23 တဘဲ့တော်လို့ဟလည်း အေးအမှုဟို စသူပြုလိမ့်မလောဟု သူလို့တတ်တိုင်း မေးမြန်းကြအယ်။
တဘဲ့တော်လို့ဟ ရမ်းဆာ့ စိတ်မချမ်းမသာဖြစ်ကြလျက် စတင်ပင်း “သခင် ငါလော” ဟု တဦးပင်း တဦး မေးဆှောက်ကြအယ်။
တဘဲ့တော်လို့ဟ စိတ်မချမ်းမသာဖြစ်ကြလျက် “သေချာတာဟ နင်ဟ ငါဟို ဆိုလိုလော” ဟု တယောက်ပင်းတယောက် သူလို့ဟ ကိုယ်တော်အား မေးကြအယ်။
လူသားဟ ဘုရားသခင် ခွဲခန့်မှတ်သားထားလဲ့အတိုင်း အသေခံရန် အမန်ပင် သွားရမယ်။ အဲလိုလဲ လူသားဟို ရန်သူလက်ဟို အပ်သောသူဟ အမင်္ဂလာဆိအယ်” ဟု ပြောလေအယ်။
တဘဲ့တော်လို့ဟ မိမိလို့တွင် စသူဟ အကြီးမြတ်ဆုံးဖြစ်လုန်းဟု အငြင်းပွားကြအယ်။