2 နတ်ဆိုးစွဲခြင်း ဘေးနဲ့ အနာရောဂါဘေးလို့မှ ကျန်းမာလာသော မိန်းမတချို့လို့လည်း လိုက်ကြအယ်။ မာရိ (မာဂဒလလို့ ခေါ်လဲ့သူ) ဆေမှ နတ်ဆိုးခုနေကောင် ထွက်လာတဲ့သူ ဖြစ်အယ်။
ယေရှုရဲ့ သတင်းဟ ရှုရိပြေ တဆှောက်လုံးတွင် ပျံ့သွားပင်း၊ လူလို့တွင် နတ်ဆိုးဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လေဖြတ်သောသူ၊ မကျန်းမာသောသူမှ စယွေ့ အမျိုးမျိုးသော အနာရောဂါစွဲကပ်သူ ဝေဒနာဆှင်များဟို အထံတော်သို့ ခေါ်ခဲ့ကြပင်း ယေရှုဟ အဲလူအပေါင်းလို့ဟို ရောဂါပျောက်ကင်း စေအယ်။
ဥပုသ်နေ့ လွန်သွားသောအခါ၊ မာဂဒလမြို့သူ မာရိ၊ ယာကုပ်ရဲ့ အမေ မာရိနဲ့ ရှာလုံလို့ဟ ယေရှုရဲ့ အလောင်းဟို သွားယွေ့ လိမ်းရန် ဆီမွှေးများဟို ဝယ်ယူကြအယ်။
တနင်္ဂနွေနေ့ နက်စာအစောတွင် ယေရှုဟ သေခြင်းမှ ထမြောက်ပင်းနောက်၊ ကိုယ်တော်ဟ သူ့ဆေမှ နတ်ဆိုး ခုနစ်ဦးဟို မောင်းထုတ်ပေးခဲ့သော မာဂဒလမြို့သူ မာရိဆေ ဦးရင်ဆုံး ကိုယ်ထင်ပြအယ်။
လူအုပ်ကြီးဟ နောက်တော်မှ လိုက်လာကြအယ်။ အမျိုးသမီးအချို့လို့ဟ မိမိလို့ရင်ဖတ်ဟို တီးယွေ့ ငိုကြွေးလျက် လိုက်ကြအယ်။
ဂါလိလဲပြေမှ နောက်တော်ဟို လိုက်လာကြသော အမျိုးသမီးများ အပါအဝင် ယေရှုဟို သိကျွမ်းသော သူအပေါင်းလို့ဟ အဝေးမှ ရပ်ပင်း ကျေ့နေကြအယ်။
ဂါလိလဲပြေမှ ယေရှုနဲ့ လိုက်လာခဲ့ကြသော အမျိုးသမီးများဟလည်း ယောသပ်နောက်ဟို လိုက်ယွေ့ လုတ်တိုင်းဟို လည်းကောင်း၊ ယေရှုရဲ့ အလောင်းဟို စလို ထားတာဟို လည်းကောင်း တွေ့မျော်ကြအယ်။
ယေရှုဟ သူဟို “နင့်နာမယ် စလိုခေါ်လုန်း” လို့ မေးအယ်။ ရမ်းဆာ့များလဲ့ နတ်ဆိုးများ သူ့အထဲဟို ဝင်နေသောကျောန့် “ငါ့ရဲ့ နာမယ်ဟ လေဂေါင် ဖြစ်အယ်” လို့ ပြန်ပြောလေအယ်။
ယေရှုရဲ့ လက်ဝါးကပ်တိုင်နားမှာ သူ့အမေ့နဲ့ သူ့အမေ့ရဲ့ညီမ ဖြစ်သော ကယာဖရဲ့ ပေါင်အိုမဖြစ်သူ မာရိနဲ့ မာဂဒလရွာသူ မာရိလို့ဟ ရပ်နေကြအယ်။
သူလို့ဟ ယေရှုနဲ့ အမေ့ဖြစ်သူ မာရိ အပါအဝင် အမျိုးသမီးလို့နဲ့ လည်းကောင်း၊ ကိုယ်တော်ရဲ့ ညီတော်လို့နဲ့ လည်းကောင်း မကြာခဏ တွေ့ဆုံယွေ့ ဆုတောင်းလျက် နေကြအယ်။