Biblia Todo Logo
Bìoball air-loidhne

- Sanasan -




လုကာ 12:5 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

5 စသူ့ဟို ကြောက်ရမလဲဆိုတာ နင်လို့ဟို ငါ ပြောမယ်၊ ဘုရားသခင်ဟို ကြောက်ရွံ့ကြလော့၊ ကိုယ်ခန္ဓာဟို သတ်ပင်းနောက် ငရဲထဲဟို ချနိန်လဲ့ အခွင့်အာဏာဆိသော သူ့ဟို ကြောက်ကြလော့။ ငါအမန်ဆိုတာဟ အဲအဆှင်ဟို ကြောက်ကြလော့။

Faic an caibideil Dèan lethbhreac




လုကာ 12:5
16 Iomraidhean Croise  

ခန္ဓာကိုယ်ဟို သတ်နိန်သော်လည်း ဝိညာဉ်ဟို မသတ်နိန်သော သူများအား မကြောက်ကြနဲ့။ ခန္ဓာကိုယ် နဲ့ဝိညာဉ် နေမျိုးစလုံးဟို ငရဲတွင် ဖျက်ဆီးနိန်သော သူဟိုသာလျှင် ကြောက်ကြလော့။


“အေးနောက် ဘုရင်ဟ လက်ဝဲဘက်နှိုက်ဆိသော သူလို့အား ‘ကျိန်ဆဲခြင်း ခံရသောသူလို့ ငါ့ဆေမှ ထွက်သွားကြလော့၊ မာရ်နတ်နဲ့ သူ့ခေါန်းခင်တမန်များအတွက် ပြင်ဆင်ထားလဲ့ ထာဝရမီးထဲဟို ဆင်းသက်ကြလော့။


အေးကျောန့် အေးသူလို့ဟ ထာဝရအပစ်ဒဏ် ခံရကြပေမဲ့ ဖြောင့်မတ်သောလို့ဟတော့ ထာဝရ အသက်ဆှင်ခြင်းဟို ဝင်စားရကြလိမ့်မယ်” ဟု မိန့်အယ်။


အဲလိုလဲ နင်လို့အား ငါပြောတာဟ တစုံတယောက်သည် မိမိရဲ့ ညီအကိုအား အူထော့သော သူဟ ရုံးတင်စစ်ဆေး ရမယ်။ နောက်တခါ တစုံတယောက်ဟ မိမိရဲ့ ညီအကိုအား ‘အလကားလူ’ ဟု ပြောသောသူဟ တရားရုံးတွင် စစ်ဆေးခြင်း ခံထိုက်အယ်။ အားပင်း တစုံတယောက်ဟ ‘လူမိုက်’ ဟု ပြောသောသူဟ ငရဲမီးအိန်ထဲဟို သွားဖို့ ထိုက်တန်အယ်။


နင်လို့ဟ သတိပြုကြလော့။ ဟေအမှုအရာအလုံးစုံလို့ မဖြစ်ပေါ်ခင် နင်လို့အား ငါကြိုတင် ပြောပီးပီ။


ဟေကိစ္စနှိုက် နင်လို့တွင် စသူမျှ ညီအကိုလို့ဟို အမားမလုပ်သင့်၊ သူလို့ဟို အခွင့်ကောင်း မယူသင့်ပါ။ အေးဟာဟို နင်လို့အား အရင်ဟ ငါပြောခဲ့ပင်း ငါလို့ဟ နင်လို့ဟို ပြင်းပြင်းထန်ထန် သတိပေးထားခဲ့အတိုင်း သခင်ဘုရားဟ အေးအ​မှုပြု​သော​သူ​လို့​ကို အ​ပစ်​ဒဏ်​စီ​ရင်​လိမ့်​မယ်။


အသက်ဆှင်သော ဘုရားသခင်ရဲ့ လက်တော်ဟို ကျရောက်ခြင်းဟ ကြောက်လန့်ဖွယ် ကောင်းအယ်။


အကျောန်းမှာ ဘုရားသခင်ဟ အပစ်လုပ်လဲ့ ခေါန်းခင်တမန်များဟို မညှာတာဘဲ ငရဲထဲဟို ပစ်ချယွေ့ မိုက်ခြင်းရဲ့ သံကြိုးဖြင့် တုတ်ချေကာ တရားစီရင်ခြင်း နေ့အထိ ထိန်းသိမ်းထားအယ်။


အဲခေါန်းခင်တမန်ဟ “ဘုရားသခင် တရားစီရင်မူရာ အချိန်ကျရောက်လာပီ ဖြစ်ယွေ့ ကိုယ်တော်ဟို ကြောက်ရွံ့လျက် ဘုန်းတော်ဟို ချီးမွန်းကြလော့။ ခေါန်းခင်၊ မြေကြီး၊ ပင်လယ်နဲ့ စမ်းယေတွင်းလို့ဟို ဖန်ဆင်းသောသူဟို ကိုးကွယ်ကြလော့” ဟု အသံအကျယ်ရီးနဲ့ ကြွေးကြော်လေအယ်။


အို ထာဝရဘုရား၊ စသူဟ ကိုယ်တော်ဟို မကြောက်ရွံ့၊ နာမတော်ဟိုလည်း မချီးမွန်းဘဲ နေလိမ့်မလုန်း။ အကျောန်းမှာ ကိုယ်တော် တပါးတည်းသာရင် သန့်ဆှင်းမြင့်မြတ်အယ်။ ကိုယ်တော်ရဲ့ ဖြောင့်မတ်သော စီရင်ချက်လို့ဟ ထင်ဆှားတာ ဖြစ်ယွေ့ လူမျိုးတကာလို့ဟ ကိုယ်တော်ရဲ့ ဆေ့ဟို လာယွေ့ ရှိခိုးကြပါလိမ့်မယ်” ဟု ဆိုကြအယ်။


အဲပင်းရင် သေခြင်းနဲ့ မရဏာနိုင်ငံလို့ဟ မီးအိန်ထဲဟို လောချခြင်း ခံရကြအယ်။ (ဟေမီးအိန်ဟ ဒုတိယသေခြင်း ဖြစ်အယ်။)


Lean sinn:

Sanasan


Sanasan