Biblia Todo Logo
Bìoball air-loidhne

- Sanasan -




လုကာ 1:1 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

1 ချစ်လှစွာသော သော်ဖိလု၊ လူများစွာဟ ငါလို့ကြားတွင် ဖြစ်ပျက်လာရမဲ့ အဖြစ်အပျက်များဟို မှတ်တမ်းတခုရေးရန် အစွမ်းကုန် ကြိုးစားခဲ့ကြအယ်။

Faic an caibideil Dèan lethbhreac




လုကာ 1:1
13 Iomraidhean Croise  

တဘဲ့တော်လို့ဟ အရပ်ရပ်သို့ သွားယွေ့ တရားဟောသဖြင့်၊ သခင်ဘုရားဟ သူလို့နဲ့အတူ လုပ်ဆောင်ပင်း အံ့ဖွယ်သောအမှုများဖြင့် သူလို့ရဲ့ ဟောပြောခြင်း မန်ကန်ကျောန်း သက်သေပြခဲ့အယ်။] [


အဲလိုလဲ ယေရှုဟ ဘုရားသခင်ရဲ့ သားတော် ခရစ်တော်ဖြစ်ကျောန်းဟို နင်လို့ ယုံကြည်ကြရန်နဲ့ အဲသို့ ယုံကြည်ခြင်းဖြင့် ကိုယ်တော်ရဲ့ နာမနှိုက် အသက်ဟို ရဆိကြရန် ဟေအရာများဟို ရေးထားခြင်း ဖြစ်အယ်။


အချို့လူများရဲ့ နေ့ရက်တရက်ဟ တခြားနေ့များထက် ပိုပင်း အရေးကြီးအယ်ဟု ထင်ကြပင်း တချို့ကမူ တူညီသောနေ့ရက်များ ဖြစ်အယ်လို့ ထင်ကြအယ်။ ငါလို့ တဦးစီဟ ငါလို့ရဲ့ စိတ်ဟို ခိုင်မာအောန် ပြုလုပ်သင့်အယ်။


သူဟ ဘုရားသခင် ကတိထားရာဟို လုပ်ဆောင်နိန်လိမ့်မယ်လို့ သူလုံးဝ ယုံကြည်ခဲ့အယ်။


ဟေသို့ ကြိုးပမ်းလုပ်ဆောင်ရခြင်းမှာ နင်လို့အပေါင်းဟ ခွန်အားပေးလျက် အချင်းချင်းတယောက်ဟို တယောက် ချစ်ခင်လာစေရန် ဖြစ်အယ်၊ ဟေသို့ဖြစ်ခြင်းကျောန့် နင်လို့ဟ ပီးပြေ့စုံသော သိဆိ နားလည်ခြင်းနဲ့ စိတ်ချမှုဟို ရဆိကြလိမ့်မယ်။ ဟေနည်းအားဖြင့် နင်လို့ဟ ခရစ်တော် တည်းဟူသော ဘုရားသခင်ရဲ့ နက်နဲသောအရာဟို သိဆိကြလိမ့်မယ်။


ခရစ်တော် ယေရှုရဲ့ ကျွန်ဖြစ်ယွေ့ နင်လို့အထဲဟ တဦးဖြစ်သော ဧပဖြဟ နင်လို့ဟို နှုတ်ဆက်လိုက်အယ်။ နင်လို့ဟ စုံလင်ရင့်ကျက်သူအဖြစ် ရပ်တည်လျက် ဘုရားသခင်ရဲ့ အလိုတော်ဆိသမျှဟို အပြေ့ဝ ဆောင်ရွက်နိန်မဲ့အကျောန်း သူဟ နင်လို့အတွက် အစဉ်အမြဲ ကြိုးစားယွေ့ ဆုတောင်းပေးလျက် ဆိအယ်။


အကျောန်းမှာ ငါလို့ဟ နှုတ်ကပတ်တော်ဖြင့်သာ မဟုတ်ဘဲ တန်ခိုးနဲ့လည်းကောင်း၊ သန့်ဆှင်းသော ဝိညာဉ်တော်နဲ့လည်းကောင်း၊ သမ္မာတရားကို အပြည့်အဝယုံကြည်ခြင်းအားဖြင့်လည်းကောင်း နင်လို့ဆီဟို ငါလို့ဟ ဧဝံဂေလိတရားကို ဆောင်ခဲ့အယ်။ နင်နဲ့အတူဆိတုန်းဟ ငါလို့ စလိုလိုနေထိန်ခဲ့လဲ နင်လို့ သိကြပင်း အဲအရာဟ နင်ရဲ့ ကောင်းကျိုးအတွက်ပဲ ဖြစ်အယ်။


ငါလို့ရဲ့ ဘာသာတရားနက်နဲပုံဟို စသူမျှ ငြင်းဆိုယွေ့ မရဘဲ ကိုယ်တော်ဟ လူသားပုံသဏ္ဌာန်နဲ့ ပေါ်ထွန်းပီ၊ မန်ကန်ကျောန်းဟို ဝိညာဉ်တော်အားဖြင့် ဖော်ပြပင်း ခေါန်းခင်တမန်များဟ ကိုယ်တော်ဟို ရှုမျော်ရကြပီ။ ကိုယ်တော်ရဲ့ အကျောန်းဟို လူမျိုးတကာလို့အား ကြေညာပီ၊ ကမ္ဘာပေါ်ဆိ လူလို့ဟ ယုံကြည်ကြပီ၊ ခေါန်းခင်ဘုံဟို ဆောင်ယူခြင်းဟို ခံပီ။


အားပေမဲ့ သခင်ဘုရားဟ ငါနဲ့အတူ ဆိယွေ့ ငါ့ဟို ခွန်အားနဲ့ ပြေ့စုံစေသဖြင့် ငါဟ လူမျိုးခြားလို့အား နှုတ်ကပတ်တော်ဟို အကုန်အစင် ဟောပြောနိန်အယ်၊ ဟေလိုဖြင့် ငါဟ သေခြင်းမှ ကင်းလွတ်ခွင့်ဟိုလည်း ရဆိအယ်။


ငါလို့ရဲ့ စိတ်နေလုံးဟို ဆိုးညစ်သော အသိစိတ်နဲ့ ကင်းစင်စေရန် ပက်ဖျန်းခြင်း ခံယူလျက် ကိုယ်ခန္ဓာဟိုလည်း စင်ကြယ်သော ယေဖြင့် ဆေးကြောကာ ယုံကြည်ခြင်းနဲ့ ဆိုင်သော စိတ်ချမှု အပြေ့အဝနဲ့ ဖြောင့်မတ်သော စိတ်နေလုံးလို့ဖြင့် အထံတော်ဟို တိုးဝင် ချဉ်းကပ်ကြစို့။


နင်လို့ဆိသမျှဟ နောက်ဆုံးနှိုက် မိမိလို့ရဲ့ မျော်လင့်ချက် ပြေ့စုံလာလဲ့တိုင်အောန် အခုအတိုင်း ဆက်လက်ယွေ့ စိတ်အားထက်သန်စေရန် ငါလို့ အလိုဆိကြအယ်။


Lean sinn:

Sanasan


Sanasan