12 သူဟ “မြင့်မြတ်သော လူတဦးဟ ဘုရင်အရာဟို ခံယူလိုယွေ့ မိမိပြေသို့ ပြန်လာရန် ဝေးသော ပြေသို့ သွားခဲ့အယ်။
အဲလိုလဲ အေးသူလို့ဟ ဥယျာဉ်ဆှင်ရဲ့ သားကို မျော်သောအခါ ‘ဟေသူဟ အမွေစား အမွေခံ ဖြစ်အယ်။ လာကြ၊ သူ့ဟို သတ်ယွေ့ သူ့ဥစ္စာဟို ယူကြကုန်အံ့’ ဟု အချင်းချင်း တိုင်ပင်ပင်းနောက်
ယေရှုဟ သူလို့ အနီးဟို ကြွလာလျက် “ခေါန်းခင်ဘုံနဲ့ မြေကြီးပေါ် ဆိသမျှသောတန်ခိုး အာဏာလို့ဟို ငါဆေ ပေးအပ်ထားလေပီ။
အဲအခါ ယေရှုဟ သူလို့အား ပုံဥပမာများဖြင့် မိန့်အယ် “တခါဟ စပျစ်ဥယျာဉ် စိုက်ပျိုးသော လူတယောက်ဟ ခြံစည်းရိုးခတ်လျက်၊ စပျစ်သီးနယ်ရာတွင်းဟိုလည်း တူးယွေ့ မျှော်စင်ဟို ဆောက်လုပ်အယ်။ အဲပင်းရင်သူဟ စပျစ်ဥယျာဉ်ဟို ခြံသမားလို့အား ငမ်းယွေ့ နေအိုင်မှထွက်ယွေ့ ခရီးသွားအယ်။
သခင် ယေရှုဟ သူလို့နဲ့ စကားပြောပင်းနောက်၊ ခေါန်းခင်ဘုံသို့ ဆောင်ယူခြင်းဟို ခံပင်း ဘုရားသခင်ရဲ့ လက်ယာတော်ဖက်တွင် ထိန်နေအယ်။
အဲပင်းရင် ယေရှုဟ လူလို့အား ပုံဥပမာဖြင့် ပြောသည်မှာ “လူတယောက်ဟ စပျစ်ဥယျာဉ် တခုဟို စိုက်ပျိုးယွေ့ သီးစားချအယ်။ အဲပင်းရင် နိုင်ငံရပ်ခြားသို့ ကာလအတော်ကြာ သွားယွေ့ နေအယ်။
ဟေသို့ ကောင်းချီးပေးနေစဉ် ကိုယ်တော်ဟ သူလို့ဆေမှ ထွက်ခွာယွေ့ ခေါန်းခင်ဘုံသို့ ဆောင်ယူခြင်းဟို ခံလေအယ်။
ပိလတ်မင်းဟ “အဲကျောန့် နင်ဟ ဆှင်ဘုရင်လော” ဟု မေးအယ်။ ယေရှုဟ “ငါဟ နင်ဆိုလဲ့အတိုင်း ဆှင်ဘုရင် ဖြစ်အယ်။ ငါဟ သမ္မာတရားဘက်နှိုက် သက်သေခံရန် မွေးဖွားခြင်းဟို ခံယွေ့ ဟေလောကသို့ ကြွလာပီ။ သမ္မာတရားနဲ့ စပ်ဆိုင်သောသူတိုင်း ငါ့အသံဟို နားထောင်ကြအယ်” ဟု ပြန်ဖြေအယ်။
အကျောန်းမှာ ရွေးချယ်သောသူအားဖြင့် လောကသားလို့ဟို မန်ကန်စွာ တရားစီရင်မဲ့ နေ့ရက်ဟို သတ်မှတ်ပီးသောကျောန့် ဖြစ်အယ်။ အေးသူဟို သေခြင်းမှ ဆှင်ပြန်ထမြောက်စေသောအားဖြင့် လူအားလုံးလို့အား သက်သေပြပီ” ဟု ဟောလေအယ်။
ဘုရားသခင်ဟ ရန်သူအပေါင်းဟို နှိမ်နင်းယွေ့ ခရစ်တော်ရဲ့ ခြေဖဝါးအောက်သို့ ရောက်စေမဲ့ အချိန်မရောက်မီ ခရစ်တော်ဟ အုပ်စိုးရမယ်။
အေးတိုင်းတိုင်း ခရစ်တော်ဟလည်း လူအများရဲ့ အပစ်ဟို ဖြေလွှတ်ရန်အတွက် မိမိကိုယ်ဟို တကြိမ်တည်း ပူဇော်အယ်။ အပစ်ဟို ပယ်လောရန် မဟုတ်ဘဲ မိမိဟို စောင့်မျော်နေသူလို့အား ကယ်တင်ရန် ဒုတိယအကြိမ် ကြွလာလိမ့်မယ်။
အေးသခင်ဟ ခေါင်းခင်ဘုံဟို ကြွယွေ့ ခေါန်းခင်တမန်များ၊ အာဏာစက်များနဲ့ တန်ခိုးလို့ဟို မိမိလက်အောက်နှိုက် ချထားလျက် ဘုရားသခင်ရဲ့ လက်ယာဘက်နှိုက် ဆိနေအယ်။
ကျေ့လော့။ ကိုယ်တော်ဟ မိုးချေးသားများဖြင့် ကြွလာအယ်။ အဲအခါ ကိုယ်တော်ဟို ထိုးဖောက်ခဲ့သူလို့မှ စယွေ့ လူအပေါင်းလို့ဟ မိမိလို့ မျက်စေ့ဖြင့် ကိုယ်တော်ဟို တွေ့မျော်ရကြလိမ့်မယ် ကမ္ဘာမြေကြီးပေါ်ဆိ လူမျိုးနွယ်စုအားလုံးဟ ကိုယ်တော်ကျောန့် ရင်ဘတ်စည်တီးလျက် မြည်တမ်းကြလိမ့်မယ်။ အာမင်။