9 အေးမြို့မှာဆိလဲ့ ဖျားနာသူများဟို ကျန်းမာစေကြပင်းနဲ့ ‘ဘုရားသခင်ရဲ့ နိုင်ငံတော် တည်လုနီးပီ’ လို့ လူလို့ဟို ပြောလော့။
“နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့၊ ပစာကို့ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောပြောလေအယ်။
အဲအခါမှစပင်း ယေရှုဟ “နင်လို့ အပစ်များမှ နောင်တရပင်း လှည့်ပြန်ကြလော့။ အကျောန်းမှာ ခေါန်းခင်နိုင်ငံတော် တည်လုနီးပီ” ဟု ဟောခဲ့အယ်။
ယေရှုဟ “ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ တူတာဟို စလိုပြောရမလုန်း၊ အဲဟာမဟုတ်ရင် ပစာပုံဥပမာဟို ငါလို့ အသုံးပြုပင်း ဆှင်းပြသင့်လဲ၊
သူလို့ဟ ရမ်းဆာ့သော နတ်ဆိုးများဟို မောင်းထုတ်ကြအယ်၊ ဖျားနာသောသူများစွာဟို သံလွင်ဆီလိမ်းယွေ့ ကျန်းမာစေကြအယ်။
အဲလိုလဲ နင်လို့ မြို့ထဲဟို သွားယွေ့ သူလို့ မကြိုဆိုရင် လမ်းအပြင်ဟို ထွက်ပင်း ဟေလို့ပြောလော့။
‘နင်လို့ဟို သတိပေးလဲ့အနေနဲ့ ငါလို့ခြေထောက်မှာ ကပ်နေလဲ့ နင်လို့မြို့ဟ ဖုန်မှုန့်ဟို ငါလို့ ခါချအယ်၊ အဲလိုလဲ ဘုရားသခင်ရဲ့ နိုင်ငံတော် တည်လုနီးပီဟို သတိရကြပါ’ ဟု ပြောကြလော့။
အေးနောက် ယေရှုဟ ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောရန်နဲ့ ဖျားနာသူများဟို ကျန်းမာစေဖို့ သူလို့ဟို စေလွှတ်အယ်။
ယေရှုဟ “နင်လို့အား ငါ အမန်ဆိုတာဟ တဖန်မွေးဖွားခြင်းမခံသူဟ ဘုရားသခင်ရဲ့ နိုင်ငံတော်ဟို မမျော်နိန်” ဟု ပြန်ဖြေအယ်။
ယေရှုဟ “နင်အား ငါ အမန်ဆိုတာဟ၊ ယေနဲ့ ဝိညာဉ်တော်အားဖြင့် မွေးဖွားလာသူ မဟုတ်ရင် စသူမျှ ဘုရားသခင်ရဲ့ နိုင်ငံတော်သို့ မဝင်ရ။
ပေါလုဟ အဆုံးသတ်အနေနဲ့ “ဘုရားသခင်ရဲ့ ကယ်တင်ခြင်း သတင်းစကားဟို လူမျိုးခြားလို့ ကြားနာရန် ဟောပြောမဲ့ သူလို့ဟို စေလွှတ်ပီဖြစ်ယွေ့ သူလို့ဟ ကြားနာကြလိမ့်မယ်ဖြစ်ကျောန်း နင်လို့ သိမှတ်ကြလော” လို့ ဆိုအယ်။
ဘုရားသခင်ရဲ့ နိုင်ငံတော်အကျောန်းဟို ဟောပြောယွေ့ သခင် ယေရှု ခရစ်တော် အကျောန်းဟို အတားအဆီးမဆိဘဲ ရဲရင့်စွာ ဟောပြောလျက်နေအယ်။