8 အဲအခါ ယေရှုဟ “ငါပြုလဲ့အမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ပြုတာဟိုလည်း နင်လို့အား ငါမပြော” ဟု ဆိုလေအယ်။
သူလို့အတွက် စိတ်မပူကြနဲ့၊ သူလို့ဟ မျက်မမြင်များဟို လမ်းပြလဲ့ မျက်မမြင်များ ဖြစ်ကြအယ်။ မျက်မမြင်တယောက်ဟ တခြားမျက်မမြင်တယောက်အား လမ်းပြသောအခါ သူလို့ နေယောက်စလုံးပင် တွင်းထဲဟို ကျလိမ့်မယ်” ဟု မိန့်အယ်။
ဆိုးညစ်ယွေ့ ဖောက်ပြန်သော မျိုးဆက်ဟ နိမိတ်လက္ခဏာဟို တောင်းကြသော်လည်း၊ ယောနရဲ့ နိမိတ်လက္ခဏာ မှတပါး ပစာ နိမိတ်လက္ခဏာမျှ နင်လို့အား ပြလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။ အဲပင်းရင် ယေရှုဟ အဲသူလို့ဆေမှ ထွက်ခွာသွားအယ်။
အဲလိုမို့ သူလို့ဟ “ငါလို့ မသိပါ” ဟု ပြန်ဖြေကြအယ်။ အေးအခါ ယေရှုဟ “ငါပြုလဲ့ အမှုအရာများဟို ပစာအခွင့်အာဏာနဲ့ ပြုတာဟိုလည်း နင်လို့အား ငါမပြော” ဟု မိန့်အယ်။
အဲကျောန့် ယေရှုဟို “ငါလို့ သိဝူး” ဟု သူလို့ ပြန်ဖြေလေအယ်။ ယေရှုဟ “ဟေအရာလို့ဟို ငါလုပ်တာဟို ပစာအခွင့်အာဏာနဲ့ ငါလုပ်ကျောန်း နင်လို့ဟို ငါမပြော” ဟု ဆိုလေအယ်။
အဲလိုမို့ သူလို့ဟ “စသူဟ အခွင့်အာဏာပေးတာဟို ငါလို့ သိဝူး” ဟု ဖြေကြားကြအယ်။
အဲပင်းရင် ယေရှုဟ လူလို့အား ပုံဥပမာဖြင့် ပြောသည်မှာ “လူတယောက်ဟ စပျစ်ဥယျာဉ် တခုဟို စိုက်ပျိုးယွေ့ သီးစားချအယ်။ အဲပင်းရင် နိုင်ငံရပ်ခြားသို့ ကာလအတော်ကြာ သွားယွေ့ နေအယ်။
အေးပင်းတော့ ငါဟ မေးခွန်း မေးရင်လည်း နင်လို့ဟ ဖြေကြမှာ ဟုတ်ဝူး။