5 အေးနောက် မာရ်နတ်ဟ ကိုယ်တော်ဟို ခေါ်သွားပင်း ခုတင်ချင်း လောကနှိုက် ဆိသမျှသော တိုင်းနိုင်ငံများဟို ပြသခဲ့အယ်။
နိုင်ငံတော်နဲ့ဆိုင်လဲ့ သတင်းကောင်း အကျောန်းဟို ကမ္ဘာတဝန်းလုံးဆိ လူမျိုးအပေါင်းလို့အား သက်သေခံ ဟောပြောပင်းမှ ကပ်ကမ္ဘာကုန်ဆုံးချိန် ရောက်လိမ့်မယ်။
တခါ မာရ်နတ်ဟ ယေရှုဟို ရမ်းဆာ့ မြင့်သော တောင်ပေါ်ဟို ခေါ်သွားပင်း လောကနိုင်ငံဆိသမျှနဲ့ အဲနိုင်ငံလို့ရဲ့ ဘုန်းစည်းစိမ်ဟို ယိုးပြအယ်။
ဟေလောကအရာဟို သုံးသောသူဟ မသုံးသလို ဖြစ်ရမယ်။ ပစာကို့ ဟေလောကရဲ့ အဆင်းသဏ္ဌာန်ဟ ရွေ့သွားကွယ်ပျောက် တတ်အယ်။
ငါလို့ ခဏခံရသော ပေါ့ပါးလဲ့ ဆင်းရဲဒုက္ခဟ အတိုင်းအထက် ရမ်းဆာ့ကြီးမြတ်လဲ့ ထာဝရ ဘုန်းအသရေဟို ငါလို့အား ခံစားစေလိမ့်မယ်။
အေးအချိန်တွင် နင်လို့ဟ လောကရဲ့ မကောင်းသော လမ်းဟို လိုက်ခဲ့အယ်။ နင်ဟ အာကာသအတွင်း ဝိညာဉ်ရေးရာ စွမ်းအားများရဲ့ အုပ်ချုပ်သူကို နာခံခဲ့ပင်း၊ အေးဝိညာဉ်ဟ အခု ဘုရားသခင်ရဲ့ စကားနားမထောင်သောသူများ ချုပ်ကိုင်ခြင်းဟို ခံနေရအယ်။
အကျောန်းမှာ ငါလို့ဟ အသွေးအသားဆိသော သူဟို ရင်ဆိုင်တိုက်ခိုက်နေကြတာ မဟုတ်။ အုပ်ချုပ်မှုများ၊ အာဏာစက်များ၊ ဟေလောကီမိုက်ခြင်းဟို အစိုးတရပြုတတ်သော မင်းများ၊ အထက်ခေါန်းခင်အရပ်နှိုက်ဆိလဲ့ ဆိုးညစ်သော ဝိညာဉ်တန်ခိုးများနဲ့ ရင်ဆိုင်တိုက်ခိုက်နေကြခြင်း ဖြစ်အယ်။