6 ကိုယ်တော်ဟ ဟေအရပ်နှိုက် မဆိ၊ ဆှင်ပြန်ထမြောက်ပီ။ ကိုယ်တော်ဟ ဂါလိလဲပြေနှိုက် ဆိစဉ် နင်လို့အား စလို မိန့်ခဲ့တာဟို သတိရကြလော့။
အေးနည်းတူ ယောနဟ ငါးကြီးရဲ့ဖိုက်ထဲတွင် သုံးရက်လုံးလုံးနေရသလို လူသားဟလည်း မြေကြီးထဲတွင် သုံးရက်နေရလိမ့်မယ်။
ယေရှုဟ ယေရုရှလင်မြို့သို့ သွားယွေ့ လူအကြီးအကဲများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများရဲ့ လက်တွင် ဒုက္ခဝေဒနာများစွာ ခံစားရပင်း အသေသတ်ခြင်းခံရကာ သုံးရက်မြောက်သောနေ့နှိုက် သေခြင်းမှ ထမြောက်ဆှင်ပြန်မဲ့အကျောန်း တဘဲ့တော်လို့အား အဲအချိန်မှစယွေ့ စတင်ဆှင်းပြအယ်။
“ဆရာ၊ အေးလူလိမ် အသက်ဆှင်စဉ်အခါဟ ‘ငါသည် သုံးရက်ကြာရင် သေခြင်းမှ ထမြောက်မယ်’ ဟု ဟောခဲ့တာဟို ငါလို့ မှတ်မိအယ်။
ကိုယ်တော်ဟ ဟေနေရာနှိုက် မဆိ မိန့်ခဲ့လဲ့အတိုင်း ဆှင်ပြန်ထမြောက်ပီ။ ကိုယ်တော် လျောင်းတဲ့နေရာဟို လာပင်း ကျေ့ကြလော့။
သူဟ “မထိတ်လန့်ကြနဲ့” ဟု ပြောအယ်။ နင်လို့ဟ လက်ဝါးကပ်တိုင်တွင် တင်ယွေ့ အသတ်ခံရသူ နာဇရက်မြို့သား ယေရှုဟို ဆာလျက်နေတာဟို ငါသိအယ်။ သူဟ ဟေမှာမဆိ၊ ကိုယ်တော်ဟ ထမြောက်ပီ။ ကိုယ်တော်ရဲ့ အလောင်းဟို ထားသောနေရာဟို ကျေ့ကြလော့။
အဲပင်းရင် ယေရှုဟ “လူသားဟ ရမ်းဆာ့သော ဒုက္ခဝေဒနာ ခံစားလျက် အသက်ကြီးသူများ၊ ယဇ်ပုရောဟိတ်ကြီးများ၊ ကျမ်းတတ်ဆရာများရဲ့ ငြင်းပယ်ခြင်းဟို ခံရမယ်။ သူဟ အသတ်ခံရလိမ့်မယ်၊ အဲလိုလဲ နောက်သုံးရက်အကြာတွင် သူဟ ထမြောက်လိမ့်မယ်” ဟု သူရဲ့ တဘဲ့တော်လို့အား စတင် သွန်သင်လေအယ်။
စုရုံးနေကြသော သူလို့ဟ “သခင်ဟ တကယ် ထမြောက်ဝါးပီ။ ကိုယ်တော်ဟ ရှိမုန်ဟို ကိုယ်ထင်ပြပီ” ဟု ပြောဆိုကြအယ်။
အမျိုးသမီးများဟ ကြောက်ရွံ့ယွေ့ မြေပေါ်မှာ ပျပ်ဝပ်နေကြအယ်။ အေးသူနေယောက်ဟ “ပစာကို့ နင်လို့ဟ အသက်ဆှင်နေသူဟို သေသောသူလို့ ထားလဲ့အရပ်မှာ ဆာနေကြလုန်း။
ယေရှုဟ “လူသားဟ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်ကြီးများနဲ့ ကျမ်းတတ်ဆရာများရဲ့ ငြင်းပယ်ခြင်းဟို ခံရပင်းရင် ဝေဒနာများဟိုလည်း ခံစားရမယ်။ သူဟ အသေသတ်ခြင်းဟို ခံရမယ်။ အဲလိုလဲ သုံးရက်မြောက်နေ့မှာ အသက်ပြန်ဆှင် ထမြောက်လိမ့်မယ်” ဟု သူလို့အား မိန့်အယ်။
ယေရှုဟ သူရဲ့ တဘဲ့တော်များဟို “ငါပြောခဲ့လဲ့ အကျောန်းအရာဟို မမေ့ကြနဲ့၊ လူသားဟ လူလို့ရဲ့ လက်ထဲဟို အပ်တဲ့အချိန် ရောက်လာပီ” ဟု ပြောအယ်။
အဲလိုလဲ ဘုရားသခင်ဟ သူ့အား သေခြင်းမှ ထမြောက်စေပင်း သူ့ရဲ့ တန်ခိုးတော်အားဖြင့် လွတ်မြောက်စေအယ်၊ ပစာကို့ အေးအဆှင်ဟို သေခြင်းဟ အစဉ်အမြဲ ကိုယ်တော်ဟို တုတ်ချေယွေ့ မရနိန်။
နင်လို့နဲ့ အတူဆိစဉ်ဟ ဟေအရာများဟို နင်လို့အား ငါပြောခဲ့တာဟို နင်လို့ မမှတ်မိကြသလော။