8 ဥယျာဉ်စောင့်ဟ ‘ဆရာ၊ ဟေအပင်ဟို တနှစ် ထားပေးအုံးမန့်၊ အပင်ပတ်လည်ဟို ငါ လိုက်ဆွပင်း မြေဩဇာအချို့ ဖို့ပါမယ်။
အဲလိုမို့ ဥယျာဉ်စောင့်ဟို ‘ကျေ့မန့်၊ ငါ ဟေအပင်နား လာပင်း သင်္ဘောသဖန်းပင်ဟ အသီးဆှာဟာ သုံးနှစ်ဆိဝါးပီ၊ ပစာအသီးမှ မမျော်ရ။ ခုတ်လောပလိုက်၊ ပစာကျောန့် မြေဟို အလကားကား ဖြစ်စေမလုန်း’ ဟု ဆိုအယ်။
နောက်နှစ်ခါ အသီး ပိုထွက်ချင် ထွက်ပါလိမ့်မယ်။ အေးလို့မဟုတ်ရင် ခုတ်လောပလိုက်မန့်’ ဟု ပြန်ဆှောက်အယ် ” ဟု မိန့်လေအယ်။
မြေဖို့ အဲဟာမဟုတ်ရင် မြေဆီလွှာဖို့ မကောင်းသဖြင့် အေးဒါဟို အပြင်သို့ လောပလိုက်အယ်။ “ကြားစရာ နားဆိရင် ကြားကြပါစေ” ဟု ပြောအယ်။
ညီအကို မောင်နှမလို့ ဣသရေလအမျိုးသားလို့အတွက် ကယ်တင်ခြင်း ရဆိရန် ဘုရားသခင်ဆေ ငါရဲ့ နေလုံးသား ဆန္ဒနဲ့ ဆုတောင်းအယ်။
တနည်းအားဖြင့် ငါဟ မိမိရဲ့ လူမျိုးအား မနာလိုစိတ်ဟို ဆိစေခြင်းအားဖြင့် အေးအထဲမှ တချို့လို့ဟ ကယ်တင်ခြင်းဟို ရကောင်းရလိမ့်မယ်။
နှောင့်နှေးတာဟု အချို့လို့ဟ မှတ်ယူသလိုမျိုး ထာဝရဘုရားဟ ကတိတော်ဟို နှောင့်နှေးစေတာ မဟုတ်။ စသူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော် ဆိယွေ့ နင်လို့အပေါ် စိတ်ဆှည်သည်းခံလျက် နေခြင်းသာ ဖြစ်အယ်။