48 သူ့ရဲ့ မိဖလို့ဟ မျော်လျှင် မိန်းမောတွေဝေယွေ့ အမေဟ “ငါ့ အောင်နီငယ်၊ နင်ဟ ပစာကျောန့် ငါလို့အား ဟေသို့လုပ်လုန်း၊ နင့်ဖနဲ့ ငါဟ နင့်ဟို စိုးရိမ်ကြီးစွာနဲ့ ဆှာခဲ့ပီ” ဟု ပြောအယ်။
ယေရှုဟ လူလို့အား ဟောပြောနေစဉ် မယ်တော်နဲ့ ညီတော်များ ရောက်လာအယ်။ သူလို့ဟ ယေရှုနဲ့ စကားပြောလိုယွေ့၊ အပြင်တွင် ရပ်နေကြအယ်။
ယေရှုဟ “ပစာကျောန့် ငါ့ဟို ဆာကြလုန်း၊ ငါဟ ခမည်းတော်ရဲ့ အိုင်တွင် ဆိနေရမယ်ဟို သိကြဝူးလော” ဟု ပြန်ပြောလေအယ်။
ယေရှု အမှုတော်ဟို စတင် ဆောင်ရွက်သောအခါ၊ သူဟ အသက်သုံးဆယ်ခန့် ဆိအယ်။ လူလို့ ထင်မြင်ယူဆချက်အရ ကိုယ်တော်ဟ ယောသပ်ရဲ့ သား ဖြစ်အယ်၊ ယောသပ်ဟ ဧလိရဲ့ သား၊
သူလို့အားလုံးဟ ကိုယ်တော်ဟို ချီးကျူးကြပင်း သူ့နှုတ်ထွက်စကားလို့ဟို အံ့ဩလျက် “ဟေသူဟ ယောသပ်ရဲ့ သား မဟုတ်လော” ဟု ဆိုကြအယ်။
ဖိလိပ္ပုဟ နာသနေလဟို တွေ့သဖြင့် “မောရှေရဲ့ ပညတ်ကျမ်းနဲ့ ပရောဖက်ကျမ်းများတွင်လည်း ရေးသားဖော်ပြထားသူဟို ငါလို့ တွေ့ပီ။ အေးသူဟ ယောသပ်ရဲ့ သား၊ နာဇရက်မြို့မှ ယေရှု ဖြစ်အယ်” ဟု ဆိုအယ်။