22 ယေရှုဟ သူလို့ စိတ်ထဲမှ အတွေးဟို သိရင် “ပစာကျောန့် နင်လို့ ဟေအရာများဟို တွေးနေကြလုန်း။
ဟေသို့ ကြံစည်ကျောန်းဟို ယေရှု ကြားသိသောအခါ အေးအရပ်မှ ကြွသွားပင်း ရမ်းဆာ့သော လူလို့ဟ နောက်တော်ဟို လိုက်ကြအယ်။ ယေရှုဟ ဖျားနာသူလို့ရဲ့ ရောဂါများဟို ပျောက်ကင်းစေအယ်။
ယေရှုဟ သူလို့ရဲ့ စဉ်းစားဆင်ခြင်မှုများဟို သိသဖြင့် ကိုယ်တော်ဟ သူလို့အား “နိုင်ငံတခုတွင် အတွင်းနှိုက် စိတ်ဝမ်းကွဲပြားလျက် အချင်းချင်းတိုက်ခိုက်နေရင် အဲနိုင်ငံဟ မကြာခင်ပျက်စီးလိမ့်မယ်။ အားပင်း အတွင်းနှိုက် စိတ်ဝမ်းကွဲပြားလျက် နေသောမြို့တိုင်း အဲဟာမဟုတ်ရင် မိသားစုဟလည်း မရပ်မတည်နိန်ရာ။
ယေရှုဟ အဲသူလို့ တွေးတောပုံဟို သိမျော်သဖြင့် “နင်လို့ဟ ပစာကျောန့် ဟေလို့မားယွင်းစွာ တွေးနေကြလုန်း။
သူလို့ ပစာပြောဆိုနေတာဟို ယေရှု သိသောကျောန့် ကိုယ်တော်ဟ သူလို့အား “နင်လို့ မုန့်မပါတဲ့အကျောန်းဟို ပစာကို့ ဆွေးနွေးကြလုန်း၊ နင်လို့ မသိသေးသလော အဲဟာမဟုတ်ရင် နားမလည်ကြဝူးလော၊ နင်လို့ရဲ့ စိတ်နေလုံးဟ မာကျောနေသေးသလော။
အဲလိုလဲ သူလို့ဟို “ပစာကျောန့် ကြောက်နေလုန်း။ ပစာကျောန့် နင်လို့ စိတ်နေလုံးထဲနှိုက် သံသယဖြစ်နေဝလော။
ကျမ်းတတ်ဆရာများနဲ့ ဖာရိရှဲများဟ “ဘုရားဟို ပစ်မားပြောဆိုသော ဟေသူဟ စသူလုန်း၊ အပစ်များမှ ခွင့်လွှတ်နိန်သူဟာ ဘုရားသခင် တဦးတည်းသာ ဖြစ်အယ်” ဟု သူလို့တတ်တိုင်း ဟောနေကြအယ်။
‘နင့်ရဲ့ အပစ်ဟို လွှတ်စေပီ’ လို့ပြောရဟာ ပိုပင်း လွယ်ကူသလော အဲဟာမဟုတ်ရင် ‘ထပင်း လှမ်းသွားမန့်’ လို့ ပြောရဟာ ပိုပင်း လွယ်သလော။
ပေတရုဟ သူ့အား “အာနနိ၊ နင်ဟ လယ်ရောင်းရလဲ့ ပိတ်ဆန် အချို့တဝက်ဟို မိမိအဖို့ ဖယ်ထားခြင်းအားဖြင့် သန့်ဆှင်းသော ဝိညာဉ်တော်ဟို ဝါပင်း စာတန်အား ပစာကျောန့် နင့်ရဲ့ စိတ်နေလုံးဟို စိုးမိုးခွင့်ပေးလုန်း။
ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်ဟ အသက်ဆှင်ယွေ့ ထက်မြက်ကာ အသွားနေဖက်ပါလဲ့ သံလျက်ဆိသမျှလို့ထက် သာယွေ့ ထက်သဖြင့် အသက်နဲ့ ဝိညာဉ်လို့အထိ လည်းကောင်း၊ အရိုးအဆစ်နဲ့ ခြင်ဆီလို့အထိ လည်းကောင်း၊ ထိုးဖောက်ပိုင်းခြား တတ်အယ်။ စိတ်နေလုံးရဲ့ အကြံအစည်နဲ့ သဘောထားလို့ဟိုလည်း ထိုးထွင်း သိမျော်အယ်။
သူရဲ့ လူပဲ့သငယ်လို့ဟိုလည်း သေဘေးဖြင့် ငါ အဆုံးစီရင်မယ်။ အဲအခါ ငါဟ စိတ်နေလုံးနဲ့ အတွင်းသဘောဟို စစ်ဆေးသောသူဖြစ်ကျောန်း အသင်းတော်အားလုံး သိရကြလိမ့်မယ်။ နင်လို့အသီးသီးဟိုလည်း မိမိလို့ ပြုသောအမှုများနဲ့အညီ အကျိုးအပစ်ဟို ငါ ပေးမယ်။