36 အဲနေရာနှိုက် အာရှာလူမျိုး၊ ဖနွေလရဲ့ သမီး၊ အန္န နာမယ်ဆိသော မုဆိုးမတယောက် ဖြစ်ပင်း အသက် ရမ်းဆာ့အိုသော ပရောဖက်တဦး ဖြစ်အယ်။ သူမဟ အသက် ခုနေနှစ်အရွယ်မှာ လက်ထပ်ခဲ့ပင်း
သူလို့ရဲ့ လျှို့ဝှက်အတွေးများဟို ဖော်ထုတ်စေကြလိမ့်မယ်။ ပင်းနောက် နင့်ရဲ့ စိတ်နေလုံးဟို ထက်သောသန်လျက်ဟ ထိုးဖောက်ခံရသလို ဖြစ်လိမ့်မယ်” ဟု ပြောအယ်။
အဲချိန်နာရီတည်းမှာ သူရောက်လာပင်းလျှင် ဘုရားသခင်အား ကျေးဇူးတော်ဟို ချီးမွန်းပင်း ယေရုရှလင်မြို့ဟို ရွေးနှုတ်ခြင်းအရာဟို စောင့်မျော်နေကြသော သူအပေါင်းလို့အား အေးအောင်နီငယ် အကျောန်းဟို ပြောလေအယ်။
ဟုတ်အယ်၊ ငါရဲ့ အစေခံများ ယောက်ျားနဲ့ မိန်းမများတောင်မှ ငါရဲ့ ဝိညာဉ်တော်ဟို အေးနေ့ရက်များမှာ သွန်းလောင်းလိမ့်မယ်၊ အားပင်း သူလို့ဟ ငါရဲ့ သတင်းစကားဟို ဟောပြောကြလိမ့်မယ်။
သူ့မှာ ဘုရားသခင်ရဲ့ တရားတော်ဟို ဟောပြော ကြေညာသူများ အိမ်ထောင်မကျသေးသော သမီးလေးယောက် ဆိအယ်။
မိန်းမဟလည်း မိမိဦးခေါင်းဟို မဖုံးဘဲ ဆုတောင်းခြင်း အဲဟာမဟုတ်ရင် ပရောဖက်ပြုခြင်းဟ မိမိဦးခေါင်းအသရေဟို ရှုတ်ချတာ ဖြစ်အယ်။ အဲသူဟ ကတုံးတုံးထားလဲ့ မိန်းမနဲ့ တူအယ်။
ညီအကို မောင်နှမလို့၊ ဝိညာဉ်တော်ရဲ့ ဆုကျေးဇူးများအကျောန်း၊ နင်လို့အား အသိမပေးဘဲ နေစေခြင်းငှာ ငါ အလိုမဆိ။
အသင်းတော်ဟို ခေါင်းဆောင်သောသူဟ အပစ်တင်စရာ မဆိသောသူ ဖြစ်ရမယ်၊ အဲသူနှိုက် ပေါင်အိုမတယောက်သာ ဆိရမယ်၊ သူဟ သမ္မာသတ္တိဆိသူ၊ ဣန္ဒြေစောင့်သောသူ၊ လျောက်ပတ်စွာ ပြုမူသောသူ၊ ဧည့်ဝတ်ကျေပွန်သောသူ၊ ဆုံးမဩဝါဒပေးတတ်သောသူ ဖြစ်ရမယ်၊
မုဆိုးမတယောက်ဟ အသက် ခြောက်ဆယ်ကျော်မှသာ မုဆိုးမစာရင်းတွင် နာမယ်သွင်းမန့်။ သူမဟ တကြိမ်သာ ထိမ်းမြားလက်ထပ်ခဲ့သူ ဖြစ်ရမယ်၊
အာရှာအမျိုးထဲမှ ၁၂,၀၀၀၊ နဿလိအမျိုးထဲမှ ၁၂,၀၀၀၊ မနာရှေအမျိုးထဲမှ ၁၂,၀၀၀၊