သော လူလို့ဟ ငါရဲ့ နာမနဲ့ လာကြလိမ့်မယ်၊ ‘ငါဟ သူဖြစ်အယ်’ ကြွေးကြော်ယွေ့၊ ရမ်းဆာ့သော လူလို့ဟို လှည့်စားကြလိမ့်မယ်။
ယေရှုဟ “နင်လို့ဟ လှည့်စားခြင်း မခံရကြစေရန် သတိပြုကြလော့။ အကျောန်းမှာ ငါ့နာမဟို အမှီပြုယွေ့ ‘ငါဟ အဲသူဖြစ်အယ်၊ အချိန်နီးကပ်လာပီ’ ဟု ဆိုလျက် လာကြလိမ့်မယ်။ အေးသူလို့ရဲ့ နောက်ဟို မလိုက်ကြနဲ့။
အလွဲမယူကြနဲ့။ “မကောင်းသောသူလို့နဲ့ အပေါင်းဖော်အားဖြင့် ကောင်းသောအကျင့်များ ယိုယွင်းတတ်အယ်။”
အကျိုးမဲ့သော စကားဖြင့် နင်လို့ကို စသူမျှ မလှည့်စားစေနဲ့။ ဟေအရာများကျောန့် ဘုရားသခင်ရဲ့ အူထော့တာဟ မနာခံသောသူလို့အပေါ်ဟို ရောက်လိမ့်မယ်။
ခရစ်တော်ဆေမှ မဟုတ်ဘဲ လူလို့ရဲ့ ထုံးတမ်းစဉ်လာမှလည်းကောင်း၊ လောကဟို အုပ်ချုပ်သော ဝိညာဉ်တော်များဆေမှ လည်းကောင်း၊ လက်ဆင့်ကမ်းလဲ့ အလကားကားသော လှည့်စားခြင်းအားဖြင့် စသူမျှ နင်လို့အား မလွှမ်းမိုး မသိမ်းသွင်းစေရန် သတိပြုကြလော့။
စသူကမှ နင်လို့ဟို ပစာနည်းနဲ့မှ မလှည့်စားစေနဲ့။ အကျောန်းမှာ ဖောက်ပြန်သင်းခွဲခြင်း ဦးရင်ဖြစ်ယွေ့၊ မတရားသောသူ တည်းဟူသော ပျက်စီးခြင်းရဲ့ သား မပေါ်လာခင် အေးနေ့ရက် ရောက်လာလိမ့်မယ် မဟုတ်။
ချစ်ရသောသူလို့၊ ဝိညာဉ်တော် ခံယူရဆိတာဟု ဆိုသူတိုင်းဟို မယုံကြနဲ့။ သူလို့ ခံယူရဆိလဲ့ဆိုသော ဝိညာဉ်တော်ဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် စစ်ဆေးကြလော့။ ပစာကို့ မိစ္ဆာပရောဖက်များဟ ဟေလောကဟို သွားကြပီ။