43 ယေရှုဟ သူ့အား “ငါ အမန်ပြောတာဟ ခုနေ့ပင် နင်ဟ ငါနဲ့အတူ ပရဒိသုဘုံမှာ ဆိလိမ့်မယ်” ဟု ပြောလေအယ်။
လူသားဟ ပျောက်ဆုံးသောသူများဟို ဆာရန်နဲ့ ကယ်တင်ရန် လာခြင်းဖြစ်အယ်” ဟု သူ့ဟို ပြောအယ်။
အဲပင်းရင် ယေရှုအား “ကိုယ်တော် နိုင်ငံတော်တည်လျက် ကြွလာသောအခါ ငါ့ဟို သတိရပါ” ဟု သူဟ ပြောအယ်။
အဲသို့သွားယွေ့ နင်လို့အတွက် နေရာပြင်ဆင်ပင်းရင် ငါဆိရာအရပ်နှိုက် နင်လို့လည်း ဆိစေရန် ပြန်လာယွေ့ နင်လို့အား ငါ့နဲ့အတူဆိစေရန် သိမ်းဆည်းမယ်။
“အို အဖ၊ ကိုယ်တော်ဟ ကမ္ဘာမတည်မဆိမီ ငါ့ဟို ချစ်ယွေ့ ပေးသော ဘုန်းအသရေဟို ငါ့အား ကိုယ်တော်ပေးသော သူလို့ဟ မျော်ကြစေရန် ငါဆိရာအရပ်တွင် သူလို့အား ဆိစေလိုအယ်။
ငါဆိုတာဟ၊ ငါလို့ဟ ယုံကြည်မှုဆိပင်း ကိုယ်ခန္ဓာမှ ကွာလျက် သခင်ဘုရားနဲ့ အတူဆိနေရန် သာယွေ့ အလိုဆိကြအယ်။
ငါဟ ဟေနေခုကြားနှိုက် အကျပ်ရိုက်နေအယ်။ ငါဟ ဟေဖဝါ့ဟို စွန့်ခွာယွေ့ ခရစ်တော်နဲ့အတူဆိရန် ဆန္ဒဆိအယ်။ အဲသို့ဖြစ်လျှင် ရမ်းဆာ့ သာလွန်ကောင်းမွန်အယ်။
အဲကျောန့် ကိုယ်တော်ဟ မိမိအားဖြင့် ဘုရားသခင်ဆေဟို ချဉ်းကပ်သောသူလို့ဟို အပြေ့အဝ ကယ်တင်နိန်အယ်၊ ပစာကို့ ကိုယ်တော်ဟ သူလို့အတွက် အသနားခံပေးရန် အစဉ်အမြဲ အသက်ဆှင်လျက် ဆိအယ်။
“ဝိညာဉ်တော်ဟ အသင်းတော်လို့အား စလို မိန့်တာဟို နားဆိသောသူဟ ကြားပါစေ။ “သူဟ အောန်မြင်အယ်။ အဲသူဟ ဘုရားသခင်ရဲ့ ပရဒိသုဘုံနှိုက် ဆိသော အသက်ပင်ရဲ့ အသီးဟို စားစေခြင်းငှာ ငါ အခွင့်ပေးမယ်။