8 ယေရှုဟ သူလို့ရဲ့ အတွေးဟို သိသောကျောန့် သူ့အား “ထလော့၊ အဆေ့မှာ လာလော့” ဟု မိန့်အယ်။ အေးသူဟ နေရာမှ ထပင်း ရပ်လေအယ်။
ယေရှုဟ အဲသူလို့ တွေးတောပုံဟို သိမျော်သဖြင့် “နင်လို့ဟ ပစာကျောန့် ဟေလို့မားယွင်းစွာ တွေးနေကြလုန်း။
ယေရှုဟ လက်တဖက်သေသောသူအား “လူတိုင်းဆေ့တွင် မတ်တတ်ရပ်လော့” ဟု ပြောလေအယ်။
ယေရှုဟ အေးအမျိုးသမီးဟို မျော်သောအခါ သူ့ဆေ့ဟို ခေါ်ယွေ့ “အမျိုးသမီး၊ နင့်ရဲ့ အနာရောဂါဟနေ လွတ်ပီ” ဟု ပြောလေအယ်။
ယေရှုဟ သူလို့ စိတ်ထဲမှ အတွေးဟို သိရင် “ပစာကျောန့် နင်လို့ ဟေအရာများဟို တွေးနေကြလုန်း။
အေးနောက် ယေရှုဟ “ပညတ်အရ ဥပုသ်နေ့နှိုက် စလိုလုပ်ရမလော၊ ကောင်းတာဟို လုပ်မလော အဲဟာမဟုတ်ရင် ဆိုးတာဟို လုပ်မလော၊ တစုံတယောက်ရဲ့ အသက်ဟို ကယ်ဖို့လား အဲဟာမဟုတ်ရင် သတ်ဖို့လား” ဟု သူလို့အား ပြောအယ်။
ကိုယ်တော်ဟ သူလို့ရဲ့ စိတ်နေလုံးဟို သိသောကျောန့် ကိုယ်တော်အား လူ့အကျောန်းဟို စသူမှ ပြောရန် မလို။
ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ နင်ဟ ငါ့ဟို ချစ်သလော” ဟု တတိယအကြိမ် မေးအယ်။ ပေတရုဟ ဝမ်းနည်းသောကျောန့် “သခင်ဘုရား၊ ကိုယ်တော်ဟ အရာခပ်သိမ်းဟို သိအယ်၊ ကိုယ်တော်အား ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြောအယ်။ ယေရှုဟ သူ့အား ဆိုအယ် “ငါ့သိုးလို့ဟို ထိန်းလော့။
ငါ့ဟို စေလွှတ်သော သူရဲ့အမှုဟို နေ့အချိန်နှိုက် ဆိစဉ် ငါလို့ လုပ်ရမယ်၊ စသူမျှ မလုပ်ဆောင်နိန်သော အချိန်တည်းဟူသော ညအချိန် ရောက်လာလိမ့်မယ်။
အဲလိုလဲ ဘုရားသခင်ရဲ့ကျေးဇူးတော်အကျောန်း သတင်းကောင်းဟို သက်သေခံစေယွေ့၊ သခင် ယေရှုဟ ငါ့ဟို ပေးအပ်ထားသော အမှုတော်လုပ်ငန်း ပီးမြောက်စေနိန်ရန်အတွက်ဆိုရင် ငါဟ မိမိအသက်ဟိုပင် နှမြောခြင်း မဆိ။
ဘုရင်အဂြိပ္ပ၊ အေးအရာများ အကျောန်းဟို နင်သိသောကျောန့် ငါဟ နင့်ဆေ့မှာ ရဲဝံ့စွာပြောဆိုခြင်း ဖြစ်အယ်။ အေးအမှုအရာများဟ ချောင်ကြိုချောင်ကြားတွင် ဖြစ်ပျက်ခဲ့တာ မဟုတ်ပါ။ အကျောန်းမှာ ၎င်းလို့အထဲမှ မင်းကြီး မသိသောအရာ တစုံတခုမှဆိမယ် မဟုတ်ဟု ငါ ထင်မြင်အယ်။
နင်လို့ရဲ့ ရန်သူများဟို မကြောက်ကြနဲ့။ အခါခပ်သိမ်း ရဲရင့်ကြလော့။ ဟေအရာပင်လျှင် ရန်သူလို့အတွက် ရှုံးနိမ့်ခြင်း ဖြစ်ကျောန်းနဲ့ နင်လို့ အောန်မြင်ခြင်းဖြစ်ကျောန်းဟို သူလို့အား သက်သေပြလိမ့်မယ်။ ပစာကို့ နင်လို့အား အောန်ပွဲခံစေသောသူဟ ဘုရားသခင် ဖြစ်အယ်။
ဘုရားသခင်ရဲ့ မျက်မှောက်နှိုက် မထင်ဆှားသောအရာ တစုံတခုမျှ မဆိ။ ဖန်ဆင်းထားသော အရာခပ်သိမ်းလို့ဟ မျက်မှောက်နှိုက် ထင်ဆှားလျက် ဆိပင်း ငါလို့ဟ မိမိလို့ ပြုသမျှအတွက် ကိုယ်တော်ရဲ့ စစ်ကြောစီရင်ခြင်းဟို ခံကြရလိမ့်မယ်။
ခရစ်တော်ဟ ကိုယ်ခန္ဓာနှိုက် အေးလို့ ဆင်းရဲဒုက္ခခံစားရတာ ဖြစ်ယွေ့ နင်လို့ဟလည်း အေးလို့သော သဘောထားမျိုးဟို လက်နက်အဖြစ် စွဲကိုင်ကြလော့။ ပစာကို့ ကိုယ်ကာယတွင် ဆင်းရဲဒုက္ခခံစားရသောသူဟ အပစ်နဲ့ ပြတ်စဲပီ ဖြစ်အယ်။
သူရဲ့ လူပဲ့သငယ်လို့ဟိုလည်း သေဘေးဖြင့် ငါ အဆုံးစီရင်မယ်။ အဲအခါ ငါဟ စိတ်နေလုံးနဲ့ အတွင်းသဘောဟို စစ်ဆေးသောသူဖြစ်ကျောန်း အသင်းတော်အားလုံး သိရကြလိမ့်မယ်။ နင်လို့အသီးသီးဟိုလည်း မိမိလို့ ပြုသောအမှုများနဲ့အညီ အကျိုးအပစ်ဟို ငါ ပေးမယ်။