75 ငါလို့ရဲ့ ဖဝါ့တခုလုံး ဘုရားသခင် ဆေ့နှိုက်၊ သန့်ဆှင်းပင်း ဖြောင့်မတ်သောသူ ဖြစ်မဲ့အကျောန်းတည်း။
သူဟ အောင်နီငယ်ဟို မွေးလိမ့်မယ်။ အဲအောင်နီငယ်ဟ မိမိလူလို့ဟို အပစ်မှ ကယ်ချွတ်မယ့်သူ ဖြစ်သောကျောန့် ယေရှုဆိုသော နာမယ် ပေးရမယ်” ဟု ပြောအယ်။
အကျောန်းမှာ ကိုယ်တော်ဟ မျက်မှောက်တော်နှိုက် သန့်ဆှင်းယွေ့ အပစ်ကင်းစင်ခြင်းငှာ ဟေလောကဟို မဖန်ဆင်းမီဟပင် ငါလို့ဟို ရွေးကောက်အယ်။ ပစာကို့ သူရဲ့ချစ်ခြင်းကျောန့် ဖြစ်ပင်း
ငါလို့ဟို ကောင်းသောအမှုများဟို ပြုရန် ခရစ်တော် ယေရှုနှိုက် ဖန်ဆင်းခြင်းခံရသော ဘုရားသခင်ရဲ့ လက်ရာတော် ဖြစ်ကြအယ်။ အေးကောင်းသောအရာများနှိုက် ငါလို့ အသက်ဆှင် ဆှောက်လှမ်းကြရန် ဘုရားသခင်ဟ အေးအမှုများဟို ကြိုတင်ပြင်ဆင်ထားအယ်။
သမ္မာတရားနဲ့ဆိုင်သော ဖြောင့်မတ်ခြင်းနဲ့ သန့်ဆှင်းခြင်းလို့ဖြင့် ဘုရားသခင်ရဲ့ ပုံစံနဲ့အညီ ဖန်ဆင်းခြင်းခံရသော လူသစ်ဟို ဝတ်ဆင်ရန် နည်းခံခဲ့ကြအယ်။
နောက်ဆုံးအနေနဲ့ ညီအကိုလို့၊ နင်လို့ဟ ဘုရားသခင် နှစ်သက်စေရန် နင်စလိုနေထိန်ရမယ်ဟို ငါလို့ဆေမှ သင်ယူခဲ့အယ်။ အေးစာဟ သေချာပင်း နင်နေထိန်ခဲ့တဲ့ နည်းလမ်း ဖြစ်အယ်။ အားပင်း အခုလည်း သခင် ယေရှုရဲ့ နာမတော်နှိုက် နင်လို့အား ငါလို့ တောင်းပန် တိုက်တွန်းနှိုးဆော်အယ်။
ဘုရားသခင်ဟ ငါလို့အား ညစ်ညမ်းစွာ နေထိန်ရန် မခေါ်ဘဲ သန့်ဆှင်းမြင့်မြတ်စွာ နေထိန်ရန် ခေါ်အယ်။
သခင်ဘုရားချစ်သော ညီအကိုလို့၊ နင်လို့အတွက် အချိန်တိုင်း ဘုရားသခင်ဟို ကျေးဇူးတင်ရမယ်။ အကျောန်းမှာ ဘုရားသခင်ဟ နင့်အား သူရဲ့ သန့်ဆှင်းမြင့်မြတ်သော လူမျိုးဖြစ်စေရန်နဲ့ သမ္မာတရားကို ယုံကြည်ခြင်းအားဖြင့် နင့်အား ဝိညာဉ်တော်ရဲ့ တန်ခိုးဖြင့် ကယ်တင်ခြင်းဟို ရောက်မယ့် ဦးရင်ဆုံးသူအဖြစ် ဘုရားသခင် ရွေးချယ်ခဲ့အယ်။
ဘုရားသခင်ဟ ငါလို့ဟို ကယ်တင်ယွေ့ သန့်ဆှင်းသော ခေါ်ယူခြင်းဖြင့် ငါလို့ဟို ခေါ်ယူတာဟ ငါလို့ပြုသောအမှုများကျောန့် မဟုတ်ဘဲ ကိုယ်တော်ရဲ့ အကြံအစည်ကျောန့် ဖြစ်ပင်း ဆေ့ကာလများ မတိုင်မီဟပင် ခရစ်တော် ယေရှုအားဖြင့် ငါလို့အား ပေးသော ကျေးဇူးတော်ကျောန့် ဖြစ်အယ်၊