8 ယေရှုဟ “နင်လို့ဟ လှည့်စားခြင်း မခံရကြစေရန် သတိပြုကြလော့။ အကျောန်းမှာ ငါ့နာမဟို အမှီပြုယွေ့ ‘ငါဟ အဲသူဖြစ်အယ်၊ အချိန်နီးကပ်လာပီ’ ဟု ဆိုလျက် လာကြလိမ့်မယ်။ အေးသူလို့ရဲ့ နောက်ဟို မလိုက်ကြနဲ့။
ရမ်းဆာ့သော ပရောဖက်အတုအယောင်လို့ဟ ပေါ်လာပင်း လူများစွာလို့ဟို ဝါကြလိမ့်မယ်။
“နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောပြောလေအယ်။
အဲအခါမှစပင်း ယေရှုဟ “နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့။ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောခဲ့အယ်။
လူလို့ဟ နင်လို့အား ‘လူသားဟ ဟေအရပ်နှိုက် ဆိအယ်၊ ဟိုးနေရာမှာ ဆိအယ်’ ဟု ဆိုလိမ့်မယ်။ သူလို့နောက်ဟို ပြေးမလိုက်ကြနဲ့ ဟု ဆိုကြလိမ့်မယ်။
သူလို့ဟ “ဆရာ” “ဟေအမှုအရာများဟ ပစာကာလတွင် ဖြစ်ပျက်ပါမလုန်း။ ဟေအမှုအရာများ ဖြစ်ပျက်ချိန်နှိုက် စလို နိမိတ်များ ပေါ်ထွန်းပါမလုန်း” ဟု မေးကြအယ်။
နင်လို့ဟ စစ်ပွဲများနဲ့ ပုန်ကန်တော်လှန်မှုသတင်းများဟို ကြားကြသောအခါ မထိတ်လန့်ကြနဲ့။ ဟေအမှုအရာများဟ ဦးရင်ဆုံး ဖြစ်ပျက်ရမယ်၊ အဲလိုလဲ အဆုံးချိန်မှာ မရောက်သေး” ဟု ပြောအယ်။
ငါဟ ခမည်းတော်ရဲ့ အခွင့်အာဏာနဲ့ ရောက်ဆိလာသော်လည်း နင်လို့ဟ ငါ့ဟို လက်မခံကြ၊ အခြားသူတဦးတယောက်ဟ ကိုယ်ပိုင်အခွင့်အာဏာနဲ့ ရောက်ဆိလာပါမူ နင်လို့ လက်ခံကြလိမ့်မယ်။
အဲကျောန်းကျောန့် နင်လို့ဟ မိမိလို့အပစ်နှိုက် သေကြလိမ့်မယ် ဟု ငါဆိုအယ်။ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို နင်လို့ မယုံကြည်ရင် မိမိလို့အပစ်နှိုက် သေလိမ့်မယ်” ဟု မိန့်အယ်။
အဲလိုမို့ ယေရှုဟ “လူသားဟို မြှောက်ထားသောအခါမှ ငါဟ ‘ငါဖြစ်လဲ့အတိုင်း ငါဖြစ်အယ်’ ဟို လည်းကောင်း၊ ငါဟ ကိုယ့်အလိုအတိုင်း ပစာအမှုဟိုမှ မပြုဘဲ၊ ငါ့ခမည်းတော်ရဲ့ သွန်သင်လဲ့အရာဟိုသာ ပြောတာဟိုလည်းကောင်း နင်လို့ဟ သိကြလိမ့်မယ်။
ဆိုးညစ်သောသူလို့ဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို အမွေမခံရတာဟို နင်လို့မသိကြသလော။ အလွဲမယူကြနဲ့၊ မတရားသောမေထုန်နှိုက် မှီဝဲသောသူ၊ ရုပ်တုကိုးကွယ်သောသူ၊ သူ့မယားဟို ပစ်မားသောသူ၊ ယောက်ျားချင်း မေထုန်ဟို ပြုသောသူ၊
အကျိုးမဲ့သော စကားဖြင့် နင်လို့ကို စသူမျှ မလှည့်စားစေနဲ့။ ဟေအရာများကျောန့် ဘုရားသခင်ရဲ့ အူထော့တာဟ မနာခံသောသူလို့အပေါ်ဟို ရောက်လိမ့်မယ်။
စသူကမှ နင်လို့ဟို ပစာနည်းနဲ့မှ မလှည့်စားစေနဲ့။ အကျောန်းမှာ ဖောက်ပြန်သင်းခွဲခြင်း ဦးရင်ဖြစ်ယွေ့၊ မတရားသောသူ တည်းဟူသော ပျက်စီးခြင်းရဲ့ သား မပေါ်လာခင် အေးနေ့ရက် ရောက်လာလိမ့်မယ် မဟုတ်။
ဆိုးညစ်သောသူလို့နဲ့ လှည့်စားသောသူလို့ဟ သူတပါးဟို လှည့်စားလျက် ကိုယ့်တတ်တိုင်းလည်း လှည့်စားခြင်းဟို ခံရလျက် ပိုယွေ့ ဆိုးရွားသောအဖြစ်ဟို ကျဆင်း သွားကြလိမ့်မယ်။
ချစ်ရသောသူလို့၊ ဝိညာဉ်တော် ခံယူရဆိတာဟု ဆိုသူတိုင်းဟို မယုံကြနဲ့။ သူလို့ ခံယူရဆိလဲ့ဆိုသော ဝိညာဉ်တော်ဟ ဘုရားသခင်ဆေမှ ဆင်းသက်လာလဲ့ ဝိညာဉ်တော် ဟုတ် မဟုတ် စစ်ဆေးကြလော့။ ပစာကို့ မိစ္ဆာပရောဖက်များဟ ဟေလောကဟို သွားကြပီ။
အကျောန်းမှာ ယေရှု ခရစ်တော်ဟ လူသားအဖြစ်ဖြင့် ကြွလာတာဟို ဝန်မခံသောသူဖြစ်လဲ့ လှည့်စားသောသူများစွာလို့ဟ ဟေလောကနှိုက် ပေါ်လာကြပီ။ အဲသို့သောသူဟ လှည့်စားသောသူဖြစ်ပင်း ခရစ်တော်ရဲ့ ရန်သူလည်း ဖြစ်အယ်။
အချိန်နီးကပ်ပီ ဖြစ်ယွေ့ ဟေပရောဖက်ပြု ဟောပြောသောစကားဟို ဖတ်ကြားသောသူနဲ့ ဟေစကားဟို ကြားနာယွေ့ ၎င်းတွင် ရေးထားသောအရာများဟို လိုက်နာ စောင့်ထိန်းသောသူလို့ဟ မင်္ဂလာဆိကြအယ်။
အဲအခါ ဟေလောကီတနိုင်ငံလုံးဟို လှည့်စားယွေ့ မာရ်နတ် အဲဟာမဟုတ်ရင် စာတန်လို့ ခေါ်သော ဆေ့မြွေဟောင်း တည်းဟူသော နဂါးကြီးဟို လည်းကောင်း၊ သူနဲ့အတူ သူရဲ့ တမန်လို့ဟို လည်းကောင်း၊ မြေကြီးဟို လောချလိုက်ကြအယ်။