2 ဖာရိရှဲများနဲ့ ကျမ်းတတ်ဆရာများဟ “ဟေသူဟ အပယ်ခံရသူများဟို ကြိုဆိုပင်း သူလို့နဲ့အတူတူပင် စားသောက်နေအယ်” ဟု စတင် ငြီးတွားကြအယ်။
လူသားဟ လာသောအခါနှိုက် သူဟ စားလျက်သောက်လျက်နေသော် ‘အေးသူဟို ကျေ့လော့၊ သူဟ စားကြူးသောက်ကြူးသူ ဖြစ်အယ်၊ အခွန်ခံသူလို့နဲ့ အခြားဆိုးသွမ်းသောသူလို့ရဲ့ မိတ်ဆွေ ဖြစ်အယ်’ ဟု ဆိုကြအယ်။ ဘုရားသခင်ရဲ့ ဉာဏ်ပညာတော်ဟ မန်ကန်ကျောန်းဟို မိမိရဲ့ လုပ်ဆောင်မှုများဟ ဖော်ပြကြအယ်” ဟု မိန့်အယ်။
ဟေအရာဟို ဖာရိရှဲလို့ မျော်ရင် တဘဲ့တော်လို့အား၊ “နင်လို့ရဲ့ ဆရာဟ မစာကျောန့် ဟေဆိုးသွမ်းသောသူ၊ အခွန်ခံသောသူနဲ့အတူ စားသောက်နေလော” ဟု မေးမြန်းကြအယ်။
အေးလို့မို့ ယေရှုဟ သူလို့ဟို ပုံဥပမာ ပြောတာဟ၊
ဟေအခြင်းအရာဟို မျော်သောအခါ လူလို့ဟ “ဟေသူဟ ဆိုးသွမ်းသော သူတယောက်ရဲ့ အိုင်တွင် တည်းခိုရန် သွားပါအယ် ဟုတ်မောင့်လဲ့” ဟု စတင်ပင်း ကဲ့ရဲ့အပစ်တင်ကြအယ်။
ဖာရိရှဲလို့နဲ့ သူလို့ရဲ့ အုပ်စုဝင် ဖြစ်လဲ့ ကျမ်းတတ်ဆရာလို့ဟ “ပစာကျောန့် နင်လို့ဟ အခွန်ခံများနဲ့ တခြား ဆိုးသွမ်းသောသူများနဲ့အတူ စားသောက်ကြသလော” ဟု ယေရှုရဲ့ တဘဲ့တော်လို့ဟို ကဲ့ရဲ့ကြအယ်။
လူသားဟ စားလျက် သောက်လျက် လာသောအခါ နင်လို့ဟ ‘အေးလူဟို ကျေ့လော့၊ သူဟ စားကြူးပင်း သောက်ကြူးသောသူ ဖြစ်အယ်၊ အခွန်ခံများနဲ့ တခြား အပယ်ခံရသူလို့ဟို မိတ်ဆွေဖွဲ့သူ ဖြစ်အယ်’ ဟု ဆိုကြအယ်။
ဖာရိရှဲဟ အေးအရာဟို မျော်သောအခါ “ဟေသူဟ ပရောဖက်မန်လျှင် ခြေထောက်ဟို ကိုင်သော ဟေမိန်းမဟ စသူဖြစ်တာဟို သိလိမ့်မယ်။ စလို အပစ်နဲ့ပြေ့ပင်း အသက်ဆှင်နေလဲ့ မိန်းမဖြစ်အယ်ဟို သိလိမ့်မယ်” ဟု သူ့တတ်တိုင်း ပြောအယ်။
“နင်ဟ အရေဖျားလှီးခြင်းဟို မခံသောသူရဲ့ အိုင်ဟို ဝင်ယွေ့ သူလို့နဲ့အတူ စားသောက်အယ် ဟုတ်မောင့်လဲ့” ဟု ဆိုကြအယ်။
အကျောန်းမှာ ယာကုပ် စေလွှတ်လိုက်သော လူအချို့လို့ အေးဟို မရောက်လာခင်၊ ပေတရုဟ လူမျိုးခြား ယုံကြည်သူများနဲ့အတူ စားသောက်နေခဲ့အယ်။ အဲလိုလဲ သူလို့ရောက်လာပင်းနောက် သူဟ တပါးအမျိုးသားလို့နဲ့အတူ မစားတော့ပဲ တွန့်ဆုတ်နေပင်း သူဟ အရေဖျားလှီးထားသော သူလို့ဟို ကြောက်သောကျောန့် ဖြစ်အယ်။
ခရစ်တော် ယေရှုဟ အပစ်သားလို့ဟို ကယ်တင်ရန် ဟေလောကဟို ကြွလာအယ်ဟူသော စကားဟ သစ္စာစကားဖြစ်ပင်း အပြေ့အဝ လက်ခံထိုက်သောစကား ဖြစ်အယ်၊ အဲအပစ်သားများထဲတွင် ငါဟ အဆိုးဆုံး ဖြစ်အယ်။