Biblia Todo Logo
Bìoball air-loidhne

- Sanasan -




ယောဟန် 9:16 - ဓမ္မသစ်ကျမ်း ဓနုဘာသာစကား

16 ဖာရိရှဲအချို့လို့ဟ “အေးသူသည် ဥပုသ်နေ့ဟို မစောင့်ထိန်းသောကျောန့် ဘုရားသခင်ဆေမှ လာသောသူ မဟုတ်” ဟု ဆိုအယ်။ အခြားသောသူလို့ဟ “အပစ်သားဖြစ်သောသူတဦးဟ ဟေလို့သော နိမိတ်လက္ခဏာလို့ဟို စလို ပြုလုပ်နိန်မှာလဲ” ဟု ဆိုကြအယ်။ အားပင်း သူလို့ထဲတွင် ကွဲပြားခြင်း ဆိကြအယ်။

Faic an caibideil Dèan lethbhreac




ယောဟန် 9:16
18 Iomraidhean Croise  

တရားဇရပ်ထဲတွင် လက်တဖက်သေသူ လူတယောက်ဆိအယ်။ လူအချို့လို့ဟ ယေရှုဟို ပစ်တင်စွပ်စွဲလိုသောကျောန့် သူလို့ဟ ကိုယ်တော်အား “ဥပုသ်နေ့နှိုက် အနာရောဂါ ပျောက်ကင်းစေခြင်းဟ ငါလို့ရဲ့ ပညတ်တရားဟို ဆန့်ကျင်သလော” ဟု မေးဆှောက်ကြအယ်။


အဲအရာဟို ဖာရိရှဲလို့မျော်သောအခါ၊ သူလို့ဟ ယေရှုအား “ကျေ့မန့်၊ ကိုယ်တော်ရဲ့ တဘဲ့များဟ ဥပုသ်နေ့နှိုက် ပညတ်ဟို ကာပြန်ယွေ့ ပြုနေသလော” ဟု ဆိုကြအယ်။


ဥပုသ်နေ့တွင် ယေရှုဟ အနာရောဂါပျောက်စေလို့ ဆိုပင်း တရားဇရပ်အုပ်ချုပ်ရေးမှူးဟ စိတ်တိုပင်းလျှင် “ငါလို့မှာ အလုပ်လုပ်သင့်လဲ့နေ့ ခြောက်ရက် ဆိအယ်၊ အဲလိုမို့ ဟေဥပုသ်နေ့မှာတော့ အနာရောဂါငြိမ်းခြင်းဟို လာမလုပ်ကြပါနဲ့” ဟု လူလို့အား ပြောအယ်။


ဟေစကားကြားလဲ့ ယုဒလူလို့ဟ စိတ်သဘောထား ကွဲလွဲသွားကြအယ်။


ငါဟ ခမည်းတော်နှိုက် ဆိယွေ့ ခမည်းတော်ဟ ငါနှိုက် ဆိကျောန်းဟို ယုံကြလော့။ မယုံရင် ငါပြုသောအမှုများဟို ထောက်ယွေ့ ယုံကြလော့။


ငါဟ အခြားစသူမျှ မပြုဖူးသောအမှုဟို သူလို့ဆေ့မှာ မပြုခဲ့ရင် သူလို့နှိုက် အပစ်မဆိ၊ အခုမှာ သူလို့ဟ အေးအမှုများဟို မျော်ရကြပင်း ငါနဲ့ ငါ့ခမည်းတော်ဟို မုန်းကြအယ်။


ယေရှုဟ ဟေဦးရင်ဆုံးသော နိမိတ်လက္ခဏာဟို ဂါလိလဲပြေ ကာနမြို့တွင် ပြုလျက် ကိုယ်တော်ဟ မိမိရဲ့ ဘုန်းအသရေဟို ထင်ဆှားစေအယ်၊ သူ့ရဲ့ တဘဲ့တော်လို့ဟ ကိုယ်တော်ဟို ယုံကြည်ကြအယ်။


