Biblia Todo Logo
Bìoball air-loidhne

- Sanasan -




လုကာ 16:15 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

15 ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။

Faic an caibideil Dèan lethbhreac




လုကာ 16:15
40 Iomraidhean Croise  

မိမိလို့ ပြုလုပ်သမျှသောအရာလို့ဟို လူမျော်သာအောန် ပြုလုပ်တတ်ကြအယ်။ မိမိလို့နဖူးနဲ့ လက်မောင်းများပေါ်တွင် ကျမ်းစာလက်ဖွဲ့များဟို အပြားကြီးလုပ်ပင်း ဝတ်ဆင်တတ်ကြအယ်။ သူလို့ရဲ့ ဝတ်လုံအမြိတ်များဟို အဆှည် ချုပ်ထားတတ်ကြအယ်။


“နင်လို့ဟ အစာဆှောင်ခြင်း အကျင့်ဟို ကျင့်သောအခါ ဟန်ဆောင်တတ်သောသူလို့ လိုမျိုး မျက်နှာညှိုးငယ်ခြင်း မဆိကြနဲ့။ အဲသူလို့ဟ မိမိလို့ အစာဆှောင်တာဟို လူများလို့ဆေ့မှာ ပေါ်လွင်စေဖို့၊ မိမိလို့ရဲ့ မျက်နှာဟို ဖျက်တတ်ကြအယ်။ ငါ နင်လို့ဟို အမန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို အပြေ့အဝခံစားရကြပီ။


“အဲလိုမို့ နင်ဟ လိုအပ်နေတဲ့သူဟို ပေးသောအခါ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး လူများရဲ့ ချီးမွန်းဟို ခံလိုယွေ့ တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများတွင် မိမိလို့ဆေ့မှာ တံပိုးခရာ မှုတ်စေလဲ့နည်းတူ မပြုကြနဲ့။ ငါ နင့်ဟို အမန်ဆိုတာဟ၊ အဲသူလို့ဟ မိမိလို့အကျိုးဟို ရကြပီ။


“နင်လို့ဟ ဆုတောင်းသောအခါ၊ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး မပြုကြနဲ့။ အဲသူလို့ဟ လူများမျော်သာအောန် တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများမှာ ရပ်လျက် ဆုတောင်းခြင်းဟို နှစ်သက်ကြအယ်။ ငါ နင့်လို့ဟို အမန်အကန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို ခံရကြအယ်။


အဲလိုလဲ ကျမ်းတတ်ဆရာဟ သူတတ်တိုင်း အပစ်မဆိကျောန်း သက်သေပြလိုသောစိတ်နဲ့ ယေရှုဟို “ငါရဲ့ အိုင်နီးချင်းဟ စသူလုန်း” ဟု မေးအယ်။


အဲလိုမို့ သခင်ဟ “ဖာရိရှဲဖြစ်လဲ့ နင်လို့ဟာ ပန်းကန်၊ ခွက်ယောက်များရဲ့ ပြင်ပဟို သန့်ဆှင်းတတ်ကြအယ်။ အဲလိုလဲ နင်လို့စိတ်ထဲတွင် အကြမ်းဖက်မှု၊ ဆိုးညစ်မှုများနဲ့ ပြေ့နေကြအယ်။


ဖာရိရှဲဟ တယောက်တည်းရပ်လျက် ‘အို ဘုရားသခင်၊ ငါဟ အခြားသူများလို လောဘကြီးခြင်း၊ မရိုးသားခြင်း၊ သူ့မယားဟို ပစ်မားသောသူ မဟုတ်လဲ့အပြင် ဟေအခွန်ခံလို မဟုတ်သောကျောန့် ကျေးဇူးတင်ပါအယ်။


နင်လို့ဟို ငါပြောတာဟ ဟေသူသည် ဘုရားသခင် ဆေ့တော်တွင် အပစ်ပြေပင်း၊ သူ့အိုင်ဟို ပြန်သွားယွေ့ ဖာရိရှဲမှာမူ အပစ်မပြေ။ ပစာကို့ ကိုယ့်တတ်တိုင်း ချီးမြှောက်သူဟ နှိမ့်ချခြင်းဟို ခံရယွေ့ မိမိကိုယ်ဟို နှိမ့်ချသူဟ ချီးမြှောက်ခြင်း ခံရမယ်ဖြစ်သောကျောန့် ဖြစ်အယ်” ဟု ပြောလေအယ်။


အဲသူဟ “ဟေပညတ်များဟို ငါဟ ငယ်တုန်းခါထဲဟ စောင့်ထိန်းခဲ့ပါပီ” ဟု ပြန်ပြောအယ်။


မိမိလို့တတ်တိုင်း သူတော်ကောင်းဟု ယုံကြည်ကာ သူတပါးလို့ဟို အထင်မြင်သေးတတ်သူ လူတချို့လို့အား ယေရှုဟ ဥပမာဖြင့် ပြောတာဟ၊


အေးလို့မို့ သူလို့ဟ အခွင့်အရေးဟို စောင့်နေကြအယ်။ သူလို့ဟ ယေရှုရဲ့ စကားအမားဟို ဆာပင်းရင် ကိုယ်တော်အား ဘုရင်ခံမင်းလက်ဟို အပ်ခွင့်ရနိန်ရန် သူတော်ကောင်းယောင်ဆောင်သော သူလျှိုများဟို သခင့်ဆေဟို စေလွှတ်ကြအယ်။


မုဆိုးမများရဲ့ နေအိုင်များဟို မတရားသိမ်းယူပင်းရင် လူအထင်ကြီးစေရန် ရှည်လျားစွာ ဆုတောင်းတတ်ကြအယ်။ သူလို့ဟ ပိုယွေ့ ကြီးလေးသောဒဏ်ဟို စီရင်ခံရကြလိမ့်မယ်” ဟု သွန်သင်လေအယ်။


