13 သူဟ “နင်လို့ဟ ဥပဒေဟ သက်မှတ်ထားတာထက် ပိုပင်း အခွန် မကောက်ခံကြနဲ့” ဟု သူလို့အား ပြန်ပြောအယ်။
“နင်လို့ဟ ကိုယ်နှိုက် သူတပါး လုပ်စေလိုလဲ့အတိုင်း သူတပါးနှိုက် ပြုကြလော့၊ အေးစာဟ မောရှေရဲ့ ပညတ္တိကျမ်းနဲ့ ပရောဖက်ကျမ်းများရဲ့ အချုပ် ဖြစ်အယ်။
ဇက္ခဲဟ ရပ်လျက် သခင့်ဟို “နားထောင်ပါအုံး ဆရာ၊ ငါ့ရဲ့ ဥစ္စာပစ္စည်းတဝက်ဟို ဆင်းရဲသောသူလို့ဟို ပေးပါမယ်၊ အကယ်ယွေ့ တစုံတယောက်ဆေမှ မတရားတောင်းယူမိရင် အေးငွေရဲ့ လေးဆဟို ပြန်ပေးပါမယ်” ဟု ပြောလေအယ်။
အခွန်ခံတချို့လို့ဟ နှစ်ခြင်း ခံဖို့လာကြယွေ့ သူလို့ဟ “ဆရာ၊ ငါလို့ဟ စလို လုပ်ရမလုန်း” ဟု မေးဆှောက်ကြအယ်။
အချို့ စစ်သားများဟလည်း “ငါလို့ဟ စလိုလုပ်ရမလုန်း” ဟု မေးဆှောက်ကြအယ်။ သူဟ “စသူဆေမှ အတင်းအကျပ် ပိတ်ဆန် မယူကြနဲ့၊ စသူ့ဟိုမှ ကစတ်ကလတ် မစွပ်စွဲကြနဲ့။ နင်လို့ရလဲ့ လခနဲ့ ရောင့်ရဲပင်း နေကြလော့” ဟု သူလို့အား ပြန်ပြောအယ်။
ခိုးသောသူ၊ လောဘလွန်ကျူးသောသူ၊ သေယေသေရက်နဲ့ ယဇ်မူးသောသူ၊ ဆဲရေးကဲ့ရဲ့သောသူ၊ အနိန်အထက် လုယူသောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေ မခံရကြ။
ခိုးဖူးသူတိုင်း ခိုးယူခြင်း မပြုတော့ဘဲ လိုအပ်နေသူများအား မျှဝေနိန်စေရန်အတွက် မိမိလက်ဖြင့် ကောင်းသော အရာများကို လုပ်ဆောင်စေ။
အဲကျောန့် ဟေမျှလောက် များစွာသော သက်သေလို့ဟ ငါလို့ဟို ဝိုင်းရံလျက် ဆိတာဖြစ်ယွေ့ ငါလို့ဟ လေးသောဝန်နဲ့ အလွယ်တကူ ငြိတွယ်လျက် နေသော အပစ်ဆိသမျှလို့ဟို ဖယ်လောလျက် ငါလို့ မျက်မှောက်နှိုက် ထားသော ပန်းတိုင်ဟို ရောက်ဖို့ အားမလျော့ဘဲ ပြေးကြကုန်စို့။