26 ယေရှုနဲ့ တဘဲ့တော်များဟ ဂါရစပြေဟို ဆက်ပင်း ရွက်လွင့်ကြအယ်၊ ဂါရစပြေဟ ဂါလိလဲပြေရဲ့ အိန်တဖက်ကမ်းတွင် ဆိအယ်။
ယေရှုဟ သူ့ရဲ့ တဘဲ့တော်လို့ဟို “နင်လို့ရဲ့ ယုံကြည်ခြင်းဟ ပစာမှာ ဆိလုန်း” လို့ မေးအယ်။ အဲလိုလဲ သူလို့ဟ ကြောက်ပင်း အံ့ဩယွေ့ “ဟေသူဟ စသူလုန်း၊ သူဟ လေနဲ့ လှိုင်းဟို အမိန့်ပေးယွေ့ သူလို့ဟ နားထောင်ကြအယ်” ဟု တယောက်နဲ့တယောက် ပြောဆိုကြအယ်။
ယေရှုဟ ကမ်းပေါ် တက်လာသောအခါ မြို့မှ နတ်ဆိုးစွဲနေသော သူတဦးနဲ့ တွေ့အယ်။ အေးသူဟ ကာလအတန်ကြာ အဝတ်လည်း မဝတ်ဘဲ နေအိုင်နှိုက် မနေဘဲ လုတ်တိုင်းနှိုက်သာ နေထိန်တတ်အယ်။