ကိုယ်တော်ဟ သူလို့ရဲ့ စိတ်နေလုံးဟို သိသောကျောန့် ကိုယ်တော်အား လူ့အကျောန်းဟို စသူမှ ပြောရန် မလို။


ယေရှုဟ “ယောဟန်ရဲ့သား ရှိမုန်၊ နင်ဟ ငါ့ဟို ချစ်သလော” ဟု တတိယအကြိမ် မေးအယ်။ ပေတရုဟ ဝမ်းနည်းသောကျောန့် “သခင်ဘုရား၊ ကိုယ်တော်ဟ အရာခပ်သိမ်းဟို သိအယ်၊ ကိုယ်တော်အား ငါ ချစ်တာဟို ကိုယ်တော် သိမန့်အယ်” ဟု ပြောအယ်။ ယေရှုဟ သူ့အား ဆိုအယ် “ငါ့သိုးလို့ဟို ထိန်းလော့။


သူဟ မိမိဆိုးညစ်မှုကျောန့် ရဆိလဲ့ ပိတ်ဆန်ဖြင့် လယ်တကွက်ဟို ဝယ်ပင်းနောက် အဲလယ်မြေပေါ်တွင် လဲကျသေဆုံးလေအယ်၊ သူ့ရဲ့ ဖိုက်ဟ ပေါက်ယွေ့ အူများ ထွက်လာအယ်။


အေးနောက် သူလို့ဟ “အဆှင်၊ ကိုယ်တော်ဟ လူတိုင်းရဲ့ အတွေးများဟို သိသောကျောန့်၊


စိတ်နေလုံးဟို သိသော ဘုရားသခင်ဟ သန့်ဆှင်းသော ဝိညာဉ်တော်ဟို ငါလို့အား ပေးသလိုမျိုး လူမျိုးခြားလို့အားလည်း ပေးသောအားဖြင့် သူလို့ဟို အသိအမှတ်ပြုအယ်။


အကျောန်းမှာ ပညတ်တရားရဲ့ အကျင့်အားဖြင့် ဘုရားသခင်ရဲ့ ဆေ့တော်နှိုက် စသူမှ ဖြောင့်မတ်ရာဟို မရောက်နိန်။ ပညတ်တရားရဲ့ ဆောင်ရွက်ချက်မှာ ငါလို့ဟ အပစ်ဆိကျောန်းဟို သိစေချင်အယ်။


ငါလို့ စိတ်နေလုံးဟို စစ်ကြောစုံစမ်းသောသူဟ ဝိညာဉ်တော်ရဲ့ စိတ်သဘောဟိုလည်း သိအယ်။ ပစာကို့ ဝိညာဉ်တော်ဟ ဘုရားသခင်ရဲ့ အလိုတော်နဲ့ အညီ သန့်ဆှင်းသူလို့အတွက် အသနားခံပေးအယ်။


အဲလိုမို့ သခင်ဘုရား ကြွလာမမူမီ စလိုအရာဟိုမျှ အချိန်မတန်ဘဲ မစီရင်ကြနဲ့။ အဲသခင်ဟ မိုက်ထဲနှိုက် အောန်းထားသောအရာလို့ဟို အလင်းဟို ယူဆောင်လာပင်း စိတ်နေလုံး အကြံစည်လို့ဟို ထင်ဆှားစေလိမ့်မယ်။ အဲအခါ လူအသီးသီးလို့ဟ ဘုရားသခင်ဆေမှ ချီးမွန်းခြင်းဟို ခံရကြလိမ့်မယ်။


နူးညံ့သိမ်မွေ့ယွေ့ တည်ငြိမ်လဲ့ စိတ်သဘောတည်းဟူသော ယိုယွင်းပျက်စီးခြင်းနဲ့ ကင်းလဲ့ စိတ်နေလုံးနဲ့ဆိုင်လဲ့ အတွင်းဝိညာဉ်လူရဲ့ တန်ဆာဆင်ခြင်း ဖြစ်စေကြလော့။ ဟေစာဟ ဘုရားသခင်ဆေ့နှိုက် ရမ်းဆာ့ အဖိုးထိုက်သောအရာ ဖြစ်အယ်။


အေးနည်းတူ လူငယ်လို့၊ အသင်းတော် လူကြီးများရဲ့ စကားဟို နားထောင်ကြလော့။ နင်လို့အားလုံး တယောက်အောက် တယောက် နှိမ့်ချခြင်း တန်ဆာဟို ဆင်ယင်ကြလော့။ ပစာကို့ “ဘုရားသခင်ဟ မာနထောင်လွှားသောသူလို့ဟို ဆန့်ကျင်ယွေ့ နှိမ့်ချသောသူလို့အား ကျေးဇူးတော်ဟို ခံစားစေအယ်” ဟု ကျမ်းစာဟ ဖော်ပြထားအယ်။


သူရဲ့ လူပဲ့သငယ်လို့ဟိုလည်း သေဘေးဖြင့် ငါ အဆုံးစီရင်မယ်။ အဲအခါ ငါဟ စိတ်နေလုံးနဲ့ အတွင်းသဘောဟို စစ်ဆေးသောသူဖြစ်ကျောန်း အသင်းတော်အားလုံး သိရကြလိမ့်မယ်။ နင်လို့အသီးသီးဟိုလည်း မိမိလို့ ပြုသောအမှုများနဲ့အညီ အကျိုးအပစ်ဟို ငါ ပေးမယ်။


Lean sinn:

Sanasan


Sanasan