15 အဲလိုလဲ တချို့လူများဟ “နတ်ဆိုးလို့ရဲ့ ခေါင်းဆောင် ဗေလဇေဗုလဟ ပေးထားလဲ့ တန်ခိုးအားဖြင့် ကိုယ်တော်ဟ နတ်ဆိုးလို့ဟို မောင်းထုတ်အယ်” ဟု ဆိုကြအယ်။
တဘဲ့ဟ သူလို့ရဲ့ ဆရာလိုမျိုးလည်းကောင်း၊ ကျွန်ဟ သူလို့ရဲ့ သခင်လိုမျိုးလည်းကောင်း ဖြစ်ရင် လုံလောက်အယ်။ အိုင်ထောင်ဦးစီးဟို ဗေလဇေဗုလဟု ခေါ်ကြရင် သူရဲ့ နေအိုင်သူအိုင်သားများဟို စလောက် ပိုယွေ့ ခေါ်ကြလိမ့်မလဲ။
အေးနောက် လူအချို့လို့ဟ နတ်ဆိုးစွဲသောကျောန့် မျက်စေ့ကန်းပင်း အနေသူတယောက်ဟို ယေရှုဆေဟို ခေါ်ခဲ့ကြအယ်။ ယေရှုဟ အေးသူဟို ကျန်းမာစေသောကျောန့် အဲသူဟ မျက်စေ့မျော်လာပင်းရင် စကားပြောနိန်အယ်။
ယေရှုရဲ့ သတင်းဟ ရှုရိပြေ တဆှောက်လုံးတွင် ပျံ့သွားပင်း၊ လူလို့တွင် နတ်ဆိုးဝင်သောသူ၊ ဝက်ရူးစွဲသောသူ၊ လေဖြတ်သောသူ၊ မကျန်းမာသောသူမှ စယွေ့ အမျိုးမျိုးသော အနာရောဂါစွဲကပ်သူ ဝေဒနာဆှင်များဟို အထံတော်သို့ ခေါ်ခဲ့ကြပင်း ယေရှုဟ အဲလူအပေါင်းလို့ဟို ရောဂါပျောက်ကင်း စေအယ်။
အဲလိုလဲ ဖာရိရှဲလို့ဟ “သူဟ နတ်ဆိုးခေါင်းဆောင်ဟို အမှီပြုယွေ့ နတ်ဆိုးလို့ဟို မောင်းထုတ်အယ်” ဟု ပြောဆိုကြအယ်။
သူလို့ထဲမှ အများစုဟ “သူဟ နတ်ဆိုးစွဲပင်း အရူး ဖြစ်အယ်။ ပစာကျောန့် သူရဲ့ စကားဟို နားထောင်ကြတုန်း” ဟု ဆိုကြအယ်။
လူအုပ်ဟလည်း “နင်ဟ နတ်ဆိုးစွဲသောသူ ဖြစ်အယ်၊ စသူဟ နင့်ဟို သတ်ရန် ကြိုးစားလျက်နေတုန်း” ဟု ဖြေအယ်။
ယုဒလူလို့ဟ ယေရှုအား “နင်ဟ ရှမာရိလူဖြစ်ပင်း နတ်ဆိုးစွဲနေတာဟု ငါလို့ပြောသောစကားဟ အမန် မဟုတ်လော” ဟု ပြန်ဖြေအယ်။
ယုဒလူလို့ဟ “နင်နှိုက် နတ်ဆိုးစွဲတာဟို အခု ငါလို့ သိကြအယ်၊ အာဗြဟံဟ သေလွန်ခဲ့ပင်း ပရောဖက်လို့လည်း သေလွန်ကြပီ၊ ငါ့စကားဟို နာခံသောသူဟ သေခြင်းနဲ့ အစဉ်မပြတ် ကင်းလွတ်လိမ့်မယ်” ဟု ဆိုလေအယ်။