Biblia Todo Logo
Bìoball air-loidhne

- Sanasan -




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 3:7 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

7 ဖာရိရှဲနဲ့ ဇဒ္ဒုကဲအများလို့ဟ နှစ်ခြင်းခံယူရန် လာကြတာဟို မျော်သောအခါ ယောဟန်ဟ သူလို့အား “အချင်းမြွေပွေးလို့၊ ရောက်လာမယ့် အူထော့ခြင်းဘေးမှ လွတ်မြောက်နိန်တယ် ဟု နင်လို့အား စလူဟ သတိပေးလုန်း။

Faic an caibideil Dèan lethbhreac




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 3:7
49 Iomraidhean Croise  

ဟေအရာဟို ဖာရိရှဲလို့ ကြားသောအခါ သူလို့ဟ “ဟေသူသည် နတ်ဆိုးမင်း ဗေလဇေဗုလဟို အမီပြုယွေ့ နတ်ဆိုးလို့ဟို မောင်းထုတ်သူ ဖြစ်အယ်” ဟု ပြန်ပြောကြအယ်။


မြွေပွေးအမျိုးလို့၊ နင်လို့ဟ ဆိုးယုတ်သောသူများဖြစ်လျက် စလို ကောင်းလဲ့စကားဟို ပြောနိန်ကြမလုန်း။ စိတ်နေလုံးနှိုက် ပြည့်လျှံနေလဲ့အရာများဟို နှုတ်ဟ ဖော်ပြတတ်အယ်။


အဲပင်းရင် တဘဲ့တော်လို့ဟ အထံတော်ဟို လာယွေ့ “ကိုယ်တော်မိန့်သော စကားကျောန့် ဖာရိရှဲလို့ ခံစားကြတာဟို သိသလော” ဟု မေးကြအယ်။


ဖာရိရှဲတချို့နဲ့ ဇဒ္ဒုကဲများဟ ယေရှုဟို စမ်းသပ်လိုသဖြင့် လာယွေ့ ခေါန်းခင်မှ နိမိတ်လက္ခဏာဟို ပြပေးရန် ကိုယ်တော်အား တောင်းဆိုကြအယ်။


ယေရှုဟ သူလို့အား “ဖာရိရှဲနဲ့ ဇဒ္ဒုကဲလို့ရဲ့ တဆေးဟို သတိနဲ့ ဆှောင်ကြလော့” ဟု မိန့်အယ်။


အေးနောက် ဖာရိရှဲလို့ဟ ထွက်သွားပင်း ကိုယ်တော်ဟို သူရဲ့ နှုတ်တော်ထွက် စကားအားဖြင့် အကွက်ဆင် ဖမ်းနိန်ရန် ဆွေးနွေးတိုင်ပင်ကြအယ်။


အေးနေ့နှိုက်ပင် ဇဒ္ဒုကဲအချို့လို့ဟ ယေရှုဆေဟို လာကြအယ်၊ သူလို့ဟ သေခြင်းမှ ဆှင်ပြန်ထမြောက်ခြင်း မဆိဟု ခံယူယုံကြည်ကြသူများ ဖြစ်အယ်။


ဇဒ္ဒုကဲလို့ မချေပနိန်အောန် ဟေသို့ ယေရှု ဖြေကြားလိုက်ကျောန်းဟို ဖာရိရှဲလို့ ကြားသောအခါ သူလို့ဟ စုရုံးလာကြအယ်။


အချင်းမြွေပွေးများနဲ့ မြွေပွေးရဲ့ သားမြေးလို့၊ နင်လို့ဟ ငရဲသို့လားရမယ့် တရားစီရင်ခြင်းမှ ပစာသို့ လွတ်နိန် ကြမယ်လုန်း။


အကျောန်းမှာ ငါအမန်အကန်ဆိုတာဟ နင်လို့ရဲ့ ဖြောင့်မတ်ခြင်းဟ ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများထက် မသာရင် နင်လို့ဟ ခေါန်းခင်နိုင်ငံတော်ဟို စခါမှ ဝင်ရလိမ့်မယ် မဟုတ်ဟု ဆိုအယ်။