သူဟ ညနှိုက် ယေရှုဆေဟို လာယွေ့ “ရဗ္ဗိ၊ ကိုယ်တော်ဟ ဘုရားသခင်ဆေမှ လာသော ဆရာဖြစ်ကျောန်းဟို ငါလို့ သိအယ်။ အကျောန်းမှာ ဘုရားသခင် အတူမပါဆိရင် ကိုယ်တော်ပြုနေသော ဟေနိမိတ်လက္ခဏာများဟို စသူမျှ ပြုနိန်မှာ မဟုတ်မန့်” ဟု ပြောအယ်။


အဲလိုမို့ ယုဒအာဏာပိုင်လို့ဟ ကျန်းမာလာသူအား “ခနေ့ဟ ဥပုသ်နေ့ ဖြစ်ယွေ့ နင့်အိပ်ယာဟို ဆောင်ယူခြင်းမှာ ငါလို့ ပညတ်တော်နဲ့ ဆန့်ကျင်နေအယ်” ဟု ဆိုအယ်။


အဲလိုလဲ ယောဟန်ရဲ့ သက်သေခံချက်ထက် ကြီးမြတ်လဲ့ သက်သေခံချက် ငါ့မှာ ဆိအယ်၊ ခမည်းတော် ငါ့အား ပေးအပ်သဖြင့် ခုတုံး ငါ ပီးမြောက်အောန် လုပ်ဆောင်ဖို့ ဆိလဲ့အရာများဟ ငါ့ဟို ခမည်းတော်စေလွှတ်ကျောန်း သက်သေခံကြအယ်။


အဲအခါ ယုဒလူလို့ဟ “ဟေသူဟ သူရဲ့အသားဟို ငါလို့စားရန် စလို ပေးနိန်မှာတုန်း” ဟု သူလို့တတ်တိုင်း စတင် ငြင်းခုံကြအယ်။


လူအုပ်ဟ ကိုယ်တော်နဲ့ပတ်သက်ယွေ့ များစွာ တီးတိုးပြောဆိုလျက် နေကြအယ်။ လူအချို့လို့ဟ “ဟေသူဟ လူကောင်း ဖြစ်အယ်” ဟု ဆိုကြအယ်။ အချို့ဟ “သူတော်ကောင်း မဟုတ်၊ လူလို့အား မောက်မားလမ်းလွဲစေသူ ဖြစ်အယ်” ဟု ဆိုကြအယ်။


လူဟ မောရှေရဲ့ ပညတ်တရား မချိုးဖောက်ရန် နင်လို့ဟ အရေဖျားလှီးခြင်းဟို ခံရရင် ငါဟ ဥပုသ်နေ့နှိုက် လူတကိုယ်လုံးဟို ကျန်းမာလာစေလဲ့အတွက် ပစာကျောန့် ငါ့အား အူထော့ကြသလော။


အဲလိုမို့ ယေရှုကျောန့် လူအုပ်လို့ထဲမှာ စိတ်သဘောကွဲလွဲလျက် နေကြအယ်။


အေးကျောန့် သူလို့ဟ မျက်စေ့ကန်းဖူးသောသူဟို ဒုတိယအကြိမ် ခေါ်ပင်း “ကတိပေးထားလဲ့အတိုင်း ဘုရားသခင်ဆေ့နှိုက် အမန်တရားဟို ပြောမန့်၊ နင့်ဟို ကျန်းမာစေသောသူဟ အပစ်သားဖြစ်ကျောန်းဟို ငါလို့ သိအယ်” ဟု ဆိုကြအယ်။


မြို့သူမြို့သားလို့ဟ နေစု ကွဲပြားကြအယ်၊ တချို့ဟ ယုဒအမျိုးသားလို့ဖက်ဟို ပါသွားယွေ့ အခြားတစုဟ တမန်တော်လို့ဖက်ဟို ပါသွားကြအယ်။


Lean sinn:

Sanasan


Sanasan