Biblia Todo Logo
Bìoball air-loidhne

- Sanasan -




လုကာ 9:26 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

26 တစုံတယောက်ဟ ငါနဲ့ ငါ့ရဲ့ သင်ကြားမှုကျောန့် ဆှက်ရင် လူသားဟ မိမိရဲ့ ဘုန်း၊ အဖရဲ့ ဘုန်း၊ သန့်ဆှင်းသော ခေါန်းခင်တမန်များရဲ့ ဘုန်းနဲ့ ပြန်လာသောအခါ အေးသူဟို ဆှက်မယ်။

Faic an caibideil Dèan lethbhreac




လုကာ 9:26
30 Iomraidhean Croise  

အကျောန်းမှာ လူသားဟ မိမိအဖရဲ့ ဘုန်းအသရေဟို ဆောင်လျက် ခေါန်းခင်တမန်များနဲ့ အတူ ကြွလာလိမ့်မယ်။ အဲအခါ လူအပေါင်းလို့အား မိမိလို့ရဲ့ အကျင့်အလျောက် အကျိုးအပစ်ဟို ဆပ်ပေးလိမ့်မယ်။


“လူသားဟ ခေါန်းခင်တမန် အပေါင်းခြံရံလျက် ဘုရင်အဖြစ် ကြွလာသောအခါ ဘုန်းဆိသော ပလ္လင်ပေါ်နှိုက် ထိန်လိမ့်မယ်။


ယေရှုဟ “နင်ဟောသည် အတိုင်းမန်ပေမဲ့ နင်လို့အား ငါပြောတာဟ နောင်အခါတွင် လူသားဟ အနတ္တတန်ခိုးဆှင်ရဲ့ လက်ယာဘက်တွင် ထိန်လျက်နေတာဟိုလည်းကောင်း၊ ခေါန်းခင် မိုးချေးသားဟို စီးယွေ့ ကြွလာတာဟို လည်းကောင်း နင်လို့ မျော်ရကြမယ်” ဟု မိန့်အယ်။


ဟေဘုရားတရားမဲ့နဲ့ ဆိုးသွမ်းသောနေ့နှိုက် နင်ဟ ငါနဲ့ ငါ့သွန်သင်ချက်ဟို ဆှက်ရင်၊ သန့်ဆှင်းသော ခေါန်းခင်တမန်လို့နဲ့အတူ ခမည်းတော်ဟ ဘုန်းတန်ခိုးနဲ့ ကြွလာသောအခါ လူသားဟ နင်လို့ဟို ဆှက်လိမ့်မယ်။”


သူလို့ဟ ဘုရားသခင်ရဲ့ မျက်နှာသာရခြင်းထက် လူ့မျက်နှာသာရခြင်းဟို ပိုယွေ့ နှစ်သက်ကြအယ်။


နင်လို့ဟ အခြားသူတယောက်ရဲ့ ဘုန်းအသရေဟို လက်ခံလိုကြအယ်၊ အဲလိုလဲ တဆူတည်းဆိသော ဘုရားသခင်ရဲ့ ချီးမွမ်းဂုဏ်ပြုခြင်းဟို ခံရရန် မကြိုးစားကြ၊ အဲလိုမို့ နင်လို့ဟ ငါ့ဟို စလို ယုံကြည်နိန်ကြမှာတုန်း။


အဲသူလို့ဟလည်း “တပ်မှူးကောနေလိဟ ငါလို့အား စေလွှတ်အယ်” ဟု ပြန်ဖြေအယ်။ “ဘုရားသခင်ရဲ့ ခေါန်းခင်တမန်ဟ သူ့အား နင့်ဟို မိမိနေအိုင်ဟို ဖိတ်ခေါ်ယွေ့ နင့်ဆေမှ တရားစကားဟို နားထောင်ရန် ပြောခဲ့အယ်။ သူဟ ဖြောင့်မတ်ယွေ့ ဘုရားသခင်ဟို ကြောက်ရွံ့သောသူ ဖြစ်ပင်း ယုဒလူမျိုးအားလုံးလို့ရဲ့ လေးစားခံရသောသူလည်း ဖြစ်အယ်” ဟု ဆိုကြအယ်။


ငါဟ သတင်းကောင်းတရားအတွက် ဆှက်ကြောက်ခြင်း မဆိ၊ အေးအရာဟ ဦးရင်ဆုံး ယုဒလူနောက်မှာ လူမျိုးခြား ယုံကြည်သူ အားလုံးဟို ကယ်တင်သော ဘုရားသခင်ရဲ့ တန်ခိုး ဖြစ်အယ်။


အဲလိုမို့ ခရစ်တော်ကျောန့် ငါခံရသော အားနည်းခြင်း၊ စော်ကားခြင်း၊ ဆင်းရဲခြင်း၊ နှိပ်စက်ညှဉ်းဆဲခြင်းနဲ့ အနှောင့်အယှက်လို့ဟို ငါ နှစ်သက်အယ်။ အကျောန်းမှာ ငါဟ အားနည်းသောအခါ တန်ခိုးနဲ့ ပြေ့စုံလျက် ဆိအယ်။


ငါအတွက်ကတော့ စလိုဖြစ်ဖြစ်၊ ငါလို့ သခင် ယေရှုခရစ်ရဲ့ လက်ဝါးကပ်တိုင်နှိုက်သာ ငါ ဝါကြွားမယ်။ လက်ဝါးကပ်တိုင်တော်အားဖြင့် ဟေလောကဟ ငါ့အတွက် အသေ ဖြစ်အယ်၊ အားပင်း ငါဟ လောကကြီးအတွက် သေပီ။


