4 စသူမဆို ထင်ပေါ်ကျော်ကြားလိုရင် ပစာအမှုဟိုမျှ လျှို့ဝှက်စွာ မပြုတတ်။ နင်ဟ ဟေအမှုအရာများဟို ပြုမယ်ဆိုပါဟ နင်ရဲ့အကျောန်းဟို ကမ္ဘာတခုလုံး သိအောန်ပြုမန့်” ဟု ဆိုကြအယ်။
မိမိလို့ ပြုလုပ်သမျှသောအရာလို့ဟို လူမျော်သာအောန် ပြုလုပ်တတ်ကြအယ်။ မိမိလို့နဖူးနဲ့ လက်မောင်းများပေါ်တွင် ကျမ်းစာလက်ဖွဲ့များဟို အပြားကြီးလုပ်ပင်း ဝတ်ဆင်တတ်ကြအယ်။ သူလို့ရဲ့ ဝတ်လုံအမြိတ်များဟို အဆှည် ချုပ်ထားတတ်ကြအယ်။
“နင်ဟ ဘုရားသခင်ရဲ့ သားတော် ဟုတ်ရင်၊ နင့်တတ်တိုင်း အောက်ဟို ခုန်ချပါ” ဟု သူဟ ပြောအယ်။ အကျောန်းမှာ “ ‘နင့်အတွက် ခေါန်းခင်တမန်များဟို မှာထားအယ်၊ အဲလိုမို့ နင့်ရဲ့ ခြေဟို ကျောက်နဲ့ မခိုက်မိစေရန်၊ သူလို့ လက်နဲ့ နင့်ဟို ချီမကြ လိမ့်မယ်’ ဟု ကျမ်းစာရေးထားအယ်” ဟု ပြောအယ်။
“နင်လို့ဟ အစာဆှောင်ခြင်း အကျင့်ဟို ကျင့်သောအခါ ဟန်ဆောင်တတ်သောသူလို့ လိုမျိုး မျက်နှာညှိုးငယ်ခြင်း မဆိကြနဲ့။ အဲသူလို့ဟ မိမိလို့ အစာဆှောင်တာဟို လူများလို့ဆေ့မှာ ပေါ်လွင်စေဖို့၊ မိမိလို့ရဲ့ မျက်နှာဟို ဖျက်တတ်ကြအယ်။ ငါ နင်လို့ဟို အမန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို အပြေ့အဝခံစားရကြပီ။
“နင်လို့ဟ ဆုတောင်းသောအခါ၊ သူတော်ကောင်းဟန်ဆောင်သူလို့ လိုမျိုး မပြုကြနဲ့။ အဲသူလို့ဟ လူများမျော်သာအောန် တရားဇရပ်များနဲ့ လမ်းဆုံလမ်းခွများမှာ ရပ်လျက် ဆုတောင်းခြင်းဟို နှစ်သက်ကြအယ်။ ငါ နင့်လို့ဟို အမန်အကန်ပြောတာဟ၊ အဲသူလို့ဟ မိမိလို့ အကျိုးဟို ခံရကြအယ်။
ကောင်းသောလူဟ ကောင်းတဲ့ စိတ်နေလုံး ဘဏ္ဍာတိုက်အထဲမှ ကောင်းတဲ့အရာများဟို ထုတ်ဖော်တတ်အယ်။ ဆိုးတဲ့လူဟ မကောင်းတဲ့ စိတ်နေလုံး ဘဏ္ဍာတိုက်အထဲမှ မကောင်းတဲ့အရာဟို ထုတ်ဖော်တတ်အယ်။ အကျောန်းမှာ စိတ်နေလုံးနှိုက် ပြေ့နေလဲ့အရာဟို စလောင်ဟ ပြောဆိုတတ်အယ်။
ယေရှုဟ “ငါသည် လူအပေါင်းလို့ ဆေ့တွင် အစဉ်ပွင့်လင်းစွာ ဟောပြောခဲ့အယ်၊ ယုဒအမျိုးသားအပေါင်းလို့ စုဝေးရာဖြစ်သော တရားဇရပ်များနဲ့ ဗိမာန်တော်တွင် ငါ သွန်သင်ခဲ့အယ်၊ ပစာခါမျှ လျှို့ဝှက်စွာ မပြောပီ။
ယေရှုရဲ့ ညီလို့ဟ “နင်ပြုသောအရာများဟို နင်ရဲ့ တဘဲ့များ မျော်စေရန် ဂါလိလဲပြေမှ ထွက်ခွာယွေ့ ယုဒပြေဟို သွားလော့။
သူရဲ့ ညီများဟပင် ကိုယ်တော်ဟို မယုံကြည်ကြ။