17 ဇရပ်စောင့်ဟ ပရောဖက် ဟေရှာယရဲ့ ကျမ်းပအုပ်ဟို ကမ်းယွေ့ ပေးအယ်။ ကျမ်းစာလိပ်ဟို ဖွင့်ပင်း ရေးသားထားလဲ့ နေရာဟိုတွေ့ရင်၊
အာဗြဟံဟ ‘နင့်ညီတွေဟို သတိပေးဖို့ မောရှေနဲ့ ပရောဖက်များ ဆိနေဝဲ့။ သူလို့ရဲ့ စကားဟို နားထောင်ကြမန့်စေ’ ဟု ပြောအယ်။
ဒါဝိဒ်မင်း တတ်တိုင်းကပင် ဆာလံကျမ်းနှိုက်၊ “ ‘ထာဝရဘုရားဟ ငါ့ရဲ့ သခင်အား နင့်ရဲ့ ရန်သူများဟို နင့်ခြေတင်ရာခုံ အဖြစ် မထားမီ ကာလတိုင်အောန်၊
ယေရှုဟ သူကြီးပြင်းခဲ့သော နာဇရက်မြို့မှ ပြန်သွားပင်း၊ ဥပုသ်နေ့နှိုက် ကိုယ်တော်ဟ အလေ့ဆိလဲ့အတိုင်း တရားဇရပ်ဟို ဝင်အယ်။ ကိုယ်တော်ဟ ကျမ်းစာဖတ်ဖို့ ထအယ်။
“သခင်ဘုရားရဲ့ ဝိညာဉ်တော်ဟ ငါ့အပေါ်မှာ တည်အယ်။ ဆင်းရဲသောသူလို့အား သတင်းကောင်းဟို ဟောကြားစေရန် ငါဟို ခန့်ထားပီ။ ဖမ်းဆီးချုပ်ထားလျက် ဆိသော သူလို့အား လွတ်မြောက်စေရန်၊ မျက်စေ့ကန်းသူများ မျက်စေ့အလင်း ပြန်လည်ရဆိစေရန်၊ နှိပ်စက်ခံရသူများအား လွတ်မြောက်စေရန်၊
အေးနောက် ယေရှုဟ ကျမ်းစာလိပ်ဟို ပြန်လိပ်ပင်း ဇရပ်စောင့်အား ပြန်ပေးပင်းမှ ထိန်အယ်။ တရားဇရပ်နှိုက် ဆိသော လူအားလုံးဟ ကိုယ်တော်ဟို စိုက်ကျေ့ နေကြအယ်။
ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းဟို ဖတ်ရွတ်ပင်းမှ၊ တရားဇရပ် အုပ်ချုပ်ရေးမှူးဟ သူလို့ဆေ လူလွှတ်ယွေ့ “ညီအကိုလို့၊ လူလို့အတွက် တိုက်တွန်းအားပေးစကား ပြောစရာဆိရင် ပြောကြပါ” ဟု ဆိုကြအယ်။
အကျောန်းမှာ ယေရုရှလင်မြို့တွင် နေထိန်ကြသော လူများနဲ့ သူလို့ရဲ့ ခေါင်းဆောင်များမှာ ကိုယ်တော်ဟ ကယ်တင်ဆှင်ဖြစ်ကျောန်းဟို မသိကြ၊ ဥပုသ်နေ့တိုင်း ဖတ်ကြလဲ့ ပရောဖက်လို့ရဲ့ စကားဟိုလည်း နားမလည်ကြ။ အဲလိုလဲ ယေရှုဟို သေဒဏ် စီရင်ကြခြင်းအားဖြင့် အဲသူလို့ဟ ပရောဖက်များရဲ့ စကားများဟို ပြေ့စုံလာစေအယ်။
အေးလိုမို့ ဘုရားသခင်ဟ သူလို့ဆေမှ မျက်နှာလွှဲယွေ့ ခေါန်းခင်ရဲ့ ကြယ်များဟို ကိုးကွယ်ကြစေရန် သူလို့ဟို လောထားအယ်။ ပရောဖက် ပအုပ်များတွင် ဖော်ပြတာဟ “အို ဣသရေလ လူမျိုးလို့၊ နင်လို့ဟ တောကန္တာရတွင်၊ အနှစ်လေးဆယ်ပတ်လုံးလုံး၊ ယဇ်ပူဇော်ရန် တိရစ္ဆာန်များနဲ့ ယဇ်များဟို ငါ့ဆေဟို ယူဆောင်လာခဲ့ဖူးသလော။