8 ရှိမုန် ပေတရုဟ ဖြစ်ပျက်ခဲ့လဲ့အရာဟို မျော်သောအခါ ယေရှု ဆေ့မှာ ဒူးထောက်ပျပ်ဝပ်လျက် “သခင်၊ ငါဟ အပစ်သား ဖြစ်အယ်၊ ငါဆေမှ ထွက်သွားမန့်” ဟု ပြန်ပြောအယ်။
အဲအသံဟို တဘဲ့တော်လို့ ကြားသောအခါ ရမ်းဆာ့ ကြောက်လန့်ပင်း သူလို့ မျက်နှာဟို မြေကြီးပေါ်မှာ အပ်ထားကြအယ်။
သူလို့ဟ နေအိုင်ဟို ဝင်ယွေ့ မယ်တော်မာရိနဲ့တကွ လူပဲ့သငယ်ဟို မျော်သောအခါ ဒူးထောက်ယွေ့ ရှိခိုးကြအယ်။ သူလို့ရဲ့ ဘဏ္ဍာကြုတ်လို့ဟို ဖွင့်ပင်းမှ ဆွေ၊ လောဗန်နဲ့ မုရန်တည်းဟူသော လက်ဆောင်များဟို ဆက်သကြအယ်။
တပ်မှူးဟ “ဆရာ၊ ငါ့ရဲ့ အိုင်မိုးအောက်ဟို ကိုယ်တော် ဝင်လာဖို့ မထိုက်တန်ပါ။ အမိန့်တော်ဟိုသာ ပေးပါ၊ အားပင်း ငါ့ရဲ့ အစေခံဟ ကျန်းမာစေလိမ့်မယ်။
အခြား လှေတစင်းမှာ ဆိသော သူလုပ်ဖော်ကိုင်ဖက်လို့ဟို လာကူညီပေးဖို့ သူလို့ဟို အချက်ပြလေအယ်။ အေးသူလို့ဟ လာယွေ့ လှေနေစင်းလုံး ငါးနဲ့ ပြေ့သဖြင့် နစ်ခါနီးနီး ဆိကြအယ်။
သူနဲ့ တခြားသူများအားလုံး သူလို့ ဖမ်းမိလိုက်သော ရမ်းဆာ့များသော ငါးလို့ဟို ကျေ့ပင်း အံ့ဩကြအယ်။
မာရိဟ ယေရှု ဆိသောအရပ်ဟို ရောက်ယွေ့ ကိုယ်တော်ဟို မျော်သောအခါ ခြေတော်ရင်းနှိုက် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ဟေအရပ်နှိုက် ကိုယ်တော်ဆိရင် ကျွန်မရဲ့မောင်ငယ် သေမှာမဟုတ်ဝူး” ဟု ဆှောက်လေအယ်။
အခုတွင် ငါလို့ဟ မန်အားဖြင့် ရိပ်မိလျက်သာ နေကြအယ်။ အဲအခါနှိုက် မျက်ဝါးထင်ထင် မျော်ရကြလိမ့်မယ်။ အခုတွင် ငါဟ စုံလင်စွာ မသိမမျော်ရ၊ အဲအခါနှိုက် ဘုရားသခင်ဟ ငါ့ဟို စုံလင်စွာ သိသလို ငါဟ စုံလင်စွာ သိရလိမ့်မယ်။
ငါဟ အဲသူဟို မျော်ရသောအခါ သူရဲ့ ခြေရင်းနှိုက် လဲကျယွေ့ လူသေလို ဖြစ်အယ်။ အဲအခါ သူဟ ငါ့အပေါ်နှိုက် သူရဲ့ လက်ယာလက်ဟို တင်လျက် “မကြောက်နဲ့၊ ငါဟ ဦးရင်ဆုံးနဲ့ နောက်ဆုံး ဖြစ်အယ်။