11 သူဟ “ရှပ်အင်္ကျီ နေထည်ဆိသောသူဟ မဆိသောသူဟို ငရမယ်၊ စားစရာဆိသောသူဟလည်း အေးတိုင်းတိုင်း ငရမယ်” လို့ ပြန်ပြောအယ်။
ဘုရင်ဟ ‘နင်လို့အား ငါ အမန်အကန်ပြောတာဟ ငါရဲ့ညီများအနက် အသိမ်ငယ်ဆုံးဖြစ်သူ တယောက်အား နင်လို့ ပြုခဲ့သမျှဟ ငါ့အား ပြုခဲ့ခြင်းဖြစ်အယ်’ ဟု မိန့်လိမ့်မယ်။
အဲလိုလဲ နင်လို့ရဲ့ ပန်းကန်၊ ခွက်ယောက်များတွင် ဆိလဲ့အရာဟို ဆင်းရဲသူများဟို ပေးကမ်းစွန့်ကြဲလိုက်ကြ။ အေးလို့ပြုလျှင် ပစာညမ်းညမ်း နင်လို့ဖို့ ဖြူစင်စေလိမ့်မယ်။
ယေရှုဟ အဲစကားဟို ကြားသောအခါ “နင်နှိုက် လုပ်စရာတခု လိုသေးအယ်။ နင့်ဥစ္စာဆိသမျှဟို ရောင်းပင်း ဆင်းရဲသားလို့ဟို ပေးကမ်းစွန့်ကြဲလိုက်၊ အေးလို့လုပ်ရင် နင်ဟ ခေါန်းခင်ဘုံတွင် ဘဏ္ဍာဟို ရလိမ့်မယ်၊ အေးလို့လုပ်ပင်းမှ ငါ့နောက်ဟို လိုက်ခဲ့လိုက်” ဟု ပြောအယ်။
ဇက္ခဲဟ ရပ်လျက် သခင့်ဟို “နားထောင်ပါအုံး ဆရာ၊ ငါ့ရဲ့ ဥစ္စာပစ္စည်းတဝက်ဟို ဆင်းရဲသောသူလို့ဟို ပေးပါမယ်၊ အကယ်ယွေ့ တစုံတယောက်ဆေမှ မတရားတောင်းယူမိရင် အေးငွေရဲ့ လေးဆဟို ပြန်ပေးပါမယ်” ဟု ပြောလေအယ်။
အချို့သောတဘဲ့တော်လို့ဟ ယုဒသည် ပိတ်ဆန်အိတ်ဟို ထိန်းသိမ်းရသောသူဖြစ်သောကျောန့် ယေရှုဟ ဟေပွဲအတွက် လိုအပ်သောအရာများဟို ဝယ်ယူလော့ အဲဟာမဟုတ်ရင် ဆင်းရဲသောသူလို့အား တစုံတခုဟို ပေးသင့်အယ်ဟု ထင်မှတ်ကြအယ်။
သူနဲ့တကွ သူရဲ့ အိုင်သူအိုင်သား အားလုံးလို့ဟ ဘုရားတရား ကြည်ညိုယွေ့ ဘုရားသခင်ဟို ကိုးကွယ်သူများ ဖြစ်အယ်။ သူဟ ဆင်းရဲသော ယုဒအမျိုးသားလို့အား ရက်ရောစွာ လှူဒါန်းပင်း ဘုရားသခင်ဆေ အချိန်မန်မန် ဆုတောင်းလေ့ ဆိအယ်။
‘ကော်နေလိ၊ နင့်ရဲ့ ဆုတောင်းသံဟို ဘုရားသခင် ကြားယွေ့ နင့်ရဲ့ စွန့်ကြဲပေးကမ်းမှုဟိုလည်း သိမှတ်ပီ။
သူဟ ကြောက်လျက် ခေါန်းခင်တမန်ဟို စိုက်ကျေ့ပင်း “ဆရာ၊ ပစာအကျောန်း ဆိသလော” ဟု မေးဆှောက်အယ်။ ခေါန်းခင်တမန်ဟလည်း “နင် ဆုတောင်းခြင်းနဲ့ ရက်ရောမှုဟို ဘုရားသခင် နှစ်သက်သဖြင့် နင့်အား သိမှတ်လေပီ။