နင်ဟ ဟေအရာလို့ဟို ခွဲခြားခြင်း မဆိဘဲ စောင့်ဆှောက်ယွေ့ စလိုအရာဟိုမျှ ဘက်လိုက်ခြင်း မဆိဘဲ ပြုမူရန် ဘုရားသခင်နဲ့ ခရစ်တော် ယေရှုမှစယွေ့ ရွေးချယ်ခံရသော ခေါန်းခင်တမန်လို့ဆေ့နှိုက် ငါအလေးအနက် တိုက်တွန်းအယ်။


အဲအကျောန်းကျောန့် ငါဟ ဟေဒုက္ခဝေဒနာများဟိုလည်း ခံစားနေရအယ်။ အားပေမဲ့ ငါဟ ဆှက်ကြောက်ခြင်း မဆိ၊ အကျောန်းမှာ ငါဟ မိမိယုံကြည်သော သခင်ဟို သိယွေ့ ကိုယ်တော်ဆေနှိုက် ငါအပ်ထားသောအရာဟို အဲနေ့ရက်တိုင်အောန် ကိုယ်တော်စောင့်ထိန်းနိန်တာဟု ငါ ယုံကြည်စိတ်ချအယ်။


ငါလို့ဟ သည်းခံရင် ကိုယ်တော်နဲ့အတူ စိုးစံလိမ့်မယ်။ ငါလို့ဟ ကိုယ်တော်အား စွန့်ပယ်ရင် ကိုယ်တော်ဟ ငါလို့အား စွန့်ပယ်လိမ့်မယ်။


သူဟ အကျိုးကျေးဇူးဟို ဆေ့ရှုမျော်မှန်းလျက် နေသောကျောန့် ခရစ်တော်အတွက် ကဲ့ရဲ့ပစ်တင်ခြင်း ခံရတာဟို အဲဂုတ္တုပြေရဲ့ ဥစ္စာဘဏ္ဍာများထက် ပိုယွေ့ မြတ်လဲ့ စည်းစိမ်ဖြစ်တာဟု မှတ်ယူအယ်။


အဲလိုမို့ ငါလို့ဟ ကိုယ်တော် ခံခဲ့သော ကဲ့ရဲ့ပစ်တင်ခြင်းဟို ဆောင်ယူပင်း စခန်းအပြင်ဟို ထွက်ယွေ့ ကိုယ်တော်ဆေဟို သွားကြကုန်စို့။


အာဒံမှ ခုနေဆက်မြောက်သော မျိုးဆက်ဖြစ်လဲ့ ဧနောက်ဟလည်း သူလို့နဲ့ ပတ်သက်ယွေ့ ပရောဖက်ပြုဟောပြောလျက် “ကျေ့ရှုလော့၊ ထာဝရဘုရားဟ အတိုင်းမသိ ရမ်းဆာ့သော မိမိရဲ့ သန့်ဆှင်းသူလို့နဲ့အတူ ကြွလာလိမ့်မယ်။


ကျေ့လော့။ ကိုယ်တော်ဟ မိုးချေးသားများဖြင့် ကြွလာအယ်။ အဲအခါ ကိုယ်တော်ဟို ထိုးဖောက်ခဲ့သူလို့မှ စယွေ့ လူအပေါင်းလို့ဟ မိမိလို့ မျက်စေ့ဖြင့် ကိုယ်တော်ဟို တွေ့မျော်ရကြလိမ့်မယ် ကမ္ဘာမြေကြီးပေါ်ဆိ လူမျိုးနွယ်စုအားလုံးဟ ကိုယ်တော်ကျောန့် ရင်ဘတ်စည်တီးလျက် မြည်တမ်းကြလိမ့်မယ်။ အာမင်။


အဲပင်းရင် ဖြူသော ပလ္လင်ကြီးနဲ့ အဲပလ္လင်ပေါ်တွင် ထိန်သောသူဟို ငါ မျော်ရအယ်။ ခေါန်းခင်နဲ့ မြေကြီးဟ အဲသူရဲ့ မျက်မှောက်မှ ပျောက်လွင့်သွားယွေ့ အေးဟာအတွက် နေရာမဆိ။


အဲလိုလဲ ကြောက်တတ်သောသူ၊ မယုံကြည်သောသူ၊ စက်ဆုပ်ရွံဆှာဖွယ်သောသူ၊ လူ့အသက်ဟို သတ်သောသူ၊ မတရားသော မေထုန်နှိုက် မှီဝဲသောသူ၊ ပြုစားသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သစ္စာပျက်သောသူအပေါင်းလို့ဟ ကန့်နဲ့ လောင်သော မီးအိန်ထဲနှိုက် မိမိလို့ အဖို့ဟို ရကြလိမ့်မယ်။ ဟေဟာဟ ဒုတိယ သေခြင်း ဖြစ်အယ်” ဟု မိန့်အယ်။


အောန်မြင်သောသူဟ အေးလိုပင် ဖြူသော ဝတ်လုံဟို ဝတ်ဆင်ရလိမ့်မယ်။ ငါဟလည်း သူရဲ့ နာမယ်ဟို အသက်စာစောင်မှ လုံးဝပယ်လောမယ် မဟုတ်။ ငါဟ သူရဲ့ နာမယ်ဟို ငါ့ခမည်းတော်ဆေ့နှိုက် လည်းကောင်း၊ ကိုယ်တော်ရဲ့ ခေါန်းခင်တမန်များဆေ့နှိုက် လည်းကောင်း ဝန်ခံမယ်။


Lean sinn:

Sanasan


Sanasan