Biblia Todo Logo
Bìoball air-loidhne

- Sanasan -




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 2:2 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

2 “အခု ဖွားမျော်သော ယုဒ ဘုရင်ဟ၊ ဖယ်နားမှာ ဆိလုန်း။ အဆေ့ပြေနှိုက် သူရဲ့ကြယ်ဟို ငါလို့ မျော်ရတာ ဖြစ်ယွေ့ သူ့ဟို ဖူးမြော်ဖို့ရန် လာပီ” ဟု မေးမြန်းပြောဆို ကြအယ်။

Faic an caibideil Dèan lethbhreac




မဿဲ ရေးသားပြုစုလဲ့ ခရစ်တော်ရဲ့ သတင်းကောင်း 2:2
28 Iomraidhean Croise  

အဲအကျောန်းဟို ကြားသောအခါ ဟေရုဒ်မင်းကြီးဟ၊ ယေရုရှလင်မြို့သူမြို့သားအပေါင်းလို့နဲ့တကွ ရမ်းဆာ့ တုန်လှုပ်ချောက်ချား လေအယ်။


“ကျေ့မန့်၊ နင်ရဲ့ ဘုရင်ဟ နင့်ဆေဟို ကြွလာပီ၊ အေးသူဟ နူးညံ့သိမ်မွေ့စွာဖြင့် မြည်းဟို စီးအယ်၊ ဝန်တင်သော တိရစ္ဆာန်ရဲ့ သား၊ မြည်းသငယ်ဟို စီးအယ်ဟု ဇိအုန်မြို့အား ပြောကြလော့။”


ရောမဘုရင်ခံမင်းရဲ့ ဆေ့ဟို ယေရှု ရပ်ရာ ဘုရင်ခံမင်းဟ “နင်သည် ယုဒ ဘုရင်ပေလော” ဟု မေးအယ်။ ယေရှုဟ “နင်ပြောလဲ့တိုင်းတိုင်း ဖြစ်အယ်” ဟု မိန့်အယ်။


အေးသူလို့ဟ “ထာဝရဘုရားရဲ့ နာမတော်နဲ့ ကြွလာသောဘုရင်ဟ မင်္ဂလာဆိမန့်စေ၊ ခေါန်းခင်ဘုံတွင် ငြိမ်သက်ခြင်း ဆိမန့်စေ၊ အမြင့်ဆုံးသော ဘုရားသခင်ဟ ဘုန်းကြီးမန့်စေ” ဟု ကြွေးကြော်ကြအယ်။


ခုနေ့တွင် ဒါဝိဒ်မြို့နှိုက် သခင် ခရစ်တော်တည်းဟူသော ကယ်တင်ဆှင်ဟ နင်လို့အဖို့ မွေးဖွားပီ။


ပိလတ်မင်းဟ ကိုယ်တော်အား “နင်ဟ ယုဒဘုရင် ဟုတ်လော” ဟု မေးအယ်။ ယေရှုဟ “မင်းကြီး မေးလဲ့အတိုင်း မန်အယ်” ဟု ပြန်ဖြေလေအယ်။


ကိုယ်တော်ရဲ့ အပေါ်ဘက်နှိုက် “ဟေသူဟ ယုဒ ဘုရင် ဖြစ်အယ်” ဟု ရေးထားလေအယ်။


နာသနေလဟ “ဆရာ၊ နင်ဟ ဘုရားသခင်ရဲ့ သားတော် ဖြစ်အယ်၊ ဣသရေလအမျိုးသားလို့ရဲ့ ဘုရင် ဖြစ်အယ်” လို့ ပြန်ဖြေအယ်။


အဲလိုမို့ သူလို့ဟ စွန်ပလွံခက်များဟို ကိုင်လျက် ကိုယ်တော်ဟို ခရီးဦးကြိုပြုရန် ထွက်သွားကြယွေ့ “ဟောရှဏ္ဏာ၊ ထာဝရဘုရားရဲ့ နာမနဲ့ လာသော သခင်ဟ မင်္ဂလာဆိစေမန့်၊ ဣသရေလလို့ရဲ့ ဘုရင်ဟ မင်္ဂလာဆိစေမန့်” ဟု ကြွေးကြော်ကြအယ်။


ပိလတ်မင်းဟ “အဲကျောန့် နင်ဟ ဆှင်ဘုရင်လော” ဟု မေးအယ်။ ယေရှုဟ “ငါဟ နင်ဆိုလဲ့အတိုင်း ဆှင်ဘုရင် ဖြစ်အယ်။ ငါဟ သမ္မာတရားဘက်နှိုက် သက်သေခံရန် မွေးဖွားခြင်းဟို ခံယွေ့ ဟေလောကသို့ ကြွလာပီ။ သမ္မာတရားနဲ့ စပ်ဆိုင်သောသူတိုင်း ငါ့အသံဟို နားထောင်ကြအယ်” ဟု ပြန်ဖြေအယ်။


ပိလတ်မင်းဟ ကမ္ပည်းလိပ်စာဟို ရေးယွေ့ လက်ဝါးကပ်တိုင်မှာ ကပ်ထားလေအယ်။ အဲကမ္ပည်းလိပ်စာဟ “ယုဒဆှင်ဘုရင်၊ နာဇရက်မြို့သား ယေရှု” ဟု ရေးထားအယ်။


သောမဟ ကိုယ်တော်အား “ငါ့ရဲ့ သခင်၊ ငါ့ရဲ့ ဘုရားသခင်” ဟု ပြန်ဖြေအယ်။


အဲလိုမို့ လူအပေါင်းလို့ဟ ခမည်းတော်အား ရိုသေကြလဲ့တိုင်း သားတော်အား ရိုသေကြရမယ်။ သားတော်အား မရိုသေသောသူဟ သားတော်ဟို စေလွှတ်သော ခမည်းတော်အား မရိုသေသောသူ ဖြစ်အယ်။


အေးသူဟ “သခင်ဘုရား၊ ငါ ယုံကြည်အယ်” ဟု ဆှောက်ယွေ့ ကိုယ်တော်အား ပျပ်ဝပ် ကိုးကွယ်လေအယ်။


အားပေမဲ့ ဘုရားသခင်ဟ မိမိရဲ့ သားဦးအား လောကဟို စေလွှတ်မယ်ဖြစ်သောအခါ၊ “ဘုရားသခင်ရဲ့ ခေါန်းခင်တမန်အပေါင်းလို့ဟ အဲသူအား ကိုးကွယ်ဝတ်ပြုရကြမယ်” ဟု မိန့်အယ်။


“ငါ ယေရှုဟ အသင်းတော်များအတွက် ဟေအကျောန်းအရာများဟို နင်လို့အား သက်သေခံရန် ငါရဲ့ ခေါန်းခင်တမန်ဟို စေလွှတ်လိုက်အယ်။ ငါဟ ဒါဝိဒ်ရဲ့ အမြစ်နဲ့ အမျိုးအနွယ် ဖြစ်ပင်း တောက်ပသော မိုးသောက်ကြယ် ဖြစ်အယ်။”


Lean sinn:

Sanasan


Sanasan