4 အဲပင်းရင် ပိလတ်မင်းဟ “ဟေလူအား စွဲချက်တင်ရန် အကျောန်းတစုံတခုမျှ ငါ မတွေ့” ဟု ယဇ်ပုရောဟိတ်ကြီးများနဲ့ လူအပေါင်းလို့အား ဆိုအယ်။
ပိလတ်မင်းဟ တရားစီရင်ခြင်း ထိန်ခုံတွင် ထိန်နေခါ သူရဲ့ပေါင်အိုမဟ လူဟို စေလွှတ်ယွေ့ “အေးဖြောင့်မတ်သောသူနဲ့ ပတ်သက်ယွေ့ ပစာအရာဟိုမျှ မလုပ်ပါနဲ့။ ပစာကို့ ငါဟ မနေ့ည အိပ်မက်တွင် သူ့အတွက် စိတ်ဒုက္ခများစွာ ရောက်ရပါအယ်” ဟု ပြောစေအယ်။
ပိလတ်မင်းဟ “ပစာကျောန့်လုန်း၊ သူဟ ပစာရာဇဝတ်မှုဟို ကျူးလွန်ခဲ့သလော” ဟု မေးအယ်။ အဲလိုလဲ သူလို့အားလုံးဟ “သူ့ဟို လက်ဝါးကပ်တိုင်တွင် တင်ယွေ့သတ်ပါ” ဟု ကျယ်ကျယ်အော်ကကြအယ်။
ပိလတ်မင်းဟ “သူဟ စလိုပစ်မှုဟို ကျူးလွန်လို့လုန်း၊ သူ့ဟို သေဒဏ်ပေးထိုက်သော အကျောန်း တခုတလေမှ ငါ မတွေ့။ အေးလိုမို့ သူ့ဟို ကြိမ်ဒဏ်ပေးယွေ့ လွှတ်လိုက်မယ်” ဟု သုံးခါမြောက် ပြောလေအယ်။
ပိလတ်မင်းဟ “သမ္မာတရားဟ ပစာတုန်း” ဟု မေးအယ်။ အဲပင်းရင် ပိလတ်မင်းဟ လူလို့ဆေဟနေ အပြင်ဟိုထွက်လာပင်း “အေးသူအား အပစ်စီရင်ရန် တစုံတရာဟိုမျှ ငါမတွေ့။
အဲလိုလဲ သူဟ သေဒဏ်ခံထိုက်သော အပစ်တစုံတရာဟိုမျှ မကျူးလွန်ကျောန်းဟို ငါ့အနေဖြင့် သိပါအယ်။ အားပင်း သူတတ်တိုင်းဟ ဧကရာဇ်မင်းဆေမှာ အယူခံပါမယ်လို့ ပြောသဖြင့် သူ့ဟို အထံတော်ဟို ပို့ဆောင်ရန် ငါ ဆုံးဖြတ်ခဲ့ပါအယ်။
အာဗြဟံရဲ့ ဘုရား၊ ဣဇက်နဲ့ ယာကုပ်လို့ရဲ့ ဘုရား၊ ငါလို့ ဖိုးဖေးများရဲ့ ဘုရားဟ မိမိရဲ့ အစေခံ ယေရှုဟို ဘုန်းတော် ထင်ဆှားစေပီ။ အဲလိုလဲ နင်လို့ဟ အဲအဆှင်ဟို ရန်သူလက်ဟို အပ်လိုက်ယွေ့ အဲအဆှင်ဟို လွတ်ငြိမ်းချမ်းသာ ခွင့်ပေးရန် ဆုံးဖြတ်ထားသော ပိလတ်မင်း ဆေ့တွင် ငြင်းပယ်ခဲ့ကြအယ်။
အဲလိုမို့ ယေရှုဟ ငါလို့နဲ့ သင့်လျော်သော ယဇ်ပုရောဟိတ်မင်း ဖြစ်အယ်။ ကိုယ်တော်ဟ သန့်ဆှင်းမြင့်မြတ်ယွေ့ အပစ်ကင်းလွတ်အယ်၊ အပစ်သားလို့နဲ့ ခွဲခြားထားခြင်း ခံရကာ ခေါန်းခင်သားအပေါင်းလို့ထက် ချီးမြှောက်ခြင်းဟို ခံအယ်။
အစွန်းအထင်း ကင်းလျက် အပစ်အနာအဆာ မဆိလဲ့ သိုးသငယ်လိုမျိုး ခရစ်တော်ရဲ့ အဖိုးတန်သော သွေးတော်အားဖြင့် ဖြစ်ကျောန်း နင်လို့ သိကြအယ်။
ကိုယ်တော်ဟ အပစ်ဟို မလုပ်။ ကိုယ်တော်ရဲ့ နှုတ်တော်နှိုက် ဝါတာဟို မမျော်ရ။
အကျောန်းမှာ ခရစ်တော်ဟ နင့်အား အပစ်များအတွက် တခါတည်း အသေခံခဲ့အယ်။ နင်လို့ဟို ဘုရားသခင်ဆေဟို ပို့ဆောင်မဲ့အကျောန်း ဖြောင့်မတ်သောသူဟ မဖြောင့်မတ်သောသူလို့ ကိုယ်စား ဒုက္ခဝေဒနာဟို ခံစားစေအယ်။ ကိုယ်တော်ဟ ကိုယ်ကာယနှိုက် အမန်အသေခံသော်လည်း ဝိညာဉ်တော်နှိုက် အသက်ဆှင်အယ်။