ခိုးဖူးသူတိုင်း ခိုးယူခြင်း မပြုတော့ဘဲ လိုအပ်နေသူများအား မျှဝေနိန်စေရန်အတွက် မိမိလက်ဖြင့် ကောင်းသော အရာများကို လုပ်ဆောင်စေ။
ဟေလောကနှိုက် ချမ်းသာသောသူလို့ဟ မာန်မာနကြီးခြင်း၊ မမြဲသော စည်းစိမ်များအပေါ်နှိုက် မျော်လင့်အားထားခြင်း မဆိဘဲ ပျော်ရွှင်မှုအတွက် အလုံးစုံလို့ဟို ငါလို့အား ပေးသော ဘုရားသခင်အပေါ်နှိုက် မျော်လင့်အားထားကြရမယ်။
သူတပါးလို့အား ကျေးဇူးပြုတတ်ကြစေရန် လည်းကောင်း၊ ကောင်းသောအကျင့်များနဲ့ ကြွယ်ဝပြေ့စုံယွေ့ ရက်ရောစွာ ဝေငှပေးကမ်းတတ်ကြစေရန် လည်းကောင်း သူလို့အား ဆုံးမသွန်သင်လော့။
အကျောန်းမှာ ဘုရားသခင်ဟ နင်လို့ရဲ့ လုပ်ဆောင်မှုဟို လည်းကောင်း၊ သန့်ဆှင်းသူလို့ဟို မခင်ဟ နင်လို့ လုပ်ကျွေးပြုစုသလို အခုလည်း လုပ်ကျွေးပြုစုလျက် ကိုယ်တော်ရဲ့ နာမတော်ဟို ထောက်ယွေ့ နင်လို့ပြသော ချစ်ခြင်းမေတ္တာလို့ဟို လည်းကောင်း၊ မေ့လျော့လဲ့တိုင်အောန် တရားမျှတမှု ကင်းမဲ့တာ မဟုတ်။
ခမည်းတော် ဘုရားသခင်ဆေ့နှိုက် စင်ကြယ်ယွေ့ ညစ်ညူးခြင်း ကင်းသော ဘာသာတရား ကိုင်းရှိုင်းမှုဆိုတာဟ ဆင်းရဲဒုက္ခခံရသော မိဘမဆိလဲ့ လပဲ့သငယ်များနဲ့ မုဆိုးမလို့ဟို ကျေ့ရှုခြင်း၊ လောကီအညစ်ကြေးလို့နဲ့ ကင်းစင်စေရန် မိမိတတ်တိုင်း စောင့်ထိန်းခြင်း ဖြစ်အယ်။
ငါ့ညီအကို မောင်နှမလို့၊ လူတစုံတယောက်ဟ ယုံကြည်အယ်ဟု ဆိုသော်လည်း အကျင့်အားဖြင့် သက်သေမပြနိန်ရင် ပစာ အကျိုးဆိမှာလုန်း။ အဲယုံကြည်ခြင်းဟ သူ့အား ကယ်တင်နိန်မှာလုန်း။
တစုံတဦးဟ လောကီစည်းစိမ် ဆိလျက်နဲ့ မိမိညီအကို မောင်နှမ ဆင်းရဲချို့တဲ့နေတာဟို မျော်ယွေ့ မိမိရဲ့ သနားခြင်း ကရုဏာစိတ်ဟို ချုပ်တည်းထားရင် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ အဲသူနှိုက် စလိုတည်မလုန်း။
ဘုရားသခင်ဟို ချစ်တာဟု ဆိုလျက် ညီအကို မောင်နှမဟို မုန်းရင် အဲသူဟ ဝါသောသူဖြစ်အယ်။ မျော်ရသော မိမိညီအကို မောင်နှမဟို မချစ်သောသူဟ မမျော်ရသော ဘုရားသခင်ဟို မချစ်နိန်။