ဖာရိရှဲအချို့နဲ့ ဟေရုဒ်ပါတီဝင်အချို့လို့ဟ မေးခွန်းများနဲ့ ထောင်ချောက်ဆင်ရန် ယေရှုဆေဟို စေလွှတ်ကြအယ်။


အေးအခါ သေခြင်းမှ ထမြောက်ဆှင်ပြန်ခြင်းမဆိဟု ပြောသော ဇဒ္ဒုကဲအချို့လို့ဟ ယေရှုဆေသို့ လာယွေ့၊


ယေရှုဟ “ဂရုစိုက်မန့်” ဟု သူလို့အား သတိပေးအယ်၊ “နင်လို့ဟာ ဖာရိရှဲများရဲ့ တဆေးနဲ့ ဟေရုဒ်ရဲ့ တဆေးဟို သတိနဲ့ ဆှောင်ကြလော့” ဟု မိန့်အယ်။


ပိတ်ဆန်ဟို တပ်မက်သော ဖာရိရှဲလို့ဟ အေးစကားများဟို ကြားသောအခါ ကိုယ်တော်ဟို ကဲ့ရဲ့လှောင်ပြောင်ကြအယ်။


ဖာရိရှဲဟ တယောက်တည်းရပ်လျက် ‘အို ဘုရားသခင်၊ ငါဟ အခြားသူများလို လောဘကြီးခြင်း၊ မရိုးသားခြင်း၊ သူ့မယားဟို ပစ်မားသောသူ မဟုတ်လဲ့အပြင် ဟေအခွန်ခံလို မဟုတ်သောကျောန့် ကျေးဇူးတင်ပါအယ်။


ဖာရိရှဲလို့နဲ့ ကျမ်းတတ်ဆရာလို့ဟ မိမိလို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်ဟို ငြင်းပယ်ယွေ့ ယောဟန်ဆေမှာ နှစ်ခြင်းဟို မခံပဲနေကြအယ်။


ဖာရိရှဲလို့ထဲမှ စေလွှတ်ခြင်းခံရသော သတင်းသယ်ဆောင်သူများဟ၊


နင်လို့ရဲ့အဖဟ မာရ်နတ် ဖြစ်အယ်၊ အဲလိုမို့ နင်လို့အဖရဲ့ အလိုဟို လိုက်ယွေ့ နင်လို့ဟ ပြုကြအယ်။ မာရ်နတ်ဟ ဟိုးအရင်ကပင် လူသတ်သမား ဖြစ်ပင်း သူနှိုက် အမန်တရား မဆိသောကျောန့် သူဟ သမ္မာတရားနှိုက် မရပ်တည်ခဲ့ဝူး။ သူဟ ဝါပြောသောအခါ မိမိသဘာဝဟိုသာ လုပ်တာဖြစ်ပင်း ဝါပြောတတ်သောသူလို့ရဲ့ အဖ ဖြစ်အယ်။


ကိုယ်တော်နဲ့အတူဆိနေသော ဖာရိရှဲအချို့လို့ဟ အေးစကားဟို ကြားယွေ့၊ “ငါလို့ဟလည်း မျက်စေ့ကန်းသောသူများ ဖြစ်ကြသလော” ဟု မေးကြအယ်။


အဲလိုလဲ ဖာရိရှဲ အဖွဲ့ဝင်များအနက် ယုံကြည်သူအချို့လို့ဟ ထယွေ့ “လူမျိုးခြားလို့ဟ အရေဖျားလှီးခြင်း ပေးကြရန်နဲ့ မောရှေရဲ့ ပညတ်တရားဟို လိုက်နာရမယ်” ဟု ဆိုကြအယ်။


သတိနဲ့ နေကြလော၊ အဲပင်းရင် ငါဟ နင်လို့အပေါင်းအား သုံးနှစ်ပတ်လုံး နေ့ညမပြတ် မျက်ရည်ကျလျက် ဆုံးမသွန်သင်ခဲ့တာဟို သတိရကြလော့။


သူလို့ဟ ငါ့ဟို မခင်ကတည်းဟ သိထားကြအယ် ဖြစ်ယွေ့ ငါဟ ငါ့ဘာသာတွင် စည်းမျဉ်း အတင်းကျပ်ဆုံးသော ဂိုဏ်းဖြစ်သည့် ဖာရိရှဲဂိုဏ်းဝင်တဦးအဖြစ် အသက်ဆှင်ခဲ့ကျောန်း သူလို့ သက်သေခံလိုရင် သက်သေခံနိန်ပါအယ်။


