7 အဲအခါ ဖိတ်ခေါ်ခြင်း ခံရသောသူလို့ဟ နေရာကောင်းများ ရွေးချယ်နေကြပုံဟို ကိုယ်တော် မျော်သောအခါ အေးသူလို့အား ပုံဥပမာတခုဖြင့် ပြောဆိုအယ်၊
ယေရှုဟ လူအုပ်လို့အား ဟေအကျောန်းအရာများဟို ပုံဥပမာဆောင်ယွေ့ ဟောကြားအယ်။ ပုံဥပမာမဆောင်ဘဲ သူလို့အား မစာအကျောန်းအရာဟိုမျှ ဟောကြားတော်မမူ။
ပွဲသဘင်တွင် အကောင်းဆုံးသော နေရာထိန်ခင်းများ၊ တရားဇရပ်များတွင် သီးသန့်ထားသော နေရာများဟို နှစ်သက်ကြအယ်။
“ဖာရိရှဲလို့၊ နင်လို့ဟာ ရမ်းဆာ့ ဆိုးကြအယ်။ နင်လို့ဟ တရားဇရပ်များတွင် မြင့်မြတ်သောနေရာများဟို လည်းကောင်း၊ ဆေးတွင် ရိုသေစွာ နှုတ်ဆက်ခြင်းဟို လည်းကောင်း နှစ်သက်ကြအယ်။
“ကျမ်းတတ်ဆရာလို့ဟို သတိနဲ့ ဆောင်ကြလော့။ သူလို့ဟ ရှည်သော ဝတ်လုံဟို ဝတ်လျက် လည်ခြင်းငှာ အလိုဆိကြအယ်။ ဆေးတွင် ရိုသေစွာ နှုတ်ဆက်ခံရခြင်းဟို လည်းကောင်း၊ ပွဲသဘင်၊ တရားဇရပ်များတွင် အကောင်းဆုံးသော နေရာထိန်ခင်းများဟို လည်းကောင်း နှစ်သက်ကြအယ်။
ကြွားဝါလိုသောစိတ်၊ အလကားကား ကျော်စောလိုသောစိတ်လို့ဖြင့် ပစာအမှုဟိုမျှ မပြုကြနဲ့၊ အားပေမဲ့ သူတပါးဟ မိမိထက်သာတာဟု အစဉ်ယူဆလျက် စိတ်နှိမ့်ချကြလော့။
ငါဟ အသင်းတော်ဆေဟို စာကတစ်ရေးခဲ့သော်လည်း သူလို့တွင် ခေါင်းဆောင်ဖြစ်လိုသော ဒယောတရပ်ဟ ငါလို့ဟို လက်မခံ။