7 ရှမာရိ အမျိုးသမီးတဦးဟ ယေခပ်ရန် ရောက်ဆိလာအယ်၊ ယေရှုဟ “ငါသောက်ဖို့ ယေပေးမန့်” လို့ အေးအမျိုးသမီးဟို မိန့်လေအယ်။
အမန်အကန် နင်လို့အား ငါပြောတာဟ၊ ငါရဲ့ တဘဲ့များအနက် အသိမ်ငယ်ဆုံးသူ တစုံတယောက်အား ငါရဲ့ မျက်နှာဟို ထောက်ယွေ့ သောက်ယေတမုတ်ဟို ပေးသောသူဟ အကျိုးဟို မခံစားဘဲ မနေရ” ဟု မိန့်အယ်။
အဲအချိန်နှိုက် အမှုဆိသမျှ ပီးစီးကျောန်းဟို ယေရှု သိသဖြင့် ကျမ်းစာပြေ့စုံစေရန် ကိုယ်တော်ဟ “ငါ ယေငတ်အယ်” ဟု မိန့်လေအယ်။
ယေရှုဟ “ဘုရားသခင် ပေးလဲ့ ဆုကျေးဇူးနဲ့ နင့်အား သောက်ဖို့ ယေတောင်းနေသူဟ စသူဖြစ်တာဟို နင်သိရင် အေးသူဆေမှ အသက်ယေဟို တောင်းလိမ့်မယ်၊ အေးသူဟလည်း နင့်အား အေးယေဟို ပေးလိမ့်မယ်” ဟု မိန့်လေအယ်။
အေးအရပ်တွင် ယာကုပ်ရဲ့ ယေတွင်း ဆိအယ်၊ ယေရှုဟ ခရီးသွားယွေ့ ပင်ပန်းသဖြင့် ယေတွင်းအနီးတွင် ထိန်နေအယ်။ အေးအချိန်ကား မွန်းတည့်အချိန်ခန့် ဖြစ်အယ်။
သူ့ရဲ့ တဘဲ့တော်လို့ဟ အစားအစာဝယ်ရန် မြို့ထဲဟို သွားနေခိုက် ဖြစ်အယ်။