6 အဲသူ နေဦးလုံးဟ ဘုရားသခင်ရဲ့ ဆေ့တွင် သူတော်ကောင်းများ ဖြစ်ကြအယ်။ သခင်ဘုရားရဲ့ ပညတ်တော်ဆိသမျှနဲ့ ညွှန်ကြားချက်များဟို တခုမကျန် နားထောင်ကြအယ်။
ဧလိရှဗက်ဟ မြုံနေသောကျောန့် သူလို့မှာ လူပဲ့သငယ် မဆိ၊ သူမနဲ့ ဇာခရိနေယောက်လုံး ရမ်းဆာ့အိုကြပီ။
ယေရှုဟ အေးသူလို့အား၊ “နင်လို့ဟ လူလို့ဆေ့မှာ မိမိတတ်တိုင်း ဖြောင့်မတ်ကျောန်း ဖော်ပြတတ်သူများ ဖြစ်ကြအယ်၊ အဲလိုလဲ ဘုရားသခင်ဟ နင်လို့ရဲ့ စိတ်နေလုံးဟို သိဆိအယ်။ လူလို့ အမြတ်တနိုးထားသောအရာဟ ဘုရားသခင်ရဲ့ ဆေ့နှိုက် စက်ဆုပ်ဖွယ် ဖြစ်အယ်။
အေးအချိန်နှိုက် ယေရုရှလင်မြို့တွင် ရှုမောင် နာမယ်ဆိသော လူတယောက် ဆိအယ်။ သူဟ ဘုရားသခင်ဟို ကြည်ညိုယွေ့ ဖြောင့်မတ်သောသူ ဖြစ်ပင်း၊ ဣသရေလလူမျိုးလို့ သက်သာခြင်း ရရန် စောင့်မျော်နေသူ ဖြစ်အယ်၊ သန့်ဆှင်းသော ဝိညာဉ်တော်ဟ သူအပေါ်နှိုက် တည်ယွေ့
အေးအဆှင်နဲ့ ပတ်သက်ယွေ့ ဒါဝိဒ်မင်းဟ၊ “ ‘ငါဟ ထာဝရဘုရားဟို အချိန်တိုင်း မျော်ရအယ်၊ ငါဟ ဒုက္ခမရောက်စေရန် ကိုယ်တော်ဟ ငါ့ အနီးတွင် ဆိအယ်။
ပေါလုဟ တရားလွှတ်တော်အဖွဲ့ဟို တန်းတန်းကျေ့ပင်း “ငါ့ညီအကိုလို့ ငါဟ ခုနေ့တိုင်အောန် တသက်လုံး ဘုရားသခင် ဆေ့တော်တွင် ဩတ္တပ္ပစိတ် ကြည်လင်ပင်း ကောင်းစွာ နေထိန်ခဲ့ပါအယ်” ဟု ပြောအယ်။
အေးကျောန့် ငါဟ ဘုရားသခင်ဆေ့ လူလို့ဆေ့တွင် ငါ့ရဲ့ ဩတ္တပ္ပစိတ်ကြည်လင်မှု ဆိစေရန် အမြဲတမ်း ကြိုးစားအားထုတ်ပါအယ်။
ဘုရားသခင်ရဲ့ ဆေ့တွင် နင့်ရဲ့ စိတ်ထား မမန်ကန်သောကျောန့် ဟေအလုပ်တွင် နင်မပါဝင်နိန် အဲဟာမဟုတ်ရင် နင့်ဝေစုလည်း မဆိ။
အေးစာဟ ဇာတိပကတိ အလိုအတိုင်း မဟုတ်ဘဲ ဝိညာဉ်တော် အလိုအတိုင်း အသက်ဆှင် ဆှောက်လှမ်းနေကြသော ငါလို့နှိုက် ပညတ်တရားရဲ့ ပြဋ္ဌာန်းချက်များ ပြေ့စုံစေရန် ဖြစ်အယ်။
နင်လို့ဟ ငါ့ဟို အစဉ်အောက်မေ့ သတိရယွေ့ ငါပေးအပ်လဲ့ သွန်သင်ချက်အတိုင်း လိုက်နာပြုကျင့်ကြသောကျောန့် နင်လို့အား ငါချီးမွန်းအယ်။
