19 နားထောင်လော့၊ ငါ့ရဲ့ တန်ခိုးအာဏာများဟို နင်လို့ဟို ပေးထားသောကျောန့် နင်လို့ဟ မြွေများ၊ ကင်းမြီးကောက်လို့ဟို နိန်ရသောအခွင့်နဲ့ ရန်သူများဟို နိန်လိမ့်မယ်၊ နင်လို့ဟို ပစာအရာမှ မနာကျင်စေရ။
မြွေဆိုးများဟို ကိုင်ဖမ်းသော် အဲဟာမဟုတ်ရင် သေစေတတ်သော အဆိပ်ဟို သောက်ရင်လည်း သူလို့တွင် ဘေးအန္တရာယ်ဖြစ်စေမယ် မဟုတ်၊ မကျန်းမာသူများအပေါ်တွင် လက်ဟို တင်ယွေ့ အဲသူလို့ဟ ကျန်းမာလာကြလိမ့်မယ်” ဟု ပြောလေအယ်။
ကြက်ဥဟို တောင်းရင် ကင်းမြီးကောက်ဟို ပေးမယ်လော။
အဲလိုလဲ ပေါလုဟ မြွေပွေးဟို မီးထဲ ခါချလိုက်သော်လည်း ပစာဘေးဥပါဒ်မှ မသင့်။
ငြိမ်သက်ခြင်းရဲ့ အဆှင်ဖြစ်သော ဘုရားသခင်ဟ စာတန်ဟို နင်လို့ရဲ့ ခြေထောက်အောက်တွင် မကြာခင် ချေမှုန်းလိမ့်မယ်။ ငါလို့ အဆှင် ယေရှုရဲ့ ကျေးဇူးတော်ဟို နင်လို့ ခံစားကြရပါစေ။
တစုံတယောက်ဟ သူလို့ဟို အန္တရာယ်ပြုရင် သူလို့ရဲ့ ခံတွင်းထဲမှ မီးထွက်လာယွေ့ သူလို့ရဲ့ ရန်သူများဟို လောင်ကျွမ်းစေမယ် ဖြစ်အယ်။ တစုံတယောက်ဟ သူလို့ဟို အန္တရာယ်ပြုချင်ရင် အဲသူဟ အဲတိုင်းတိုင်း အသေသတ်ခြင်း ခံရမယ် ဖြစ်အယ်။