အဲအခါ ယဇ်ပုရောဟိတ်မင်းနဲ့ သူရဲ့ နောက်လိုက်များဖြစ်သော ဒေသဆိုင်ရာ ဇဒ္ဒုကဲအဖွဲ့ဝင်များဟ တမန်တော်လို့ဟို ရမ်းဆာ့ မနာလိုစိတ် ဆိလာကြသဖြင့် သူလို့ဟို အရေးယူရန် ဆုံးဖြတ်ကြအယ်။


ဘုရားသခင်ရဲ့ အမျက်တော်ဟ ခေါန်းခင်မှ ထင်ဆှားလျက် သမ္မာတရားဟို မတရားမှုဖြင့် တားဆီးပိတ်ပင်သော လူလို့ရဲ့ ဘုရားတရားမဲ့ခြင်းနဲ့ မတရားမှု အလုံးစုံလို့ အပေါ်သို့ သက်ရောက်အယ်။


အဲလိုမို့ သူရဲ့ အသွေးတော်အားဖြင့် အခု ငါလို့ဟ ဘုရားသခင်နှိုက် ဖြောင့်မတ်ခြင်းဟို ရဆိပင်းမှ၊ အေးမျှမက ဘုရားသခင်ရဲ့ အူထော့ခြင်းမှ သူ့အားဖြင့် ကယ်တင်ခြင်းဟို ရဆိကြလိမ့်မယ်။


အားပင်း သေခြင်းမှ ထမြောက်စေသော သားတော်ယေရှုဟ ခေါန်းခင်ဘုံမှ ကြွလာမယ်ဟို စောင့်မျှော်လျက် လာမယ့် ဘုရားသခင်ရဲ့ အမျက်တော်မှ ငါလို့ဟို ကယ်တင်မယ့်သူ ဖြစ်အယ်။


နောဧဟ မမျော်ရသေးသောအရာများနဲ့ ပတ်သက်ယွေ့ ဗျာဒိတ်တော်ရသောခါ ကြောက်ရွံ့ရိုသေသောစိတ် ဆိယွေ့ မိမိအိုင်သူအိုင်သားလို့ ကယ်တင်ခြင်း ခံရရန်အတွက် ယုံကြည်ခြင်းအားဖြင့် သင်္ဘောဟို တည်ဆောက်အယ်။ အေးယုံကြည်ခြင်းအားဖြင့် သူဟ လောကရဲ့ အပစ်ဟို ထင်ဆှားစေယွေ့ ယုံကြည်ခြင်းအားဖြင့် ရဆိသော ဖြောင့်မတ်ခြင်းဟို အမွေဆက်ခံသူ ဖြစ်လာအယ်။


အဲကျောန့် ဘုရားသခင်ရဲ့ ကတိတော်နဲ့ ကျိန်ဆိုခြင်းအမှုလို့ဟ ပြန်လည် ရုပ်သိမ်းယွေ့ မရနိန်သောအရာ နေပါး ဖြစ်ကြအယ်၊ အဲအရာနေပါးနဲ့ ပတ်သက်ယွေ့ ကိုယ်တော်ဟ ဝါသောစကားဟို မသုံးနိန်။ အဲကျောန့် အထံတော်နှိုက် ခိုလှုံလျက် ဆိသော ငါလို့ဟ မိမိလို့အား ကိုယ်တော်ပေးလဲ့ မျော်လင့်ချက်ဟို စွဲမြဲစွာ ခံယူထားရန် စိတ်အားတက်ကြွယွေ့ လာကြအယ်။


ဟေနည်းအားဖြင့် ဘုရားသခင်ရဲ့ လူပဲ့သငယ်များနဲ့ မာရ်နတ်ရဲ့ လူပဲ့သငယ် ကွာခြားပုံဟို သိရအယ်။ အမန်တရားဟို မကျင့်သုံးသူ၊ ညီအကိုဟို မချစ်သောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်များ မဟုတ်။


Lean sinn:

Sanasan


Sanasan