7 အဲလိုလဲ အေးခြံငမ်းသမားများဟ အချင်းချင်းပြောဆိုပင်း ‘ဒါဟ ပိုင်ဆှင်ရဲ့ သားရီး။ လာကြ၊ သူ့ဟို သတ်ကြရစို့၊ အားပင်း သူ့ဥစ္စာဟို ငါလို့ ပိုင်လိမ့်မယ်’ ဟု ပြောအယ်၊
အဲအခါ ဟေရုဒ်မင်းကြီးဟ မာဂုပညာဆိလို့ လှည့်စားတာဟို သိရင်၊ သူဟ ရမ်ဆာ့အူထော့ယွေ့ မာဂုပညာဆိဆေမှ သေချာစွာလေ့လာ စီစစ်ထားလဲ့ အချိန်ကာလအရ၊ ဗက်လင်မြို့နဲ့ ၎င်းအရပ်ဒေသတဝိုက်ဆိသော အသက်နေနှစ်အရွယ်နဲ့ အေးအောင်နီငယ်အားလုံးဟို သတ်ရန် အမိန့်ပေးလေအယ်။
စပျစ်သီးပေါ်ချိန် နီးလာသောအခါ မိမိရဲ့ ငယ်သားများဟို ခြံသမားလို့ဆေ စေလွှတ်ပင်း သီးစားခ စပျစ်သီးများဟို တောင်းခံစေအယ်။
ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများနဲ့ လူကြီးများဟ ယေရှုဟို ဖမ်းဆီးရန် ကြိုးစားခဲ့အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့ဟို ရည်ညွှန်းယွေ့ ဟေပုံဥပမာဟို ပြောကျောန်းဟို သိကြအယ်။ အဲလိုလဲ သူလို့ဟ လူအုပ်ကြီးဟို ကြောက်သောကျောန့် ကိုယ်တော်ဟို ထားခဲ့ပင်း ထွက်သွားကြအယ်။
အေးလူရဲ့ ချစ်လှစွာသော သားဟိုစေလွှတ်ရန် တဦးတည်းသာ ကျန်တော့အယ်။ နောက်ဆုံးအနေနဲ့ပင်းတော့ သူ့သားဟို ခြံငမ်းသမားတွေဆေဟို သူလွှတ်ခဲ့အယ်၊ သူဟ ‘သူလို့ဟ ငါ့သားဟို လေးစားလိမ့်မယ်’ ဟု ပြောအယ်။
အေးကျောန့် သူလို့ဟ သူ့ဟိုဖမ်းယွေ့ သတ်ပင်းရင် သူ့အလောင်းအား စပျစ်ဥယျာဉ်အပြင်ဟို လောပစ်ကြအယ်။
ဘုရားသခင်ဟ မိမိရဲ့ အစီစဉ်နဲ့အညီ ယေရှုဟို နင်လို့ လက်ဟို ပေးအပ်ရန် ဆုံးဖြတ်ခဲ့ပင်း၊ နင်လို့ဟ အပစ်လုပ်သူလို့ လက်ဖြင့် အေးအဆှင်ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့ သတ်ခဲ့ကြအယ်။
သူဟ “အဲနာမဟို အမှီပြုယွေ့ သွန်သင်ခြင်း မလုပ်ရန် နင်လို့အား ငါလို့ ကျပ်ကျပ်အမိန့် ပေးခဲ့အယ်၊ အဲလိုလဲ နင်လို့ ပစာလုပ်တာဟို ကျေ့လော့၊ နင်လို့ဟ ယေရုရှလင်မြို့ တမြို့လုံးတွင် သွန်သင်ချက်ဟို ပျံ့နှံ့စေယွေ့ အဲသူ သေရတာဟ ငါလို့ကျောန့် ဖြစ်အယ်ဟူယွေ့ နင်လို့ အပစ်တင်လိုကြတာ မဟုတ်လော” ဟု ပြောအယ်။
နင်လို့ ဖိုးဖေးများ မနှိပ်စက်မညှဉ်းဆဲဖူးလဲ့ ပရောဖက်တပါးပါး ဆိသလော။ သူလို့ဟ ဖြောင့်မတ်သောသူ ကြွလာမဲ့အကျောန်းဟို ကြိုတင်ဟောကြားကြလဲ့ သူများဟိုပင် သတ်ခဲ့ကြအယ်။ အခု နင်လို့ဟ အဲအဆှင်ဟို သစ္စာဖောက်ယွေ့ သတ်ဖြတ်ကြပီ။
အားပေမဲ့ ဟေနောက်ဆုံးသော နေ့ရက်များတွင် သားတော်အားဖြင့် ငါလို့အား စကားပြောအယ်၊ အဲသားတော်အားဖြင့် စကြာဝဠာဟို ဖန်ဆင်းယွေ့ နောက်ဆုံးနှိုက် အလုံးစုံဟို ပိုင်သစေရန် သားတော်ဟို ခန့်ထားအယ်။