22 အေးဆင်းရဲသား သေဆုံးသွားသောအခါ ခေါန်းခင်တမန်လို့ဟ သူ့အား အာဗြဟံရဲ့ နဘေးတွင် ထိန်စေရန် သယ်ဆောင်သွားကြအယ်။ သူဌေးဟလည်း သေလွန်ယွေ့ သင်္ဂြိုဟ်ခြင်းဟို ခံရအယ်၊
“နင်လို့ဟ ဟေလူပဲ့သူငယ်ထဲမှ တစုံတယောက်ဟို မထီမဲ့မြင် မလုပ်မိစေဖို့ သတိထားကြလော့။ နင်လို့အား ငါပြောတာဟ၊ သူလို့ရဲ့ ခေါန်းခင်တမန်များဟ ခေါန်းခင်ဘုံဆှင် ငါ့ခမည်းတော်ရဲ့ မျက်မှောက်နှိုက် အမြဲတမ်း ခစားလျက် ဆိကြအယ်။
အေးနောက် လူသားဟ ကြီးမားသော တံပိုးခရာသံနဲ့အတူ မိမိရဲ့ခေါန်းခင်တမန်များအား အရပ်လေးမျက်နှာဟို စေလွတ်ယွေ့ ကမ္ဘာမြေကြီးတစွန်းမှ တစွန်းအထိဆိကြသော ကိုယ်တော် ရွေးချယ်ထားသော သူလို့ဟို စုသိမ်းစေလိမ့်မယ်။
နင်လို့အား အမန်အကန် ငါပြောတာဟ ရမ်းဆာ့သောလူလို့ဟ အဆေ့အရပ်နဲ့ အနောက်အရပ်မှ လာယွေ့ ခေါန်းခင်နိုင်ငံတော်တွင် အာဗြဟံ၊ ဣဇက်၊ ယာကုပ်လို့နဲ့အတူ ထိန်ပင်း စားသောက်ကြလိမ့်မယ်။
တစုံတယောက်သောသူဟ ကမ္ဘာလောကတခုလုံးဟို ရယူသော်လည်း သူလို့ရဲ့ စိတ်ဝိညာဉ်ဆုံးရှုံးရင် ပစာအကျိုးဆိမှာမို့လုန်း။
အဲလိုလဲ ဘုရားသခင်ဟ ‘မိုက်မဲလဲ့ လူ၊ ခုနေ့ညမှာ နင်ရဲ့ အသက်ဝိညာဉ်ဟို စွန့်ရမယ်၊ အေးဖြစ်ယွေ့ နင်သိုထားလဲ့ ဥစ္စာဟို စသူ ပိုင်မယ်လော’ ဟု အေးလူအား မိန့်အယ်။”
သူဟ သူဌေးရဲ့ စားပွဲမှကျသော စားကြွင်းစားကျန်များဟို စားချင်ယွေ့ စောင့်မျော်နေတတ်အယ်။ ခွေးလို့ဟ လာယွေ့ သူရဲ့ အနာစိမ်းများဟို ယက်ကြအယ်။
ဘုရားသခင်ဟို စသူမှ မမျော်ဖူးဝူး။ ဘုရားသခင်နဲ့ တူယွေ့ ခမည်းတော်ဘက်နှိုက် ဆိသော တပါးတည်းသော သားတော်ဟ ဘုရားသခင်ဟို သိစေအယ်။
တဘဲ့တော်လို့ထဲမှ တဦးဖြစ်လဲ့ ယေရှု ချစ်သော သူဟ ကိုယ်တော်ရဲ့ ဘေးဘက်နှိုက် ထိန်လျက်နေအယ်။
ပေတရုဟ လှည့်ယွေ့ ကျေ့လိုက်သောအခါ သူရဲ့နောက်တွင် ယေရှုချစ်သော အခြားတဘဲ့တော်ဟို မျော်လေအယ်။ အဲသူဟ ညစာစားစဉ် ယေရှုရဲ့ ရင်တော်ဟို မှီလျက် “သခင်ဘုရား၊ ကိုယ်တော်အား သစ္စာဖောက်မဲ့သူဟ စသူတုန်း” ဟု မေးဆှောက်ခဲ့သူ ဖြစ်အယ်။
ခေါန်းခင်တမန်အားလုံးလို့ဟ ကယ်တင်ခြင်းဟို အမွေဆက်ခံမဲ့သူများရဲ့ အမှုဟို ဆောင်ရွက်ရန် စေလွှတ်ခြင်းခံရလဲ့ အစေခံ ဝိညာဉ်များ ဖြစ်ကြတာ မဟုတ်လော။
အဲလူပဲ့သူငယ်လို့ဟ အသွေးအသား ဆိကြတာ ဖြစ်ယွေ့ ကိုယ်တော်ဟလည်း သူလို့တိုင်းတိုင်း အဲအသွေးအသားဟို မျှဝေခံယူအယ်၊ ဟေဟာဟ အသေခံခြင်းအားဖြင့် သေခြင်းရဲ့ တန်ခိုးဟို ပိုင်သောသူဖြစ်လဲ့ မာရ်နတ်ဟို ဖျက်စီးလျက်
နေဟ ပူသောအရှိန်နဲ့ ထွက်သောအခါ မြက်ပင်ဟ သွေ့ခြောက်ခြင်းဟို ရောက်ယွေ့ မြက်ပွင့်လည်း ကြွေတတ်အယ်၊ တင့်တယ်သော အသွေးအဆင်းလည်း ပျောက်ပျက်တတ်အယ်။ အဲတိုင်းတိုင်း ငွေရတတ်သောသူဟ မိမိအမှုအရာလို့နှိုက် ညှိုးနွမ်းပျောက်ပျယ်ခြင်းဟို ရောက်တတ်အယ်။
ငါလို့ဟ အပစ်အရာနှိုက် သေဆုံးယွေ့ ဖြောင့်မတ်ခြင်းအရာနှိုက် အသက်ဆှင်မဲ့အကျောန်း ကိုယ်တော်ဟ လက်ဝါးကပ်တိုင်ပေါ်တွင် ငါလို့ အပစ်များဟို မိမိရဲ့ ကိုယ်ခန္ဓာနှိုက် ကိုယ်တော်တိုင် ယူဆောင်အယ်။ နင်လို့ဟ ကိုယ်တော်ရဲ့ ဒဏ်ချက်တော်အားဖြင့် အနာရောဂါ ပျောက်ကင်းခြင်း အခွင့်ဟို ရဆိကြအယ်။
အဲပင်းရင် ခေါန်းခင်မှ အသံဟ “ရေးထားလော့။ အခုမှစယွေ့ သခင်ဘုရားနှိုက် သေဆုံးလဲ့ သေလွန်သောသူလို့ဟ မင်္ဂလာ ဆိကြအယ်” ဟု ပြောဆိုတာဟို ငါကြားရအယ်။ ဝိညာဉ်တော်ဟလည်း “မန်အယ်။ သူလို့ဟ မိမိလို့ရဲ့ ကြိုးပမ်းအားထုတ်မှုမှ အနားယူခွင့် ရကြလိမ့်မယ်။ သူလို့ ပြုသောအမှုများဟလည်း သူလို့နဲ့ လိုက်ပါလာကြအယ်” ဟု မိန့်အယ်။