33 သူဟ ယာကုပ်အမျိုးဟို အစဉ်အမြဲ အုပ်ချုပ်လိမ့်မယ်၊ အေးသူရဲ့ နိုင်ငံဟလည်း ပစာခါမှ ကုန်ဆုံးလိမ့်မယ် မဟုတ်” ဟု မာရိအား ဟောအယ်။
အာဗြဟံရဲ့အမျိုးနဲ့ ဒါဝိဒ်ရဲ့ အမျိုးမှ ဆင်းသက်သော ယေရှုခရစ်ရဲ့ ဆွေစဉ်မျိုးဆက်များ စာရင်းမှာ ဟေလို့ ဖြစ်အယ်။
ယေရှုဟ သူလို့ အနီးဟို ကြွလာလျက် “ခေါန်းခင်ဘုံနဲ့ မြေကြီးပေါ် ဆိသမျှသောတန်ခိုး အာဏာလို့ဟို ငါဆေ ပေးအပ်ထားလေပီ။
မာရိဟ “ငါသည် အပျိုကညာ ဖြစ်သဖြင့် စလို လူပဲ့စွဲယွေ့ အောင်နီငယ်ဟို မွေးနိန်မှာလုန်း” ဟု ခေါန်းခင်တမန်ဟို မေးအယ်။
ဘုရားသခင်ရဲ့ စကားဟ ပျက်သွားမှာ မဟုတ်။ အကျောန်းမှာ ဣသရေလလူမျိုး ဆက်နွယ်သော သူအားလုံးလို့ဟ ဣသရေလလူ အမန် မဟုတ်။
နင်လို့ဟ ခရစ်တော်နဲ့ စပ်ဆိုင်ရင် အေးနောက် နင်တို့ဟ အာဗြဟံရဲ့ အမျိုးအနွယ်များ ဖြစ်ယွေ့ ဘုရားသခင် ကတိထားသောအရာကို ရဆိကြလိမ့်မယ်။
ဟေနည်းဥပဒေကို လိုက်နာသူတိုင်း ဘုရားသခင်ရဲ့ လူမျိုးတော်လို့နှိုက် ငြိမ်သက်ခြင်းနဲ့ ကရုဏာဟ ဆိပါစေ။
ငါလို့ဟ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်ဟို ကိုးကွယ်ယွေ့ ဇာတိပကတိနှိုက် ကိုးစားခြင်း မဆိဘဲ ယေရှု ခရစ်နှိုက်သာ ဝါကြွားဝမ်းမြောက်သောသူ ဖြစ်ယွေ့ မန်သော အရေဖျားလှီးခြင်းဟို ခံသောသူ ဖြစ်ကြအယ်။
အားပေမဲ့ သားတော်အား မိန့်သောအခါနှိုက် ကိုယ်တော်ဟ၊ “အို ဘုရားသခင်၊ ကိုယ်တော်ရဲ့ နိုင်ငံတော်ဟ ကာလအစဉ်အမြဲ တည်လိမ့်မယ်၊ ကိုယ်တော်ဟ မိမိရဲ့ လူစုတော်အား တရားမျှတစွာ အုပ်စိုးအယ်။
သတ္တမ ခေါန်းခင်တမန်ဟ တံပိုးခရာဟို မှုတ်လိုက်သောအခါ ခေါန်းခင်ဘုံနှိုက် အသံအကျယ်ရီး ထွက်ပေါ်လာလျက် “လောကီနိုင်ငံဟ ငါလို့အဆှင်နဲ့ ခရစ်တော်ရဲ့ နိုင်ငံ ဖြစ်လေပီ။ သူဟလည်း ကမ္ဘာအဆက်ဆက် စိုးစံလိမ့်မယ်” ဟု ဆိုအယ်။