2 “ဟေကြီးမားလဲ့ အဆောက်အုံကြီးတွေ အားလုံးဟို နင်မျော်လား” ဟု ယေရှု ပြန်ပြောအယ်။ “ဟေနေရာနှိုက် အခြား ကျောက်တုံးတတုံးမှ မကျန်ရစ်ရ၊ အသီးသီး လှဲချခြင်းဟို ခံရလိမ့်မယ်။”
ကိုယ်တော်ဟ “ဟေအရာအားလုံးဟို နင်လို့ မျော်ကြအယ် မဟုတ်လော၊ နင်လို့အား ငါ အမန်အကန် ပြောတာဟ၊ ဟေနေရာနှိုက် ကျောက်တတုံးပေါ် တတုံးတင်ယွေ့ မကျန်ရစ်လဲ့ တိုင်အောန် ပြိုပျက်ကြလိမ့်မယ်” ဟု မိန့်အယ်။
အဲအခါ ကိုယ်တော်ဟ “နင်လို့ မျော်ခဲ့ကြရလဲ့ အရာအားလုံးလို့ဟ ပြိုကျရလိမ့်မယ်။ ကျောက်တုံးတတုံးမျှ နဂိုနေရာတွင် တင်ယွေ့ မကျန်ရစ်လဲ့တိုင်အောန် ပြိုပျက်ရလဲ့ အချိန်ကာလ ရောက်လိမ့်မယ်” ဟု ပြောလေအယ်။
နာဇရက်မြို့သား ယေရှုဟ ဗိမာန်တော်ဟို ဖျက်ဆီးယွေ့ ငါလို့အား မောရှေ ပေးအပ်ခဲ့လဲ့ ထုံးတမ်းစဉ်လာများဟို ပြောင်းလဲစေလိမ့်မယ် ဖြစ်ကျောန်း အဲသူပြောဆိုတာဟို ငါလို့ ကြားရအယ်” ဟု ထွက်ဆိုကြအယ်။
အဲလိုလဲ ဗိမာန်တော်ရဲ့ အပြင်ဘက်နှိုက် ဆိလဲ့ တံတိုင်းဟ လူမျိုးခြားလို့အား ပေးထားတာ ဖြစ်ယွေ့ အေးအရာဟို မတိုင်းဘဲ ပယ်ထားလော့။ အဲသူလို့ဟ သန့်ဆှင်းသော မြို့တော်ဟို လေးဆယ့်နေလတိုင်တိုင် နင်းကြလိမ့်မယ်။