6 ငြိမ်သက်မှုဟို ချစ်လဲ့သူတဦး အေးမှာနေထိန်ရင် နင်လို့နှုတ်ဆက်လဲ့ ငြိမ်သက်ခြင်းဟို အေးသူခံစားရလိမ့်မယ်။ အေးလို့မဟုတ်ရင် နင့်ရဲ့ နှုတ်ဆက်လဲ့ ငြိမ်သက်ခြင်းဟို ပြန်တုံ့လာလိမ့်မယ်။
နင်လို့ အိုင်ဟို ဝင်လဲ့အခါတိုင်း ‘ဟေနေအိုင်ပေါ်မှာ ငြိမ်သက်ခြင်း ဆိပါစေ’ လို့ အရင်ပြောလော။
အေးနေအိုင်မှာ နေပင်း အိုင်ဆှင် ကျွေးမွေးလဲ့ စားစရာ သောက်စရာများဟို စားကြလော့၊ ပစာကို့ အလုပ်သမားများအတွက် အခဟို ပေးရတဲ့အတွက် ဖြစ်အယ်။ နေအိုင်တအိုင်မှ တခြားနေအိုင်ဟို မရွေ့ကြနဲ့။
အကျိုးမဲ့သော စကားဖြင့် နင်လို့ကို စသူမျှ မလှည့်စားစေနဲ့။ ဟေအရာများကျောန့် ဘုရားသခင်ရဲ့ အူထော့တာဟ မနာခံသောသူလို့အပေါ်ဟို ရောက်လိမ့်မယ်။
အခုတွင် ငြိမ်သက်ခြင်းရဲ့ သခင်ဘုရား တတ်တိုင်း နင်လို့အား အချိန်အခါခပ်သိမ်း ငြိမ်သက်ခြင်း ပေးသနားပါစေသော။ သခင်ဘုရားဟ နင်လို့အားလုံးနဲ့ အတူဆိပါစေ။
ငြိမ်းချမ်းမှုဟို ဖြစ်စေသောသူလို့ဟ ဖြောင့်မတ်ခြင်း အသီးရဲ့ မျိုးစေ့ဟို ငြိမ်းချမ်းစွာ ကြဲတတ်ကြအယ်။
နင်လို့ မသိ နားမလည်စဉ်အချိန်ဟ မကောင်းသော ဆန္ဒများနောက်ဟို မလိုက်ကြဘဲ နာခံမှုဆိသော လူပဲ့သငယ်များလိုမျိုး ဖြစ်ကြလော့။