10 တဘဲ့တော်လို့ဟ နေအိုင်ဟို ပြန်ရောက်ကြသောအခါ၊ အေးကိစ္စအကျောန်းဟို ယေရှုအား မေးကြအယ်။
ယေရှုဟ သူလို့အား “သူရဲ့ ပေါင်အိုမဟို ကွာဆှင်းယွေ့ အခြားမိန်းမတယောက်နဲ့ လက်ထပ်သော ယောက်ျားတယောက်ဟ မိမိရဲ့ ပေါင်အိုမနဲ့ အိုင်ထောင်ရေးဖောက်ပြန် ကျူးလွန်အယ်။
အေးကျောန့် ဘုရားသခင်ဟ အတူတကွ ပေါင်းစည်းပေးထားသော အရာဖြစ်ယွေ့ စသူမှ မကွဲကွာစေနဲ့” ဟု ပြောလေအယ်။
ယေရှု တယောက်တည်း ဆိသောအခါ၊ ကြားဖူးသူအချို့လို့ဟ တဘဲ့တော် တဆယ့်နေဦးလို့နဲ့ သူဆေသို့ လာယွေ့ ပုံဥပမာလို့ဟို ဆှင်းပြစေရန် အခွင့်တောင်းကြအယ်။
ယေရှုဟ နေအိုင်ထဲသို့ ဝင်ပင်းနောက် သူရဲ့ တဘဲ့တော်လို့ဟ “ငါလို့ဟ ပစာကျောန့် နတ်ဆိုးဟို မမောင်းထုတ်နိန်ခဲ့တာလုန်း” ဟု သူ့ဟို သီးသန့်မေးအယ်။
သူလို့ဟ ကပေရနောင်မြို့ဟို လာကြအယ်။ သူလို့ဟ နေအိုင်နှိုက် ဆိနေစဉ်၊ ယေရှုဟ “လမ်းမှာ နင် ပစာငြင်းခုံနေစာလုန်း” ဟု သူလို့အား မေးအယ်။