3 ယေရှုဟ “သူ့ အပစ်ကျောန့် မဟုတ်၊ မိဘ အပစ်ကျောန့်လည်း မဟုတ်။ သူမျက်စေ့မမျော်ရခြင်းမှာ ဘုရားသခင်ရဲ့ တန်ခိုးတော် သူနှိုက် ထင်ဆှားစေရန် ဖြစ်အယ်။
မျက်စေ့ကန်းသူလို့ဟ မျက်စေ့မျော် ရကြအယ်။ ခြေမသန်သောသူလို့ဟ လမ်းဆှောက်နိန်ကြအယ်။ အရေပြားရောဂါစွဲသူလို့ဟ သန့်စင်သွားကြအယ်။ နားပင်းသူလို့ဟ ကြားရကြအယ်။ သေသူလို့ဟ အသက်ပြန်ဆှင်ခြင်းဟို ခံရကြပင်း ဆင်းရဲသူလို့ဟ သတင်းကောင်းဟို ကြားရကြအယ်။
ယေရှုဟ ဟေစကားဟို ကြားရင်၊ “ဟေအနာဟ သေနာ မဟုတ်၊ ဘုရားသခင်ရဲ့ ဘုန်းဟို ထင်ဆှားစေသော အနာဖြစ်အယ်၊ အေးအနာကျောန့် ဘုရားသခင်ရဲ့ သားတော်ဟလည်း ဘုန်းထင်ဆှားခြင်း ဆိလိမ့်မယ်” ဟု မိန့်လေအယ်။
ယေရှုဟ “နင် ယုံကြည်ရင် ဘုရားသခင်ရဲ့ ဘုန်းအသရေဟို မျော်ရလိမ့်မယ်ဟူယွေ့ ငါပြောပီ မဟုတ်လော” ဟု မိန့်အယ်။
သူ့ရဲ့ လက်မှ တန်းလန်းကျနေသော မြွေပွေးဟို ကျွန်းသူကျွန်းသားလို့ မျော်သောအခါ “အေးသူဟ လူသတ်သမား ဖြစ်ရမယ်။ ပင်လယ်တွင် အသက်ဘေးမှ လွတ်မြောက်သော်လည်း တရားမျှတမှု နတ်ဘုရားမဟ သူ့အား အသက်ဆှင်ခွင့် မပြု” လို့ အချင်းချင်း ပြောဆိုကြအယ်။
အဲလိုမို့ တရားလွှတ်တော် အဖွဲ့ဝင်လို့ဟ သူလို့ဟို ထပ်မံကျပ်တည်းစွာ သတိပေးပင်းနောက် ထွက်ခွာသွား စေကြအယ်။ လူအပေါင်းလို့ဟ ဖြစ်ပျက်ခဲ့လဲ့ အမှုအရာကျောန့် ဘုရားသခင်ရဲ့ ဘုန်းတော်ဟို ချီးမွန်းလျက် နေကြသောကျောန့် သူလို့ဟ တမန်တော်လို့ဟို အပြစ်ဒဏ်ပေးနိန်မဲ့ နည်းလမ်းဟို ဆှာမတွေ့ကြ။
ငါလို့ဟ ငါလို့အပေါ်နှိုက် ဘုရားသခင်ထားဆိသော ချစ်ခြင်းမေတ္တာဟို သိယွေ့ ယုံကြည်ကြအယ်။ ဘုရားသခင်ဟ ချစ်ခြင်းမေတ္တာ ဖြစ်အယ်။ ချစ်ခြင်းမေတ္တာနှိုက် တည်သောသူဟ ဘုရားသခင်နှိုက် တည်ယွေ့ ဘုရားသခင်ဟလည်း အဲသူနှိုက် တည်အယ်။
ငါလို့ဟ သားတော်အားဖြင့် အသက်ဆှင်ကြစေရန် ဘုရားသခင်ဟ မိမိရဲ့ တပါးတည်းသော သားတော်ဟို ဟေလောကသို့ စေလွှတ်အယ်။ အေးလိုဖြင့် ဘုရားသခင်ရဲ့ ချစ်ခြင်းမေတ္တာဟ ငါလို့နှိုက် ထင်ဆှားအယ်။