54 ကိုယ်တော်ရဲ့ တဘဲ့တော်များဖြစ်ကြလဲ့ ယောဟန်နဲ့ ယာကုပ်ဟ အေးအရာဟို မျော်သောအခါ “သခင်၊ သူလို့ဟို ဖျက်ဆီးဖို့ ခေါန်းခင်ဟ မီးကျယွေ့ လောင်စေဖို့ရန် ငါလို့ လုပ်စေချင်သလော” ဟု သူလို့ဟ ပြောအယ်။
ယာကုပ်နဲ့ သူ့ညီ ယောဟန်၊ ဇေဗေဒဲရဲ့ သားများ (ကိုယ်တော် မှည့်ခေါ်သူများဟ ဗောနေဂရက်ဟူသော နာမယ်ဖြင့် “မိုးကြိုးရဲ့ သားများ” ဟု အနက်ဆိအယ်)
ယေရှုဟ လှည့်ပင်း သူလို့ဟို ဆုံးမအယ်။
အဲမှ ကြီးစွာသော နိမိတ်လက္ခဏာလို့ဟိုလည်း ပြအယ်။ လူလို့မျက်မှောက်နှိုက် ခေါန်းခင်မှ မြေကြီးပေါ်ဟို မီးများ ကျလာစေအယ်။
အဲသားရဲရဲ့ ခေါင်းတလုံးဟ သေအောန် သတ်ဖြတ်ခြင်း ခံရသလိုဖြစ်သော်လည်း အဲသေစေသော ဒဏ်ရာဟ ပျောက်ကင်းသွားလေအယ်။ အဲအခါ တကမ္ဘာလုံးဟ အံ့ဩလျက် အဲသားရဲနောက်ဟို လိုက်ကြအယ်။