ငါလို့ ဩတ္တပ္ပစိတ်ဟ သက်သေခံယွေ့ ဂုဏ်ယူဝါကြွားစရာ တခုဟ ဟေလောကနှိုက် အသက်ဆှင်စဉ်၊ အထူးသဖြင့် နင်လို့နဲ့ ဆက်ဆံရာတွင် လူသားလို့ရဲ့ အသိဉာဏ်ဟို အမှီမပြုဘဲ ဘုရားသခင်ရဲ့ ကျေးဇူးတော် တန်ခိုးဟို သာလျှင် အမှီပြုယွေ့ ငါလို့ဟ ဘုရားသခင် ပေးသနားသော ရိုးသားမှုနဲ့ ပွင့်လင်းစွာ ပြုမူကျင့်ကြံခြင်းပင် ဖြစ်အယ်။
အဲမှသာလျှင် အပစ်တင်ခွင့်မဆိ၊ စသူဟိုမျှ မပစ်မားဘဲနေယွေ့ မဖြောင့်မမန် ဖောက်ပြန်သော လူသားမျိုးနွယ်အထဲနှိုက် ပစာအပစ်မျှ မပါဘဲ ဘုရားသခင်ရဲ့ သား ဖြစ်ကြလိမ့်မယ်။ အသက်ဆှင်ခြင်းနဲ့ဆိုင်သော နှုတ်ကပတ်တရားဟို ပြသသလို၊
အဲလိုလဲ အခု ဘုရားသခင်ဟ လူ့ဇာတိဟို ခံယူသော သားတော်အား အသေခံစေသောအားဖြင့် နင်လို့အား မိမိနဲ့ ပြန်လည်သင့်မြတ်ခွင့်ဟို ပေးလေပီ၊ ဟေသို့ ပြုခြင်းမှာ နင်လို့ဟ သန့်ဆှင်း၊ ဖြူစင်၊ မြင့်မြတ်လျက် အပစ်ဆိုဖွယ် မဆိဘဲ ဆေ့မှောက်သို့ ဝင်ရောက်နိန်ကြရန် ဖြစ်အယ်။
ဟေနည်းအားဖြင့် နင်လို့ရဲ့ စိတ်နေလုံးဟို ခွန်အားပေးသဖြင့်၊ ငါလို့ သခင် ယေရှုဟ မိမိနဲ့ဆိုင်သော သူအပေါင်းလို့နဲ့အတူ ကြွလာသောအခါ ငါလို့ရဲ့ ဘုရားသခင်နဲ့ ခမည်းတော်ရဲ့ဆေ့တွင် အပစ်တင်ခွင့် မဆိသော သန့်ဆှင်းမြင့်မြတ်သူများ ဖြစ်ကြရမယ်။
အေးလို့မို့ ချစ်သောမိတ်ဆွေလို့၊ နင်လို့ဟ အေးအရာများဟို စောင့်မျှော်နေကြတာဖြစ်ယွေ့ အစွန်းအထင်းကင်းလျက် အပစ်တင်စရာ မဆိသောသူအဖြစ် ကိုယ်တော် ဆေ့တော်ဟို ငြိမ်းချမ်းစွာ ရောက်ဆိနိန်ရန် ကြိုးစားကြလော့။
ခရစ်တော်ဟ ဖြောင့်မတ်တာဟို နင်လို့ သိကြလော့။ အဲလိုမို့ ဖြောင့်မတ်ခြင်းတရားဟို ကျင့်သုံးသောသူဟ ဘုရားသခင်ရဲ့ လူပဲ့သငယ်ဖြစ်ကျောန်း နင်လို့ သိကြအယ်။
ငါလို့ဟ ဘုရားသခင်ရဲ့ ပညတ်တော်လို့ဟို လိုက်နာစောင့်ထိန်းရင် အဲအမှုအရာအားဖြင့် ဘုရားသခင်ဟို ငါလို့ သိကျွမ်းတာဟို သိကြအယ်။
လူပဲ့သငယ်လို့၊ စသူမျှ နင်လို့အား မှောက်မားလမ်းလွဲအောန် မပြုစေနဲ့။ ခရစ်တော်ဟ ဖြောင့်မတ်သလို အမန်တရားဟို ကျင့်သုံးသောသူလည်း ဖြောင့်မတ်သူ ဖြစ်အယ်။