Biblia Todo Logo
Bìoball air-loidhne

- Sanasan -




မာကု 13:10 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

10 အဲလိုလဲ အဆုံးချိန်မရောက်ခင်၊ သတင်းကောင်းဟို လူမျိုးအပေါင်းလို့အား ဟောပြောရကြမယ်။

Faic an caibideil Dèan lethbhreac




မာကု 13:10
10 Iomraidhean Croise  

တရားစီရင်သောအခါ နိနေဝေမြို့သားလို့ဟ ဟေမျိုးဆက်နဲ့အတူ ထမြောက်လျက် ဟေမျိုးဆက်ရဲ့ အပစ်ဟို ထင်ဆှားစေကြလိမ့်မယ်။ အကျောန်းမှာ သူလို့ဟ ယောနရဲ့ ဟောပြောချက်ကျောန့် နောင်တရကြပင်း ဟေအရပ်တွင် ယောနထက် ကြီးမြတ်လဲ့အရာ ရောက်ဆိနေလေပီ။


နိုင်ငံတော်နဲ့ဆိုင်လဲ့ သတင်းကောင်း အကျောန်းဟို ကမ္ဘာတဝန်းလုံးဆိ လူမျိုးအပေါင်းလို့အား သက်သေခံ ဟောပြောပင်းမှ ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။


ကိုယ်တော်ဟ “ကမ္ဘာတဝှမ်းလုံးသို့ သွားယွေ့ လူသတ္တဝါအပေါင်းလို့အား ဧဝံဂေလိတရားဟို ဟောကြလော့။


နင်လို့ရဲ့ ယုံကြည်ခြင်းဟ ကမ္ဘာတဝန်းလုံးတွင် ကျော်ကြားလျက် ဆိသောကျောန့် ငါဟ နင်လို့အားလုံးအတွက် ငါရဲ့ ဘုရားသခင်ဟို ယေရှု ခရစ်တော်အားဖြင့် ပထမဦးစွာ ကျေးဇူးတင်အယ်။


အဲလိုလဲ သူလို့ ကြားဝူးလားလို့ ငါ မေးအယ်။ သူလို့ ကြားရကြပီ။ “သူလို့ရဲ့ အသံဟ မြေတပြင်လုံးနှိုက် ပျံ့နှံ့သွားအယ်။ သူလို့ရဲ့ စကားများဟလည်း ကမ္ဘာအဆုံးထိအောန် ရောက်လေပီ”


နိမိတ်လက္ခဏာနဲ့ အံ့ဩဖွယ်အရာ တန်ခိုးတော်အားဖြင့် လည်းကောင်း၊ ဘုရားသခင်ရဲ့ ဝိညာဉ်တော် တန်ခိုးတော်အားဖြင့် လည်းကောင်း ပြုသောအမှုအရာလို့ကျောန့် မဟုတ်ရင် ငါဟ စလို အရာဟိုမျှ ရဲဝံ့စွာ ပြောမှာ ဟုတ်ဝူး။ အေးလိုမို့ ငါဟ ယေရုရှလင်မြို့မှ ဣလုရိပြေအထိ ရောက်ဆိလဲ့ အရပ်ရပ်နှိုက် ခရစ်တော်ရဲ့ သတင်းကောင်းဟို အကုန်အစင် ကြေညာခဲ့ပီ။


အဲလိုမို့ နင်လို့ဟ မိမိလို့ရဲ့ ယုံကြည်ခြင်းဟို အုတ်မြစ်လို ခိုင်မာစေရန် ဆက်လက် ထိန်းသိမ်းရကြမယ်၊ နင်လို့ဟ ဧဝံဂေလိတရားဟို ကြားသိရသောအခါ ရဆိခဲ့သော မျော်လင့်ခြင်းမှ နင်လို့တတ်တိုင်း မယိမ်းယိုင်စေနဲ့။ ကမ္ဘာအနှံ့အပြားသို့ ဟောပြောရန်ဖြစ်သော အဲဧဝံဂေလိတရားအတွက် အစေခံဟ ငါ ပေါလုပင် ဖြစ်အယ်။


နင်လို့ဟ ဘုရားသခင်ရဲ့ ကျေးဇူးတော်အကျောန်းဟို အမန်သိမျော် ခံစားရတာနဲ့မျှ သတင်းကောင်းဟ နင်လို့ဆေဟို ပျံ့နှံ့ယွေ့ လာအယ်။ အဲတိုင်းတိုင်း သတင်းကောင်းဟ ကမ္ဘာတဝန်းလုံးသို့ ပျံ့နှံ့ယွေ့ ကောင်းချီးမင်္ဂလာများ ခံစားလျက် ဆိအယ်။


အဲပင်းရင် အခြားသော ခေါန်းခင်တမန် တပါးဟ ခေါန်းခင်အလယ်နှိုက် ပျံသန်းနေတာဟို ငါ မျော်အယ်။ သူဟ မြေကြီးပေါ်တွင် နေထိန်ကြသူများ တည်းဟူသော တိုင်းနိုင်ငံ၊ လူမျိုးနွယ်စု၊ ဘာသာစကား အမျိုးမျိုးပြောဆိုသော လူမျိုးအသီးသီးလို့အား ဟောပြောရန် ထာဝရတည်လဲ့ သတင်းကောင်းဟို ယူဆောင်လာအယ်။


Lean sinn:

Sanasan


Sanasan