21 ယေရှုဟ သူလို့အားလုံးဟို “ဘုရားသခင်ရဲ့ စကားဟို ကြားပင်း နားထောင်သောသူလို့ဟ ငါ့မေ့နဲ့ ငါ့ညီများ ဖြစ်အယ်” ဟု မိန့်အယ်။
အေးလို့ ပေတရု ဆှောက်ထားစဉ်ပင် တောက်ပသော မိုးသားတုန်းဟ သူလို့ အပေါ်ဟို ကျလာအယ်။ မိုးသားတုန်းထဲမှ အသံတော်ဟ “ဟေသူဟ ငါနှစ်သက်မြတ်နိုးရာ ငါရဲ့ ချစ်သားပေတည်း — သူရဲ့ စကားဟို နားထောင်ကြလော့” ဟု မိန့်အယ်။
ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန် ပြောတာဟ သိမ်ငယ်သည့် ဟေသူများအနက် တစုံတယောက်သောသူဟို နင်တို့ မပြုမစုဘဲနေခဲ့သမျှဟ ငါ့ဟို မပြုမစုဘဲ နေခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
အဲအခါ ယေရှုဟ “မကြောက်ကြနဲ့၊ သွားယွေ့ ငါရဲ့ညီအကိုများအား ဂါလိလဲပြေဟို သွားရန် ဟောကြားလော့။ သူလို့ဟ အေးပြေတွင် ငါ့ဟို မျော်ရကြလိမ့်မယ်” ဟု မိန့်အယ်။
ကောင်းသောမြေပေါ်တွင် ကျသောအစေ့ဟ သတင်းစကားဟို ကြားယွေ့ ကောင်းသော နာခံမှုဆိသော စိတ်နေလုံးဖြင့် ထိန်းသိမ်းထားကာ အသီးသီးသည်အထိ တည်မြဲကြအယ်။
တယောက်ဟ ယေရှုဟို “ကိုယ်တော်ရဲ့ မေ့နဲ့ ညီများဟ ကိုယ်တော်ဟို တွေ့ချင်လို့ အပြင်မှာ စောင့်နေကြအယ်” ဟု ပြောကြားအယ်။
ဟေအရာလို့ဟို နင်လို့အခု သိယွေ့ အဲအတိုင်းကျင့်ရင် နင်လို့ဟ မင်္ဂလာဆိကြအယ်။
ယေရှုဟလည်း “ငါဟ ခမည်းတော်ဆေဟို မတက်သွားရသေးလဲ့အတွက် ငါ့ဟို မထိနဲ့ဦး။ ငါ့ညီအကိုများဆေဟို သွားယွေ့ ‘ငါ့အဖဟူသော နင်လို့ရဲ့ ခမည်းတော်၊ ငါ့ ဘုရားသခင်ဟူသော နင်လို့ရဲ့ ဘုရားသခင်ဆေဟို ငါတက်သွားတော့မယ်’ ဟု သူလို့အား ပြောလော့” ဟု မိန့်အယ်။
အဲကျောန့် ငါလို့ဟ စသူ့ဟိုမျှ လူ့စံနှုန်းများဖြင့် တရားမစီရင်တော့ပါ။ တချိန်ဟ ငါလို့ဟ ခရစ်တော်ဟို လူ့စံနှုန်းများနဲ့အညီ တရားစီရင်ခဲ့သော်လည်း အခုခါနှိုက် အဲသို့ မပြုတော့ပါ။
ငါဟ နင်လို့ရဲ့အဖ ဖြစ်လိမ့်မယ်၊ နင်လို့ဟလည်း ငါရဲ့ လူပဲ့သငယ်များ ဖြစ်ကြလိမ့်မယ်ဟု အနန္တတန်ခိုးနဲ့ ပြေ့စုံသော ဘုရားသခင် မိန့်လေအယ်။”
နှုတ်ကပတ်တရားဟို လိုက်နာကျင့်သုံးသောသူများ ဖြစ်ကြလော့။ မိမိတတ်တိုင်း လှည့်စားယွေ့ ကြားနာသူသက်သက် မဖြစ်ကြနဲ့။
ခရစ်တော်ဟ ဖြောင့်မတ်တာဟို နင်လို့ သိကြလော့။ အဲလိုမို့ ဖြောင့်မတ်ခြင်းတရားဟို ကျင့်သုံးသောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ကျောန်း နင်လို့ သိကြအယ်။
ချစ်လှစွာသော မိတ်ဆွေ၊ မကောင်းသော အမှုဟို အတုမယူဘဲ ကောင်းသော အမှုဟိုသာ အတုယူကြလော့။ ကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်နဲ့ စပ်ဆိုင်အယ်။ မကောင်းသော အမှုဟို ပြုသောသူဟ ဘုရားသခင်ဟို မသိ မမျော်ဖူးပေ။