23 မရဏာနိုင်ငံတွင် နာကျင်မှုဝေဒနာဟို ရမ်းဆာ့ခံရသဖြင့် မျော်ကျေ့လိုက်သောအခါ အာဗြဟံနဲ့အတူ သူ့ရဲ့ နဘေးတွင် လာဇရုဟို မျော်အယ်။
အားပင်းနင့်အတွက်၊ ကပေနောင်မြို့ နင်ဟ ခေါန်းခင်မှာ မြောက်စားခြင်းဟို ခံလိုသလော၊ ငရဲထိ လောချခြင်းဟို ခံရလိမ့်မယ်၊ နင်လို့ဆေတွင် ငါပြုခဲ့လဲ့ နိမိတ်လက္ခဏာများဟို သောဒုံမြို့တွင်သာ ပြုခဲ့ရင်၊ အေးမြို့ဟ ခုနေ့တိုင်အောန် တည်လျက်ဆိပေမယ်။
အားပင်း နင်ရဲ့ မျက်စေ့ဟ နင်ရဲ့ယုံကြည်ခြင်းဟို ပျက်ပြယ်စေရင်၊ အဲမျက်စေ့ဟို ထုတ်ပင်း လောပစ်လော့။ မျက်စေ့ နေလုံးပါလျက် ငရဲမီးထဲဟို လောချခြင်း ခံရတာထက် မျက်စေ့တလုံးနဲ့ အသက်ဆှင်ခြင်းသို့ ဝင်စားခြင်းဟ နင့်အတွက် သာယွေ့ကောင်းအယ်။
အချင်းမြွေပွေးများနဲ့ မြွေပွေးရဲ့ သားမြေးလို့၊ နင်လို့ဟ ငရဲသို့လားရမယ့် တရားစီရင်ခြင်းမှ ပစာသို့ လွတ်နိန် ကြမယ်လုန်း။
အဲလိုလဲ နင်လို့အား ငါပြောတာဟ တစုံတယောက်သည် မိမိရဲ့ ညီအကိုအား အူထော့သော သူဟ ရုံးတင်စစ်ဆေး ရမယ်။ နောက်တခါ တစုံတယောက်ဟ မိမိရဲ့ ညီအကိုအား ‘အလကားလူ’ ဟု ပြောသောသူဟ တရားရုံးတွင် စစ်ဆေးခြင်း ခံထိုက်အယ်။ အားပင်း တစုံတယောက်ဟ ‘လူမိုက်’ ဟု ပြောသောသူဟ ငရဲမီးအိန်ထဲဟို သွားဖို့ ထိုက်တန်အယ်။
နင့်ရဲ့ လက်ယာမျက်စေ့ဟ နင်ဟို မားယွင်းစေရင် အဲမျက်စေ့ဟို ဆယ်ယွေ့ လောပလိုက်လော့။ နင်ရဲ့ ခန္ဓာကိုယ်တခုလုံး ငရဲဟိုသွားရတာထက် ကိုယ်အင်္ဂါတခု ချို့တဲ့ရခြင်းဟ သာယွေ့ကောင်းအယ်။
“ဘုရားသခင်ရဲ့ သားတော်၊ ကိုယ်တော်ဟ မစာသို့ ဆိုင်သလုန်း၊ အချိန်မကျခင် ငါလို့ဟို ညှဉ်းဆဲခြင်းရန် ကြွလာသလော” ဟု ဟစ်အော်ယွေ့ ဆှောက်ကြအယ်။
သူဌေးဟ ခေါ်ယွေ့ ‘တို့ဖ အာဗြဟံ၊ ငါ့ဟို သနားပါအုံး။ ငါဟ ဟေမီးလျှံထဲတွင် ရမ်းဆာ့ ဝေဒနာခံစားရသောကျောန့်၊ လာဇရုဟ သူ့လက်ဖျားဟို ယေထဲနစ်ပင်း ငါ့လျှာဟို အေးစေဖို့ သူ့ဟို ငါ့ဆေဟို စေလွှတ်ပေးပါ’ ဟု အော်ယွေ့ ပြောလေအယ်။
ငါ့မှာ ညီ ငါးယောက်ဆိပါအယ်။ သူလို့ဟ ဟေလိုမျိုး ရမ်းဆာ့ ဝေဒနာခံစားရလဲ့ နေရာမျိုးဟို မရောက်လာဖို့တွက် သူလို့အား သတိပေးရန် လာဇရုဟို တို့ဖအိုင်ဟို စေလွှတ်ပေးမန့်’ ဟု တောင်းပန်အယ်။
သူဟ ယေရှုဟို မျော်သောအခါ ငိုကပင်း ယေရှုရဲ့ ခြေထောက်နားဟို လဲချကာ “ယေရှု၊ အမြင့်ဆုံးသော ဘုရားသခင်ရဲ့ သားတော်၊ ငါနဲ့ စလိုဆိုင်လုန်း။ ငါ့ဟို မညှဉ်းဆဲမဲ့အကျောန်း ငါ တောင်းပန်အယ်” ဟု အော်ပင်း ပြောအယ်။
“အို သေခြင်း၊ နင်ရဲ့ အောင်မြင်ခြင်းဟ ပစာမှာဆိလုန်း။ အို သေမင်း၊ နင်ရဲ့ အဆိပ်ဆူးဟ ပစာမှာဆိလုန်း။”
အကျောန်းမှာ ဘုရားသခင်ဟ အပစ်လုပ်လဲ့ ခေါန်းခင်တမန်များဟို မညှာတာဘဲ ငရဲထဲဟို ပစ်ချယွေ့ မိုက်ခြင်းရဲ့ သံကြိုးဖြင့် တုတ်ချေကာ တရားစီရင်ခြင်း နေ့အထိ ထိန်းသိမ်းထားအယ်။
သူလို့ဟို လှည့်စားသော မာရ်နတ်ဟလည်း သားရဲနဲ့ မိစ္ဆာပရောဖက်လို့ဆိရာ ကန့်နဲ့ ရောသော မီးအိန်ထဲဟို လောချခြင်း ခံရအယ်။ သူလို့ဟ အဲနေရာနှိုက် နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းဟို ခံရကြလိမ့်မယ်။