12 တခါ ယေရှုဟ ဖာရိရှဲလို့အား “ငါဟ လောကရဲ့ အလင်းဖြစ်အယ်၊ ငါ့နောက်ဟို လိုက်သောသူဟ အသက်ရဲ့ အလင်းဟို ရယွေ့ ဖယ်ခါမှ မိုက်တွင် သွားလာရလိမ့်မယ် မဟုတ်” ဟု မိန့်အယ်။
“နင်လို့ဟ လောကရဲ့ အလင်းနဲ့ တူကြအယ်။ တောင်ပေါ်မှာ တည်သောမြို့ဟို ဖုံးကွယ်ယွေ့ မထားနိန်။
လူမျိုးခြားလို့အား ကိုယ်တော်ရဲ့ အလိုတော်ဟို ဖော်ပြသော အလင်းဖြစ်စေရန်နဲ့ ကိုယ်တော်ရဲ့ လူမျိုးဖြစ်သော ဣသရေလဟ ဘုန်းတော်ထွန်းလင်း လာစေရန် ဖြစ်အယ်” ဟု ကျေးဇူးတော်ဟို ချီးမွန်းအယ်။
အဲကျောန့် ယေရှုဟလည်း “အလင်းဟ နင်လို့တွင် ခဏသာ ဆိလိမ့်အယ်။ နင်လို့အား မိုက် မလွှမ်းမိုးစေရန် အလင်းဆိစဉ်အခါ သွားလာကြလော့၊ မိုက်နှိုက် သွားလာသောသူဟ မိမိဖယ်နားသွားတာဟို မသိ။
နင်လို့ဟ အလင်းရဲ့လူပဲ့သငယ်များဖြစ်စေရန် နင်လို့နှိုက် အလင်းဆိစဉ်အခါ အလင်းဟို ယုံကြည်ကြလော့” ဟု မိန့်လေအယ်။ အေးလိုမိန့်ပင်းမှ ယေရှုဟ ထွက်ကြွယွေ့ အေးသူလို့ဟို တိမ်းဆှောင်လျက် နေလေအယ်။
ငါ့ဟို ယုံကြည်သောသူလို့ဟ မိုက်နှိုက် မနေစေရန် ငါဟ အလင်းအဖြစ် ဟေလောကသို့ ကြွလာပီ။
ယေရှုဟ “ငါဟ လမ်းခရီး၊ သမ္မာတရားနဲ့ အသက် ဖြစ်အယ်။ ငါ့ဟို အမှီမပြုရင် စသူမှ ခမည်းတော်ဆေဟို မရောက်နိန်။
အပစ်စီရင်ခြင်းရဲ့ အကျောန်းအရာဟ ဟေလို ဖြစ်အယ်၊ အလင်းဟ ဟေလောကသို့ ရောက်ဆိလာအယ်၊ အဲလိုလဲ လူလို့ဟ ဆိုးယုတ်သောသူများဖြစ်သောကျောန့် အလင်းထက် မိုက်ဟို ပိုပင်း ချစ်ကြအယ်။
စသူမဆို အဲသူရဲ့ အလိုတော်ဟို ဆောင်ရွက်လိုသော ဆန္ဒဆိရင် ဟေသွန်သင်ချက်ဟ ဘုရားသခင်ဆေမှ လာသလော အဲဟာမဟုတ်ရင် ငါဟ ကိုယ့်ဆန္ဒအလျောက် ဟောပြောနေသလောဆိုတာဟို သိလိမ့်မယ်။
ငါဟ ဟေလောကနှိုက် ဆိနေစဉ် ဟေလောကရဲ့ အလင်း ဖြစ်အယ်” ဟု မိန့်အယ်။
အကျောန်းမှာ ငါလို့အား ထာဝရဘုရားဟ “ ‘ကယ်တင်ခြင်း ကျေးဇူးဟို တကမ္ဘာလုံးဆိ ရဆိစေရန် နင်လို့အား လူမျိုးခြားများအတွက် အလင်းအဖြစ် ငါ ခန့်ထားအယ်’ ဟူယွေ့ မိန့်ခဲ့အယ်” ဟု ဆိုကြအယ်။
သူလို့ ဟောပြောခဲ့လဲ့အရာမှာ မေဆှိယဟ ဝေဒနာဟို ခံရလျက် သေသောသူလို့ထဲမှ ပထမဦးဆုံး ထမြောက်ပင်း ဣသရေလူများနဲ့ လူမျိုးခြားလို့အား ကယ်တင်ခြင်း အလင်းရောင်ဟို ကြေညာလိမ့်မယ် ဖြစ်အယ်” ဟု ချေပပြောဆိုအယ်။
အေးသူလို့ဟ ခန်းခြောက်သော စမ်းယေတွင်းများ၊ မုန်တိုင်းနဲ့ လွင့်ပါသွားလဲ့ မိုးချေးသားများ ဖြစ်ကြအယ်။ သူလို့အတွက် မှောင်မည်းသော မိုက်ဟို ထိန်းသိမ်းထားလျက် ဆိအယ်။
အကျောန်းမှာ ဘုရားသခင်ဟ အပစ်လုပ်လဲ့ ခေါန်းခင်တမန်များဟို မညှာတာဘဲ ငရဲထဲဟို ပစ်ချယွေ့ မိုက်ခြင်းရဲ့ သံကြိုးဖြင့် တုတ်ချေကာ တရားစီရင်ခြင်း နေ့အထိ ထိန်းသိမ်းထားအယ်။
ငါလို့ဟ ဘုရားသခင်နဲ့ မိတ်သဟာယဖွဲ့ခြင်း ဆိအယ်ဟု ဆိုလျက်နဲ့ မိုက်နှိုက် အသက်ဆှင် ဆော့က်လှမ်းနေကြရင် ငါလို့ဟ ဝါပြောတာ ဖြစ်ယွေ့ သမ္မာတရားဟို ကျင့်သုံးနေကြတာ မဟုတ်။
မိမိလို့ အဆှက်ဟို အမြှုပ်လိုမျိုး ပေါ်စေလဲ့ ပြင်းထန်သော ပင်လယ်လှိုင်းတံပိုးများ၊ ဝေ့နေသော ကြယ်များ ဖြစ်ကြအယ်။ သူလို့အတွက် အမှောင်မိုက်ဆုံး မိုက်ဟို ထာဝရ ထိန်းသိမ်းထားလျက် ဆိအယ်။
အေးအပြင် မိမိလို့ရဲ့ မူလအခွင့်အာဏာဟို မထိန်းသိမ်းဘဲ မိမိလို့နေရာ အရပ်ဟို စွန့်ခွာသွားကြလဲ့ ခေါန်းခင်တမန်များအား တရားစီရင်ရာ နေ့ကြီးအတွက် ထာဝရ တုတ်ချေခြင်းအားဖြင့် မိုက်ခြင်းအောက်နှိုက် ထိန်းသိမ်းထားအယ်။
လူမျိုးတကာလို့ဟ အဲမြို့ရဲ့ အလင်းဟို အမှီပြုယွေ့ သွားလာကြလိမ့်မယ်။ မြေကြီးရဲ့ ဆှင်ဘုရင်လို့ဟလည်း မိမိလို့ရဲ့ ဘုန်းအသရေအား အဲမြို့ဟို ယူဆောင် လာကြလိမ့်မယ်။