41 “နင်လို့ဟ ပစာကျောန့် ကိုယ့်မျက်စေ့နှိုက် သစ်တုံးဟို ဂရုမစိုက်ဘဲ ညီအကိုရဲ့ မျက်စေ့မှာ ဆိလဲ့ ငြောင့်သငယ်ဟို မျော်လုန်း။
“သူတပါးဟို မစီရင်ကြနဲ့၊ အေးမှသာ ဘုရားသခင်ဟ နင်လို့ဟို စီရင်လိမ့်မယ် မဟုတ်၊
သူလို့နှိုက် ငါးကတစ်လည်း ဆိအယ်။ ယေရှုဟ အဲအတွက် ကျေးဇူးတော်ဟို ချီးမွန်းယွေ့ သူလို့အား ဝေပေးရန် တဘဲ့တော်လို့ဟို ပြောအယ်။
တဘဲ့ဟ သူလို့ ဆရာထက် မြတ်တာ မဟုတ်၊ အဲလိုလဲ တဘဲ့တိုင်း သူရဲ့ ပညာသင် ပင်းသောအခါ သူလို့ဆရာလို ဖြစ်လိမ့်မယ်။
နင်ရဲ့ ညီအကိုဟို ‘ကျေးဇူးပြုပင်း ညီအကိုရေ နင့်ရဲ့ မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ငါ ထုတ်ပေးပါရစေ’ လို့ နင်လို့ ဖယ်လိုပြောမလဲ။ သူတော်ကောင်းဟန်ဆောင်သူလို့ နင့်ရဲ့ မျက်စေ့ထဲဟ သစ်တုံးဟို အရင်ထုတ်လော့၊ အေးသာမှ ညီအကို မျက်စေ့ထဲဟ ငြောင့်သငယ်ဟို ဆှင်းဆှင်းလင်းလင်း မျော်ရလိမ့်မယ်” ဟု မိန့်အယ်။
အဲသူလို့ဟ ထပ်တလဲလဲ မေးခွန်းထုတ်ကြသောအခါ ကိုယ်တော်ဟ မော့ကျေ့ယွေ့ “နင်လို့ထဲနှိုက် အပစ်ကင်းသူတယောက်ဟ ဦးရင် သူ့ဟို ကျောက်ခဲနဲ့ ပေါက်စေ” ဟု မိန့်အယ်။
ငါ့မိတ်ဆွေ၊ နင်ဟ တခြားသူများဟို တရားစီရင်သလော၊ နင်ဟ စသူဖြစ်နေပါစေ အပစ်စီရင်နိန်လဲ့ အခြေအနေမဆိ။ အကျောန်းမှာ သူတပါးဟို စီရင်ရာတွင် ကိုယ်အပစ်ဆိကျောန်းဟို စီရင်ဆုံးဖြတ်ရာရောက်အယ်။
အကျောန်းမှာ သူဟ မိမိတတ်တိုင်း ကျေ့ပင်း ထွက်ခွာသွားတာနဲ့ မိမိဟ စလို ပုံသဏ္ဌာန်ဆိတာဟို ခုတုံး မေ့လျော့သွားတတ်အယ်။