23 လူဟ မောရှေရဲ့ ပညတ်တရား မချိုးဖောက်ရန် နင်လို့ဟ အရေဖျားလှီးခြင်းဟို ခံရရင် ငါဟ ဥပုသ်နေ့နှိုက် လူတကိုယ်လုံးဟို ကျန်းမာလာစေလဲ့အတွက် ပစာကျောန့် ငါ့အား အူထော့ကြသလော။
တရားဇရပ်ထဲတွင် လက်တဖက်သေသူ လူတယောက်ဆိအယ်။ လူအချို့လို့ဟ ယေရှုဟို ပစ်တင်စွပ်စွဲလိုသောကျောန့် သူလို့ဟ ကိုယ်တော်အား “ဥပုသ်နေ့နှိုက် အနာရောဂါ ပျောက်ကင်းစေခြင်းဟ ငါလို့ရဲ့ ပညတ်တရားဟို ဆန့်ကျင်သလော” ဟု မေးဆှောက်ကြအယ်။
အဲအရာဟို ဖာရိရှဲလို့မျော်သောအခါ၊ သူလို့ဟ ယေရှုအား “ကျေ့မန့်၊ ကိုယ်တော်ရဲ့ တဘဲ့များဟ ဥပုသ်နေ့နှိုက် ပညတ်ဟို ကာပြန်ယွေ့ ပြုနေသလော” ဟု ဆိုကြအယ်။
အဲဟာမဟုတ်ရင် ဗိမာန်တော်တွင် ယဇ်ပုရောဟိတ်လို့ဟ ဥပုသ်နေ့ဆိုင်ရာ ပညတ်ဟို ချိုးဖောက်သော်လည်း အပစ်မသင့်ကျောန်း မောရှေရဲ့ပညတ်ကျမ်းတွင် မဖတ်ဝူးကြသလော။
အဲလိုမို့ ယုဒအာဏာပိုင်လို့ဟ ကျန်းမာလာသူအား “ခနေ့ဟ ဥပုသ်နေ့ ဖြစ်ယွေ့ နင့်အိပ်ယာဟို ဆောင်ယူခြင်းမှာ ငါလို့ ပညတ်တော်နဲ့ ဆန့်ကျင်နေအယ်” ဟု ဆိုအယ်။
ယေရှုဟ “ငါပြုသော နိမိတ်လက္ခဏာတခုဟို နင်လို့အားလုံးဟ အံ့ဩခြင်း ဆိကြအယ်။
ဖာရိရှဲအချို့လို့ဟ “အေးသူသည် ဥပုသ်နေ့ဟို မစောင့်ထိန်းသောကျောန့် ဘုရားသခင်ဆေမှ လာသောသူ မဟုတ်” ဟု ဆိုအယ်။ အခြားသောသူလို့ဟ “အပစ်သားဖြစ်သောသူတဦးဟ ဟေလို့သော နိမိတ်လက္ခဏာလို့ဟို စလို ပြုလုပ်နိန်မှာလဲ” ဟု ဆိုကြအယ်။ အားပင်း သူလို့ထဲတွင် ကွဲပြားခြင်း ဆိကြအယ်။